မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆွေးနွေးရန် ကိုယ်စားလှယ်တစ်ဦး ဘရာဇီးစေလွှတ်

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ်ဟိုဆေးမော်ရင်ဟိုကိုခန့်အပ်ရန်ပစ်မှတ်ထားလာပါတယ်။

ဘရာဇီးဟာရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီ၊ မန်စီးတီးနည်းပြဂွါဒီယိုလာတို့ကို ခန့်အပ်ရေး ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပြီးနောက်ရိုးမားနည်းပြကိုပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။

ဘရာဇီးဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာရပြီးနောက် နည်းပြတီတီရာထူးမှထွက်ခွာသွားမှုနဲ့အတူ နည်းပြသစ်ရှာဖွေနေပါတယ်။

ဘရာဇီးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးဖြစ်ခဲ့ပေမဲ့လည်းကွာတားဖိုင်နယ်တွင်ခရိုအေးရှားကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာထွက်ခဲ့ရပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအက်ဒ်နယ်ဒိုရိုဒရီဂူဟာဥရောပသို့ ကိုယ်စားလှယ်တစ်ဦးစေလွှတ်ကာကမ္ဘာ့အကောင်းဆုံးနည်းပြများကိုခန့်အပ်ရေးဆွေးနွေးစေလျက်ရှိပါတယ်။

မော်ရင်ဟိုမှာလည်းဘရာဇီးနည်းပြရာထူးအတွက်ပစ်မှတ်ထားခြင်းခံနေရတဲ့သူများစာရင်းတွင်ပါဝင်နေပါတယ်။

မီဒီယာများကဘရာဇီးရဲ့ကိုယ်စားလှယ်ဟာမော်ရင်ဟိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

ချဲလ်ဆီးနှင့်ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုဟာ၂၀၁၇ခုနှစ်တုန်းက ဘရာဇီးအသင်းကိုကိုင်တွယ်လိုကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ZawGyi

ေမာ္ရင္ဟိုကို နည္းျပသစ္အျဖစ္ ခန႔္အပ္ေရး ေဆြးေႏြးရန္ ကိုယ္စားလွယ္တစ္ဦး ဘရာဇီးေစလႊတ္

ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလက္ေ႐ြးစင္အသင္းနည္းျပသစ္အျဖစ္ဟိုေဆးေမာ္ရင္ဟိုကိုခန႔္အပ္ရန္ပစ္မွတ္ထားလာပါတယ္။

ဘရာဇီးဟာရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီ၊ မန္စီးတီးနည္းျပဂြါဒီယိုလာတို႔ကို ခန႔္အပ္ေရး ႀကိဳးပမ္းခဲ့ေပမဲ့မေအာင္ျမင္ခဲ့ၿပီးေနာက္႐ိုးမားနည္းျပကိုပစ္မွတ္ထားလာတာလည္းျဖစ္ပါတယ္။

ဘရာဇီးဟာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာရၿပီးေနာက္ နည္းျပတီတီရာထူးမွထြက္ခြာသြားမႈနဲ႔အတူ နည္းျပသစ္ရွာေဖြေနပါတယ္။

ဘရာဇီးဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္ရန္ေရပန္းအစားဆုံးျဖစ္ခဲ့ေပမဲ့လည္းကြာတားဖိုင္နယ္တြင္ခ႐ိုေအးရွားကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာထြက္ခဲ့ရပါတယ္။

ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌအက္ဒ္နယ္ဒို႐ိုဒရီဂူဟာဥေရာပသို႔ ကိုယ္စားလွယ္တစ္ဦးေစလႊတ္ကာကမာၻ႔အေကာင္းဆုံးနည္းျပမ်ားကိုခန႔္အပ္ေရးေဆြးေႏြးေစလ်က္ရွိပါတယ္။

ေမာ္ရင္ဟိုမွာလည္းဘရာဇီးနည္းျပရာထူးအတြက္ပစ္မွတ္ထားျခင္းခံေနရတဲ့သူမ်ားစာရင္းတြင္ပါဝင္ေနပါတယ္။

မီဒီယာမ်ားကဘရာဇီးရဲ႕ကိုယ္စားလွယ္ဟာေမာ္ရင္ဟိုရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္နဲ႔ေဆြးေႏြးသြားမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။

ခ်ဲလ္ဆီးႏွင့္ယူႏိုက္တက္နည္းျပေဟာင္းေမာ္ရင္ဟိုဟာ၂၀၁၇ခုႏွစ္တုန္းက ဘရာဇီးအသင္းကိုကိုင္တြယ္လိုေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။