မော်ရင်ဟိုနှင့် တွေ့ဆုံပြီးနောက် ချဲလ်ဆီးကစားသမားဘဝအဆုံးသတ်ခဲ့ပုံကို ကီဗင်ဒီဘရိုင်းဖွင့်ဟလာ

မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းကချဲလ်ဆီးတွင်ကစားစဉ်ကသူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်တဲ့စာရင်းအင်းကိုနည်းပြမော်ရင်ဟိုကပြသလာပြီးနောက်စတမ်းဖို့ဒ်ဘရစ်ချ်ကစားသမားဘဝအဆုံးသတ်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ချဲလ်ဆီးဟာကီဗင်ဒီဘရိုင်းကိုပိုင်ဆိုင်ခဲ့ဖူးပေမယ့်သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုဖော်ထုတ်အသုံးပြုနိုင်ခဲ့ခြင်းမရှိပါဘူး။

အသက်၂၉နှစ်ရှိကီဗင်ဒီဘရိုင်းက “အဲဒီတုန်းကကျွန်တော်နဲ့မော်ရင်ဟိုအကြားဆက်ဆံရေးနဲ့ပတ်သက်ပြီးသတင်း စာတွေမှာအများကြီးရေးသားခဲ့ကြပါတယ်။ဒါပေမယ့်တကယ်တမ်းမှာတော့ကျွန်တော်တို့အကြားနှစ်ကြိမ်တည်းဘဲ စကားပြောခဲ့ဖူးတာပါ။အရင်ကတည်းကကျွန်တော့်ကိုအငှားနဲ့ချထားဖို့စီစဉ်ထားခဲ့တာပါ။ဒီဇင်ဘာလမှာတုန်းက ဟိုဆေးကကျွန်တော့်ကိုသူ့ရုံးခန်းသို့ခေါ်ပါတယ်။အဲဒီဖြစ်ရပ်ကကျွန်တော့်ဘဝကိုဒုတိယအကြိမ်မြောက်အကြီးအကျယ်ပြောင်းလဲခဲ့တဲ့ဖြစ်ရပ်ပါ။သူ့ရှေ့မှာစာရွက်စာတမ်းတစ်ချို့ချထားတယ်။ပြီးတော့သူကဖန်တီးမှုတစ်ကြိမ်၊ဂိုးဇီး ရိုး၊ဘောလုံးပြန်ဆယ်မှုဆယ်ကြိမ်လို့ပြောတယ်။သူဘာကိုရည်ရွယ်တယ်ဆိုတာတစ်မိနစ်လောက်အချိန်ပေးစဉ်းစားလိုက်ရတယ်။နောက်တော့သူဟာအခြားတိုက်စစ်သမားတွေဖြစ်တဲ့ဝီလီယံ၊အော်စကာ၊မာတာ၊ရှာရေးတို့ရဲ့ မှတ်တမ်းမှတ်ရာကိုပြတယ်။၅ဂိုး၊ဖန်တီးမှု၁၀ကြိမ်စသဖြင့်ပေါ့။ဟိုဆေးကကျွန်တော့်ကိုတစ်ခုခုပြောချင်လို့ဒါတွေ ချပြနေတာ။နောက်ဆုံးကျွန်တော်ကလည်းကစားသမားအချို့က ၁၅ပွဲ၊ပွဲ၂၀ကစားထားရတာလေ၊ကျုပ်က၃ပွဲဘဲ ကစားရတာ။ဒီတော့ကွဲပြားသွားတာပေါ့။မဟုတ်လားလို့ပြောချလိုက်တယ်။ကလပ်ကကျွန်တော့်ကိုမလိုချင်တော့ ဘူး။ကျွန်တော်ကဘောလုံးပဲကစားချင်တယ်။ကျွန်တော့်ကိုရောင်းလိုက်တော့လို့ရိုးရိုးသားသားပြောလိုက်တယ်”လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာကီဗင်ဒီဘရိုင်းကို၂၀၁၂ခုနှစ်တုန်းကဂျန့်မှခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်သူဟာချဲလ်ဆီးအသင်းမှာခြောက်လတည်းသာကစားခွင့်ရရှိပြီးဝုဖ်ဘတ်သို့ရောင်းချခံခဲ့ရပါတယ်။

ဝုဖ်ဘတ်မှာခြေစွမ်းပြကစားနိုင်ခဲ့တဲ့ကီဗင်ဒီဘရိုင်းဟာမန်စီးတီးရဲ့ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခြင်းခံခဲ့ရပြီးပရီးမီးယားလိဂ်ဖလားဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းရဲ့မန်စီးတီးဟာမနေ့ညတုန်းကမြို့ခံပြိုင်ဘက်မန်ယူကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲအရပ်ရပ်မှာ၂၁ပွဲ ဆက်အနိုင်ရရှိထားတဲ့စံချိန်ရပ်တန့်သွားခဲ့ပါတယ်။

ZawGyi

ေမာ္ရင္ဟိုႏွင့္ ေတြ႕ဆုံၿပီးေနာက္ ခ်ဲလ္ဆီးကစားသမားဘဝအဆုံးသတ္ခဲ့ပုံကို ကီဗင္ဒီဘ႐ိုင္းဖြင့္ဟလာ

မန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းကခ်ဲလ္ဆီးတြင္ကစားစဥ္ကသူ႔ရဲ႕ေျခစြမ္းနဲ႔ပတ္သက္တဲ့စာရင္းအင္းကိုနည္းျပေမာ္ရင္ဟိုကျပသလာၿပီးေနာက္စတမ္းဖို႔ဒ္ဘရစ္ခ်္ကစားသမားဘဝအဆုံးသတ္ခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ခ်ဲလ္ဆီးဟာကီဗင္ဒီဘ႐ိုင္းကိုပိုင္ဆိုင္ခဲ့ဖူးေပမယ့္သူ႔ရဲ႕အေကာင္းဆုံးေျခစြမ္းကိုေဖာ္ထုတ္အသုံးျပဳႏိုင္ခဲ့ျခင္းမရွိပါဘူး။

အသက္၂၉ႏွစ္ရွိကီဗင္ဒီဘ႐ိုင္းက “အဲဒီတုန္းကကြၽန္ေတာ္နဲ႔ေမာ္ရင္ဟိုအၾကားဆက္ဆံေရးနဲ႔ပတ္သက္ၿပီးသတင္း စာေတြမွာအမ်ားႀကီးေရးသားခဲ့ၾကပါတယ္။ဒါေပမယ့္တကယ္တမ္းမွာေတာ့ကြၽန္ေတာ္တို႔အၾကားႏွစ္ႀကိမ္တည္းဘဲ စကားေျပာခဲ့ဖူးတာပါ။အရင္ကတည္းကကြၽန္ေတာ့္ကိုအငွားနဲ႔ခ်ထားဖို႔စီစဥ္ထားခဲ့တာပါ။ဒီဇင္ဘာလမွာတုန္းက ဟိုေဆးကကြၽန္ေတာ့္ကိုသူ႔႐ုံးခန္းသို႔ေခၚပါတယ္။အဲဒီျဖစ္ရပ္ကကြၽန္ေတာ့္ဘဝကိုဒုတိယအႀကိမ္ေျမာက္အႀကီးအက်ယ္ေျပာင္းလဲခဲ့တဲ့ျဖစ္ရပ္ပါ။သူ႔ေရွ႕မွာစာ႐ြက္စာတမ္းတစ္ခ်ိဳ႕ခ်ထားတယ္။ၿပီးေတာ့သူကဖန္တီးမႈတစ္ႀကိမ္၊ဂိုးဇီး ႐ိုး၊ေဘာလုံးျပန္ဆယ္မႈဆယ္ႀကိမ္လို႔ေျပာတယ္။သူဘာကိုရည္႐ြယ္တယ္ဆိုတာတစ္မိနစ္ေလာက္အခ်ိန္ေပးစဥ္းစားလိုက္ရတယ္။ေနာက္ေတာ့သူဟာအျခားတိုက္စစ္သမားေတြျဖစ္တဲ့ဝီလီယံ၊ေအာ္စကာ၊မာတာ၊ရွာေရးတို႔ရဲ႕ မွတ္တမ္းမွတ္ရာကိုျပတယ္။၅ဂိုး၊ဖန္တီးမႈ၁၀ႀကိမ္စသျဖင့္ေပါ့။ဟိုေဆးကကြၽန္ေတာ့္ကိုတစ္ခုခုေျပာခ်င္လို႔ဒါေတြ ခ်ျပေနတာ။ေနာက္ဆုံးကြၽန္ေတာ္ကလည္းကစားသမားအခ်ိဳ႕က ၁၅ပြဲ၊ပြဲ၂၀ကစားထားရတာေလ၊က်ဳပ္က၃ပြဲဘဲ ကစားရတာ။ဒီေတာ့ကြဲျပားသြားတာေပါ့။မဟုတ္လားလို႔ေျပာခ်လိုက္တယ္။ကလပ္ကကြၽန္ေတာ့္ကိုမလိုခ်င္ေတာ့ ဘူး။ကြၽန္ေတာ္ကေဘာလုံးပဲကစားခ်င္တယ္။ကြၽန္ေတာ့္ကိုေရာင္းလိုက္ေတာ့လို႔႐ိုး႐ိုးသားသားေျပာလိုက္တယ္”လို႔ ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာကီဗင္ဒီဘ႐ိုင္းကို၂၀၁၂ခုႏွစ္တုန္းကဂ်န႔္မွေခၚယူခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္သူဟာခ်ဲလ္ဆီးအသင္းမွာေျခာက္လတည္းသာကစားခြင့္ရရွိၿပီးဝုဖ္ဘတ္သို႔ေရာင္းခ်ခံခဲ့ရပါတယ္။

ဝုဖ္ဘတ္မွာေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ကီဗင္ဒီဘ႐ိုင္းဟာမန္စီးတီးရဲ႕ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူျခင္းခံခဲ့ရၿပီးပရီးမီးယားလိဂ္ဖလားဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။

ကီဗင္ဒီဘ႐ိုင္းရဲ႕မန္စီးတီးဟာမေန႔ညတုန္းကၿမိဳ႕ခံၿပိဳင္ဘက္မန္ယူကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲအရပ္ရပ္မွာ၂၁ပြဲ ဆက္အႏိုင္ရရွိထားတဲ့စံခ်ိန္ရပ္တန႔္သြားခဲ့ပါတယ္။