မော်ရင်ဟိုရဲ့ပထမဆုံးခေါ်ယူမှုအဖြစ် ဝုဗ်ဂိုးသမားပါထရီစီယိုကို ရိုးမားခေါ်ယူ

ရုဒ်ပါထရီစီယိုဟာမော်ရင်ဟိုရဲ့ရိုးမားအတွက်ပထမဆုံးခေါ်ယူမှုအဖြစ်ဝုဗ်မှပြောင်းရွှေ့လာခဲ့ပါတယ်။

 

ပေါ်တူဂီဂိုးသမားဟာပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုရှိရာသို့ပြောင်းရွှေ့ကြေးပေါင်၁၀သန်းဖြင့်ပြောင်းလာခဲ့တာဖြစ်ပါတယ်။

ပါထရီစီယိုက “ရိုးမားကကလပ်ကြီးတစ်ခုပါ။စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပါတယ်။ကျွန်တော့်ဘက်ကကလပ်ရဲ့ရည်မှန်းချက်တွေဖြစ်လာဖို့အစွမ်းကုန်ကူညီသွားပါမယ်။ဟိုဆေးမော်ရင်ဟိုကကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးပါ။သူနဲ့အလုပ်တွဲလုပ်ခွင့်ရမှာဖြစ်လို့အရမ်းစိတ်လှုပ်ရှားရပါတယ်။အသင်းကိုကူညီနိုင်ဖို့အစွမ်းကုန်လုပ်သွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ပါထရီစီယိုဟာ၂၀၁၈ခုနှစ်တွင်စပို့တင်းလစ္စဘွန်းလေ့ကျင့်ရေးကွင်းသို့ပရိသတ်များလာရောက်တိုက်ခိုက်ပြီးနောက်စပို့တင်းလစ္စဘွန်းမှထွက်ခွာကာဝုဗ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာဝုဗ်အတွက်၁၂၇ပွဲကစားခဲ့ရာ၃၇ပွဲဂိုးမပေးရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ZawGyi

ေမာ္ရင္ဟိုရဲ႕ပထမဆုံးေခၚယူမႈအျဖစ္ ဝုဗ္ဂိုးသမားပါထရီစီယိုကို ႐ိုးမားေခၚယူ

႐ုဒ္ပါထရီစီယိုဟာေမာ္ရင္ဟိုရဲ႕႐ိုးမားအတြက္ပထမဆုံးေခၚယူမႈအျဖစ္ဝုဗ္မွေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။

ေပၚတူဂီဂိုးသမားဟာေပၚတူဂီလူမ်ိဳးနည္းျပေမာ္ရင္ဟိုရွိရာသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၀သန္းျဖင့္ေျပာင္းလာခဲ့တာျဖစ္ပါတယ္။

ပါထရီစီယိုက “႐ိုးမားကကလပ္ႀကီးတစ္ခုပါ။စိန္ေခၚမႈအသစ္တစ္ခုျဖစ္ပါတယ္။ကြၽန္ေတာ့္ဘက္ကကလပ္ရဲ႕ရည္မွန္းခ်က္ေတြျဖစ္လာဖို႔အစြမ္းကုန္ကူညီသြားပါမယ္။ဟိုေဆးေမာ္ရင္ဟိုကကမာၻ႔အေကာင္းဆုံးနည္းျပေတြထဲကတစ္ဦးပါ။သူနဲ႔အလုပ္တြဲလုပ္ခြင့္ရမွာျဖစ္လို႔အရမ္းစိတ္လႈပ္ရွားရပါတယ္။အသင္းကိုကူညီႏိုင္ဖို႔အစြမ္းကုန္လုပ္သြားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ပါထရီစီယိုဟာ၂၀၁၈ခုႏွစ္တြင္စပို႔တင္းလစၥဘြန္းေလ့က်င့္ေရးကြင္းသို႔ပရိသတ္မ်ားလာေရာက္တိုက္ခိုက္ၿပီးေနာက္စပို႔တင္းလစၥဘြန္းမွထြက္ခြာကာဝုဗ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာဝုဗ္အတြက္၁၂၇ပြဲကစားခဲ့ရာ၃၇ပြဲဂိုးမေပးရေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။