မော်ရိုကိုကြောင့် ဒေါ်လာ ၁.၆ သန်းရရှိကာ နေ့ချင်းညချင်းသန်းကြွယ်သူဌေးဖြစ်သွားတဲ့ ကျောင်းဆရာ

အမေရိကန်မှကျောင်းဆရာတစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲလောင်းကြေးထပ်မှုကနေနေ့ချင်းညချင်းသန်းကြွယ်သူဌေးတစ်ဦးဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ကျောင်းဆရာတစ်ဦးဟာမော်ရိုကိုအသင်းကိုကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့ရောက်ရှိမယ်ဆိုပြီး ဩဇီဒေါ်လာ၁.၆သန်း(အမေရိကန်ဒေါ်လာ၁သန်း)လောင်းကြေးထပ်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့လောင်းကြေးထပ်မှုကမှန်ကန်သွားခဲ့ပြီးမော်ရိုကိုဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်တွင်စပိန်ကိုပင်နယ်တီဖြင့်အနိုင်ရရှိပြီးကွာတားဖိုင်နယ်အဆင့်သို့ပထမဆုံးအကြိမ်အဖြစ်တက်ရောက်နိုင်ခဲ့ပါတယ်။

Action Network ရဲ့ဖော်ပြချက်အရယင်းကျောင်းဆရာမှာနယူးယောက်တွင်နေထိုင်တဲ့အသက်၂၀ကျော်အရွယ်ကျောင်းဆရာဖြစ်ပါတယ်။သူဟာမူလတန်းကျောင်းတွင်ကလေးများကိုဘော်လီဘောသင်တန်းနည်းပြလုပ်ပေးနေသူလည်းဖြစ်ပါတယ်။

မော်ရိုကိုဟာစပိန်နှင့်ပင်နယ်တီအဆုံးအဖြတ်တွင်ဟာကီမီရဲ့အဆုံးအဖြတ်ပင်နယ်တီဖြင့်၃-၀ဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။စပိန်ဟာပင်နယ်တီတစ်လုံးမျှဝင်အောင်မကန်နိုင်ခဲ့ပါဘူး။

ယင်းကျောင်းဆရာက “ဖုန်းကိုခဏခဏဖွင့်ကြည့်တယ်။ပွဲတော့မကြည့်ဘူး။မော်ရိုကိုကစားသမားတွေရဲ့အမည်ကိုတစ်ဦးမျှတောင်မသိပါဘူး။မလိမ်ပါဘူး။ဘာလုပ်နေလဲဆိုတာကျွန်တော်သိပါတယ်။ကံဘယ်လောက်ကောင်းသလဲကံစမ်းခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

မော်ရိုကိုဟာကမ္ဘာ့ဖလားသမိုင်းတွင်ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်တဲ့ပထမဆုံးအာဖရိကအသင်းဖြစ်လာရေးအတွက်ပေါ်တူဂီကိုကျော်ဖြတ်ရပါဦးမယ်။

ZawGyi

ေမာ္႐ိုကိုေၾကာင့္ ေဒၚလာ ၁.၆ သန္းရရွိကာ ေန႔ခ်င္းညခ်င္းသန္းႂကြယ္သူေဌးျဖစ္သြားတဲ့ ေက်ာင္းဆရာ

အေမရိကန္မွေက်ာင္းဆရာတစ္ဦးဟာကမာၻ႔ဖလားၿပိဳင္ပြဲေလာင္းေၾကးထပ္မႈကေနေန႔ခ်င္းညခ်င္းသန္းႂကြယ္သူေဌးတစ္ဦးျဖစ္သြားခဲ့ၿပီျဖစ္ပါတယ္။

ေက်ာင္းဆရာတစ္ဦးဟာေမာ္႐ိုကိုအသင္းကိုကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္သို႔ေရာက္ရွိမယ္ဆိုၿပီး ဩဇီေဒၚလာ၁.၆သန္း(အေမရိကန္ေဒၚလာ၁သန္း)ေလာင္းေၾကးထပ္ခဲ့တာလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ေလာင္းေၾကးထပ္မႈကမွန္ကန္သြားခဲ့ၿပီးေမာ္႐ိုကိုဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္တြင္စပိန္ကိုပင္နယ္တီျဖင့္အႏိုင္ရရွိၿပီးကြာတားဖိုင္နယ္အဆင့္သို႔ပထမဆုံးအႀကိမ္အျဖစ္တက္ေရာက္ႏိုင္ခဲ့ပါတယ္။

Action Network ရဲ႕ေဖာ္ျပခ်က္အရယင္းေက်ာင္းဆရာမွာနယူးေယာက္တြင္ေနထိုင္တဲ့အသက္၂၀ေက်ာ္အ႐ြယ္ေက်ာင္းဆရာျဖစ္ပါတယ္။သူဟာမူလတန္းေက်ာင္းတြင္ကေလးမ်ားကိုေဘာ္လီေဘာသင္တန္းနည္းျပလုပ္ေပးေနသူလည္းျဖစ္ပါတယ္။

ေမာ္႐ိုကိုဟာစပိန္ႏွင့္ပင္နယ္တီအဆုံးအျဖတ္တြင္ဟာကီမီရဲ႕အဆုံးအျဖတ္ပင္နယ္တီျဖင့္၃-၀ျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။စပိန္ဟာပင္နယ္တီတစ္လုံးမွ်ဝင္ေအာင္မကန္ႏိုင္ခဲ့ပါဘူး။

ယင္းေက်ာင္းဆရာက “ဖုန္းကိုခဏခဏဖြင့္ၾကည့္တယ္။ပြဲေတာ့မၾကည့္ဘူး။ေမာ္႐ိုကိုကစားသမားေတြရဲ႕အမည္ကိုတစ္ဦးမွ်ေတာင္မသိပါဘူး။မလိမ္ပါဘူး။ဘာလုပ္ေနလဲဆိုတာကြၽန္ေတာ္သိပါတယ္။ကံဘယ္ေလာက္ေကာင္းသလဲကံစမ္းခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။

ေမာ္႐ိုကိုဟာကမာၻ႔ဖလားသမိုင္းတြင္ဆီမီးဖိုင္နယ္သို႔တက္ေရာက္ႏိုင္တဲ့ပထမဆုံးအာဖရိကအသင္းျဖစ္လာေရးအတြက္ေပၚတူဂီကိုေက်ာ္ျဖတ္ရပါဦးမယ္။