မော်ရိုကိုက ရွေးချယ်လာမှုကြောင့် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ဒုတိယအကြိမ်မြောက်အဖြစ် ဇီယက်ချ်ကြေညာလာ
ချဲလ်ဆီးစတားဟာကမ်ဇီယက်ချ်ဟာမော်ရိုကိုလက်ရွေးစင်အသင်းက လာမယ့်နိုင်ငံတကာပွဲစဉ်များအတွက်ရွေးချယ်လာမှုကြောင့်လက်ရွေးစင်ကစားသမားဘဝမှအနားယူကြောင်းဒုတိယအကြိမ်မြောက်အဖြစ်ကြေညာလာပါတယ်။
မော်ရိုကိုလက်ရွေးစင်အသင်းနည်းပြဗာဟစ်ဟာလီဟိုဗစ်ဟာဇီယက်ချ်ကိုပမာဏလက်ရွေးစင်အသင်းတွင်ရွေးချယ်မှုပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းချက်ချင်းပင်ဇီယက်ချ်က “ကိုယ့်နိုင်ငံကိုချစ်တယ်။မော်ရိုကိုလက်ရွေးစင်အသင်းအတွက်ကစားခဲ့ရမှုအတွက်တစ်ဘဝလုံးဂုဏ်ယူနေပါတယ်။ဒါပေမဲ့မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဥက္ကဌကပမာဏလူစာရင်းမှာထည့်သွင်းလာတဲ့အတွက်စိတ်မကောင်းစွာဘဲနောက်ထပ်ကြေညာရပါဦးမယ်။မော်ရိုကိုလက်ရွေးစင်အသင်းအတွက်ပြန်ကစားတော့မှာမဟုတ်ပါဘူး။ပရိသတ်တွေအတွက်စိတ်မကောင်းပါဘူး။အလွယ်တကူဆုံးဖြတ်တာမဟုတ်ပါဘူး။ကျွန်တော့်မှာအခြားရွေးချယ်စရာမရှိတော့ပါဘူး။ပြီးခဲ့တဲ့ခြောက်နှစ်လုံးအစွမ်းကုန်ပေးဆပ်ခဲ့တဲ့အပြင်တစ်ဘဝလုံးအားပေးလာမှာဖြစ်ပေမဲ့ကျွန်တော်နဲ့ပတ်သက်ပြီးခေါင်းဆောင်မှုအပိုင်းမှာသတင်းမှားတွေဆက်တိုက်ရနေလို့စိတ်ပျက်ရပါတယ်။ဒီလိုဖြစ်နေတဲ့အတွက်လည်းလက်ရွေးစင်အတွက်ဆက်ကစားဖို့မဖြစ်နိုင်တော့ပါဘူး။ပမာဏလူစာရင်းမှာပါဝင်လာတာသိရလို့ကျွန်တော့်နှလုံးသားထဲကစစ်မှန်တဲ့ခံစားချက်ကိုအားလုံးသိအောင်လုပ်ဆောင်လိုက်ရတာပါ။ကျွန်တော့်ကိုအားပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်။အနာဂတ်အတွက်အကောင်းဆုံးလုပ်လိုက်တာပါ။ချဲလ်ဆီးကစားသမားဘဝကိုပဲအာရုံစိုက်ပါမယ်”လို့ပြောကြားခဲ့ပါတယ်။
ဇီယက်ချ်ဟာမော်ရိုကိုနည်းပြဟာလီဟိုဗစ်နှင့်အဆင်မပြေဖြစ်ပြီးနောက် ဖေဖော်ဝါရီလတုန်းက လက်ရွေးစင်ကစားသမားဘဝမှအနားယူကြောင်းကြေညာခဲ့သူလည်းဖြစ်ပါတယ်။
ဘော့စနီးယားလူမျိုးနည်းပြဟာလီဟိုဗစ်ကိုယ်တိုင်ကလည်းဇီယက်ချ်မှာမက်ဆီဖြစ်လျှင်လည်းအသင်းအတွက်အပြည့်အဝအာရုံစိုက်မပေးဆပ်မှုကြောင့် ဘယ်တော့မှရွေးချယ်မှာမဟုတ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။
ဇီယက်ချ်ဟာမော်ရိုကိုလက်ရွေးစင်အသင်းအတွက်ပွဲ၄၀ကစားခဲ့ရာမှာ၁၇ဂိုးသွင်းယူပေးခဲ့ပါတယ်။
ZawGyi
မော်ရိုကိုက ရွေးချယ်လာမှုကြောင့် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ဒုတိယအကြိမ်မြောက်အဖြစ် ဇီယက်ခ်ျကြေညာလာ
ချဲလ်ဆီးစတားဟာကမ်ဇီယက်ခ်ျဟာမော်ရိုကိုလက်ရွေးစင်အသင်းက လာမယ့်နိုင်ငံတကာပွဲစဉ်များအတွက်ရွေးချယ်လာမှုကြောင့်လက်ရွေးစင်ကစားသမားဘဝမှအနားယူကြောင်းဒုတိယအကြိမ်မြောက်အဖြစ်ကြေညာလာပါတယ်။
မော်ရိုကိုလက်ရွေးစင်အသင်းနည်းပြဗာဟစ်ဟာလီဟိုဗစ်ဟာဇီယက်ခ်ျကိုပမာဏလက်ရွေးစင်အသင်းတွင်ရွေးချယ်မှုပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။
ဇီယက်ခ်ျဟာမော်ရိုကိုနည်းပြဟာလီဟိုဗစ်နှင့်အဆင်မပြေဖြစ်ပြီးနောက် ဖေဖော်ဝါရီလတုန်းက လက်ရွေးစင်ကစားသမားဘဝမှအနားယူကြောင်းကြေညာခဲ့သူလည်းဖြစ်ပါတယ်။
ဘော့စနီးယားလူမျိုးနည်းပြဟာလီဟိုဗစ်ကိုယ်တိုင်ကလည်းဇီယက်ခ်ျမှာမက်ဆီဖြစ်လျှင်လည်းအသင်းအတွက်အပြည့်အဝအာရုံစိုက်မပေးဆပ်မှုကြောင့် ဘယ်တော့မှရွေးချယ်မှာမဟုတ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။
ဇီယက်ခ်ျဟာမော်ရိုကိုလက်ရွေးစင်အသင်းအတွက်ပွဲ၄၀ကစားခဲ့ရာမှာ၁၇ဂိုးသွင်းယူပေးခဲ့ပါတယ်။