မော်ရိုကိုနှင့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်လည်း ခရစ္စတီယာနိုရော်နယ်ဒိုကို အရန်ခုံသို့ ပို့လာဦးမည်

ခရစ္စတီယာနိုရော်နယ်ဒိုမှာလာမယ့်မော်ရိုကိုနှင့်ရင်ဆိုင်ကစားရမယ့်ပေါ်တူဂီရဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်ပွဲထွက်ကစားခွင့်ရရှိရန်အခွင့်အရေးလုံးဝမရှိကြောင်း အင်္ဂလန်ယူ-၂၁နည်းပြဟောင်းစတူးဝပ်ပီးယာ့စ်ကပြောကြားလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းကဆွစ်ဇာလန်ကို၆-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပွဲထွက်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်ခုံမှာထိုင်ခိုင်းထားခဲ့ပြီးအသက်၂၁နှစ်ရှိတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်ကိုပွဲထွက်လူစာရင်းမှာအသုံးပြုခဲ့ပါတယ်။

ဘင်ဖီကာတိုက်စစ်မှူးဟာပေါ်တူဂီအတွက်ပထမဆုံးကစားတဲ့ပွဲမှာဘဲဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာဆွစ်ဇာလန်နှင့်ပွဲမှာအရန်ခုံမှာထိုင်နေခဲ့ရပေမဲ့လည်းမော်ရိုကိုနှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာပွဲထွက်ကစားခွင့်ရဖို့မျှော်လင့်နေပါတယ်။

ဒါပေမဲ့ ဂရိတ်ဗြိတိန်နည်းပြဟောင်းနှင့်အင်္ဂလန်ယူ-၂၁နည်းပြဟောင်းစတူးဝပ်ပီးယာ့စ်ကတော့ပေါ်တူဂီနည်းပြဆန်းတို့စ်မှာမော်ရိုကိုနှင့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်ဟက်ထရစ်ရှင်ရာမို့စ်ကိုအသုံးမပြုပါကလုံးဝမိုက်မဲတဲ့လုပ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်းဆိုသွားပါတယ်။

စတူးဝပ်ပီးယာ့စ်က”ဆန်းတို့စ်ဟာရော်နယ်ဒိုကိုပြန်သုံးစရာအကြောင်းမရှိပါဘူး။ရာမို့စ်ကဟက်ထရစ်ပူပူနွေးနွေးသွင်းထားတာပါ။သူ့ကိုမသုံးရင်လုံးဝမိုက်မဲတာပါ။သူ့အတွက်အကြီးကျယ်ဆုံးအဆင့်ကလာမယ့်အဆင့်ပါ။သူကသေချာပေါက်ပွဲထွက်ခွင့်ရလာမယ်လို့ထင်တယ်။သူ့ကိုချန်ထားခဲ့လို့မရပါဘူး။သူပါတဲ့အသင်းကပိုကောင်းနေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေမာ္႐ိုကိုႏွင့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္လည္း ခရစၥတီယာႏိုေရာ္နယ္ဒိုကို အရန္ခုံသို႔ ပို႔လာဦးမည္

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာလာမယ့္ေမာ္႐ိုကိုႏွင့္ရင္ဆိုင္ကစားရမယ့္ေပၚတူဂီရဲ႕ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္ပြဲထြက္ကစားခြင့္ရရွိရန္အခြင့္အေရးလုံးဝမရွိေၾကာင္း အဂၤလန္ယူ-၂၁နည္းျပေဟာင္းစတူးဝပ္ပီးယာ့စ္ကေျပာၾကားလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဂၤါေန႔တုန္းကဆြစ္ဇာလန္ကို၆-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပြဲထြက္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုအရန္ခုံမွာထိုင္ခိုင္းထားခဲ့ၿပီးအသက္၂၁ႏွစ္ရွိတိုက္စစ္မႉးဂြန္ကာလိုရာမို႔စ္ကိုပြဲထြက္လူစာရင္းမွာအသုံးျပဳခဲ့ပါတယ္။

ဘင္ဖီကာတိုက္စစ္မႉးဟာေပၚတူဂီအတြက္ပထမဆုံးကစားတဲ့ပြဲမွာဘဲဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆြစ္ဇာလန္ႏွင့္ပြဲမွာအရန္ခုံမွာထိုင္ေနခဲ့ရေပမဲ့လည္းေမာ္႐ိုကိုႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာပြဲထြက္ကစားခြင့္ရဖို႔ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမဲ့ ဂရိတ္ၿဗိတိန္နည္းျပေဟာင္းႏွင့္အဂၤလန္ယူ-၂၁နည္းျပေဟာင္းစတူးဝပ္ပီးယာ့စ္ကေတာ့ေပၚတူဂီနည္းျပဆန္းတို႔စ္မွာေမာ္႐ိုကိုႏွင့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္ဟက္ထရစ္ရွင္ရာမို႔စ္ကိုအသုံးမျပဳပါကလုံးဝမိုက္မဲတဲ့လုပ္ရပ္ျဖစ္လာမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

စတူးဝပ္ပီးယာ့စ္က”ဆန္းတို႔စ္ဟာေရာ္နယ္ဒိုကိုျပန္သုံးစရာအေၾကာင္းမရွိပါဘူး။ရာမို႔စ္ကဟက္ထရစ္ပူပူေႏြးေႏြးသြင္းထားတာပါ။သူ႔ကိုမသုံးရင္လုံးဝမိုက္မဲတာပါ။သူ႔အတြက္အႀကီးက်ယ္ဆုံးအဆင့္ကလာမယ့္အဆင့္ပါ။သူကေသခ်ာေပါက္ပြဲထြက္ခြင့္ရလာမယ္လို႔ထင္တယ္။သူ႔ကိုခ်န္ထားခဲ့လို႔မရပါဘူး။သူပါတဲ့အသင္းကပိုေကာင္းေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။