
မော်ရိုကိုစတားဟာကမ်ဇီယက်ချ်ဟာမော်ရိုကိုလက်ရွေးစင်အသင်းမှရရှိတဲ့ပွဲကစားကြေးငွေအားလုံးကိုတစ်ပြားမှအိတ်ထဲမထည့်ပါဘူး။
ချဲလ်ဆီးအလယ်တန်းကစားသမားဟာသူရရှိတဲ့ပွဲကစားကြေးအားလုံးကို ပရဟိတလုပ်ငန်းများနှင့်နွမ်းပါးတဲ့အသင်းဝန်ထမ်းတို့ကိုပေးနေကြောင်းသိရပါတယ်။
အသက်၂၉နှစ်ရှိဇီယက်ချ်ဟာ၂၀၁၅ခုနှစ်တုန်းကမော်ရိုကိုအတွက်ပထမဆုံးပွဲကစားပြီးနောက်ထိုစဉ်ကတည်းကပွဲကစားကြေးငွေတစ်ပြားမျှမရယူဘဲလှူဒါန်းလာခဲ့တာဖြစ်ပါတယ်။
သူဟာမော်ရိုကိုကိုကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးထားနိုင်မှုကြောင့်ရရှိလာမဲ့ပေါင်၂၆၂၀၀၀ကိုလည်း မော်ရိုကိုမှနွမ်းပါးတဲ့မိသားစုဝင်များကိုလှူဒါန်းသွားပါဦးမယ်။
ဒါ့အပြင်ဇီယက်ချ်ဟာမော်ရိုကိုအသင်းတွင်ရွေးချယ်ခံရတိုင်း လေယာဉ်စင်းလုံးငှားကာကစားဖော်အချို့တို့နဲ့အတူသွားရောက်လေ့ရှိပါတယ်။
ဇီယက်ချ်ဟာမော်ရိုကိုမှအပျော်တမ်းကလပ်များနှင့်ဆေးရုံများအတွက်လည်းမကြာခဏငွေလှူဒါန်းလေ့ရှိပါတယ်။
ဇီယက်ချ်ရဲ့မော်ရိုကိုဟာမနေ့ညတုန်းကပြင်သစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်စနေနေ့တွင်တတိယနေရာလုပွဲအဖြစ်ခရိုအေးရှားနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
မော်ရိုကိုအတွက် ပွဲကစားကြေးငွေအားလုံးကို အသင်းဝန်ထမ်းနှင့်နွမ်းပါးတဲ့မိသားစုတွေကို လှူဒါန်းနေတဲ့ ဇီယက်ခ်ျ
မော်ရိုကိုစတားဟာကမ်ဇီယက်ခ်ျဟာမော်ရိုကိုလက်ရွေးစင်အသင်းမှရရှိတဲ့ပွဲကစားကြေးငွေအားလုံးကိုတစ်ပြားမှအိတ်ထဲမထည့်ပါဘူး။
အသက်၂၉နှစ်ရှိဇီယက်ခ်ျဟာ၂၀၁၅ခုနှစ်တုန်းကမော်ရိုကိုအတွက်ပထမဆုံးပွဲကစားပြီးနောက်ထိုစဉ်ကတည်းကပွဲကစားကြေးငွေတစ်ပြားမျှမရယူဘဲလှူဒါန်းလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ဇီယက်ခ်ျဟာမော်ရိုကိုအသင်းတွင်ရွေးချယ်ခံရတိုင်း လေယာဉ်စင်းလုံးငှားကာကစားဖော်အချို့တို့နဲ့အတူသွားရောက်လေ့ရှိပါတယ်။
ဇီယက်ခ်ျဟာမော်ရိုကိုမှအပျော်တမ်းကလပ်များနှင့်ဆေးရုံများအတွက်လည်းမကြာခဏငွေလှူဒါန်းလေ့ရှိပါတယ်။
ဇီယက်ခ်ျရဲ့မော်ရိုကိုဟာမနေ့ညတုန်းကပြင်သစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်စနေနေ့တွင်တတိယနေရာလုပွဲအဖြစ်ခရိုအေးရှားနှင့်ရင်ဆိုင်ကစားရပါမယ်။