
ပေါ်တူဂီရဲ့ဝါရင့်စစ်သည်တော်ပီပီဟာမော်ရိုကိုအားရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုလက်ကျိုးဖြင့်ကစားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ပီပီဟာပေါ်တူဂီရဲ့ရှုံးထွက်အဆင့်ပွဲစဉ်များတွင်ခရစ္စတီယာနိုရော်နယ်ဒို အရန်ခုံသို့အပို့ခံထားရမှုနှင့်အတူ ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ်ကစားခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့မော်ရိုကိုဟာပေါ်တူဂီကိုကွာတားဖိုင်နယ်တွင်၁-၀ဂိုးဖြင့်အနိုင်ယူပြီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့တဲ့ပထမဆုံးအာဖရိကအသင်းဖြစ်လာခဲ့ပါတယ်။
ပီပီဟာမော်ရိုကိုနှင့်ပွဲစဉ်ကို လက်ကျိုးဖြင့်ကစားခဲ့တာဖြစ်ပါတယ်။ပီပီဟာဒိုဟာဆေးရုံတစ်ခုတွင်ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ရာဘယ်ဖက်လက်မောင်းရိုးအက်နေကြောင်းတွေ့ရှိခဲ့ရပါတယ်။
ဒါပေမဲ့လက်မောင်းရိုးကျိုးမှုကသူ့ကိုပွဲကစားမှုကမရပ်တန့်နိုင်ခဲ့ပါဘူး။သူဟာယင်းပွဲကိုပွဲချိန်ပြည့်ကစားသွားခဲ့ပါတယ်။
ပေါ်တူဂီကိုအနိုင်ယူခဲ့တဲ့မော်ရိုကိုဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာလက်ရှိချန်ပီယံပြင်သစ်နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ေမာ္႐ိုကိုအား ရႈံးနိမ့္တဲ့ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲကို လက္က်ိဳးျဖင့္ ကစားခဲ့တဲ့ ေပၚတူဂီစတားပီပီ
ေပၚတူဂီရဲ႕ဝါရင့္စစ္သည္ေတာ္ပီပီဟာေမာ္႐ိုကိုအားရႈံးနိမ့္တဲ့ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္ကိုလက္က်ိဳးျဖင့္ကစားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
ပီပီဟာေပၚတူဂီရဲ႕ရႈံးထြက္အဆင့္ပြဲစဥ္မ်ားတြင္ခရစၥတီယာႏိုေရာ္နယ္ဒို အရန္ခုံသို႔အပို႔ခံထားရမႈႏွင့္အတူ ေပၚတူဂီအသင္းေခါင္းေဆာင္အျဖစ္ကစားခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ေမာ္႐ိုကိုဟာေပၚတူဂီကိုကြာတားဖိုင္နယ္တြင္၁-၀ဂိုးျဖင့္အႏိုင္ယူၿပီးကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့တဲ့ပထမဆုံးအာဖရိကအသင္းျဖစ္လာခဲ့ပါတယ္။
ပီပီဟာေမာ္႐ိုကိုႏွင့္ပြဲစဥ္ကို လက္က်ိဳးျဖင့္ကစားခဲ့တာျဖစ္ပါတယ္။ပီပီဟာဒိုဟာေဆး႐ုံတစ္ခုတြင္ေဆးစစ္ေဆးမႈျပဳလုပ္ခဲ့ရာဘယ္ဖက္လက္ေမာင္း႐ိုးအက္ေနေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။
ဒါေပမဲ့လက္ေမာင္း႐ိုးက်ိဳးမႈကသူ႔ကိုပြဲကစားမႈကမရပ္တန႔္ႏိုင္ခဲ့ပါဘူး။သူဟာယင္းပြဲကိုပြဲခ်ိန္ျပည့္ကစားသြားခဲ့ပါတယ္။
ေပၚတူဂီကိုအႏိုင္ယူခဲ့တဲ့ေမာ္႐ိုကိုဟာကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာလက္ရွိခ်န္ပီယံျပင္သစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။