မော်ရိုအိုင်ကာဒီနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဝန်ဒါနာရာ ကြေညာလာ

ဝန်ဒါနာရာကဂါလာတာစာရေးစတားမော်ရိုအိုင်ကာဒီနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာလာခဲ့ပြီဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက လမ်းခွဲရမယ့်အရေးနှင့်ကြုံခဲ့ကြရတာလည်းဖြစ်ပါတယ်။

ယင်းတုန်းကအိုင်ကာဒီဟာဇနီးသည်ဝန်ဒါနာရာရှိရာပဲရစ်သို့စင်းလုံးငှားလေယာဉ်ဖြင့်လိုက်ပြီးချော့မော့တောင်းပန်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းကအိုင်ကာဒီဟာအာဂျင်တီးနားမင်းသမီးချိုင်းနားနှင့်ဖောက်ပြန်တယ်လို့အကြီးအကျယ်သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့ ဝန်ဒါရာနာက အိုင်ကာဒီနှင့်ကိုးနှစ်ကြာအိမ်ထောင်ရေးအဆုံးသတ်သွားပြီဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

ဝန်ဒါနာရာဟာအိုင်ကာဒီနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းအတည်ပြုလာပေမဲ့ ဘယ်လိုအကြောင်းရင်းကြောင့်လမ်းခွဲလိုက်ရသလဲဆိုတာကိုတော့ဖွင့်ဟလာခြင်းမရှိပါဘူး။

သူမက “ဒီလိုအချိန်မှာ ရှင်သန်ရတာ ကျွန်မ အရမ်းနာကျင်ရတယ်။ဒါပေမဲ့ကျွန်မကိုယ်တိုင်ပြောလိုက်တာရင် အကြောင်းအရာတွေကပြောင်းလဲနေမယ်။မီဒီယာတွေရဲ့ကောလာဟလတွေလည်းအဆုံးသတ်လာမယ်။ဒီတော့ ကျွန်မဆီကသိတာကအကောင်းဆုံးလို့ထင်လို့ဖွင့်ချလာတာပါ။ဘာမှရှင်းလင်းနေစရာမလိုပါဘူး။ဒီနဲ့ပတ်သက်ပြီးဘာအချက်အလက်အသေးစိတ်မှပေးမှာမဟုတ်ပါဘူး။ကျေးဇူးပြုပြီးကျွန်မအတွက်သာမကကျွန်မတို့ရဲ့ကလေးတွေအတွက်ပါနားလည်ပေးကြပါလို့ပြောချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဝန်ဒါနာရာဟာအိုင်ကာဒီနှင့်လမ်းခွဲလိုက်ပြီဖြစ်ပေမဲ့ခင်ပွန်းဟောင်းဖြစ်သူရဲ့အေးဂျင့်အဖြစ်လုပ်ဆောင်နေတုန်းလို့ယူဆရပါတယ်။

သူမဟာယခုအစောပိုင်းတုန်းကအိုင်ကာဒီရဲ့ပီအက်စ်ဂျီမှဂါလာတစာရေးသို့အပြောင်းအရွှေ့တွင်ကိုယ်တိုင်လိုက်ပါလုပ်ဆောင်ခဲ့တဲ့အပြင် မိတ်ဆက်ပွဲသို့လည်းတက်ရောက်ခဲ့ပါသေးတယ်။

၎င်းတို့နှစ်ဦးတွင်၇နှစ်အရွယ်ရှိဖရန်စီကာ၊၅နှစ်အရွယ်အစ္စဘယ်လာဆိုပြီးသားသမီးနှစ်ဦးပိုင်ဆိုင်ထားပါတယ်။

ZawGyi

ေမာ္႐ိုအိုင္ကာဒီႏွင့္ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း ဝန္ဒါနာရာ ေၾကညာလာ

ဝန္ဒါနာရာကဂါလာတာစာေရးစတားေမာ္႐ိုအိုင္ကာဒီႏွင့္လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းတရားဝင္ေၾကညာလာခဲ့ၿပီျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလကတည္းက လမ္းခြဲရမယ့္အေရးႏွင့္ႀကဳံခဲ့ၾကရတာလည္းျဖစ္ပါတယ္။

ယင္းတုန္းကအိုင္ကာဒီဟာဇနီးသည္ဝန္ဒါနာရာရွိရာပဲရစ္သို႔စင္းလုံးငွားေလယာဥ္ျဖင့္လိုက္ၿပီးေခ်ာ့ေမာ့ေတာင္းပန္ခဲ့ရတဲ့အထိျဖစ္ခဲ့ပါတယ္။

အဲဒီတုန္းကအိုင္ကာဒီဟာအာဂ်င္တီးနားမင္းသမီးခ်ိဳင္းနားႏွင့္ေဖာက္ျပန္တယ္လို႔အႀကီးအက်ယ္သတင္းထြက္ခဲ့ပါတယ္။

ဒါေပမဲ့ယခုအခါမွာေတာ့ ဝန္ဒါရာနာက အိုင္ကာဒီႏွင့္ကိုးႏွစ္ၾကာအိမ္ေထာင္ေရးအဆုံးသတ္သြားၿပီျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

ဝန္ဒါနာရာဟာအိုင္ကာဒီႏွင့္လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းအတည္ျပဳလာေပမဲ့ ဘယ္လိုအေၾကာင္းရင္းေၾကာင့္လမ္းခြဲလိုက္ရသလဲဆိုတာကိုေတာ့ဖြင့္ဟလာျခင္းမရွိပါဘူး။

သူမက “ဒီလိုအခ်ိန္မွာ ရွင္သန္ရတာ ကြၽန္မ အရမ္းနာက်င္ရတယ္။ဒါေပမဲ့ကြၽန္မကိုယ္တိုင္ေျပာလိုက္တာရင္ အေၾကာင္းအရာေတြကေျပာင္းလဲေနမယ္။မီဒီယာေတြရဲ႕ေကာလာဟလေတြလည္းအဆုံးသတ္လာမယ္။ဒီေတာ့ ကြၽန္မဆီကသိတာကအေကာင္းဆုံးလို႔ထင္လို႔ဖြင့္ခ်လာတာပါ။ဘာမွရွင္းလင္းေနစရာမလိုပါဘူး။ဒီနဲ႔ပတ္သက္ၿပီးဘာအခ်က္အလက္အေသးစိတ္မွေပးမွာမဟုတ္ပါဘူး။ေက်းဇူးျပဳၿပီးကြၽန္မအတြက္သာမကကြၽန္မတို႔ရဲ႕ကေလးေတြအတြက္ပါနားလည္ေပးၾကပါလို႔ေျပာခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဝန္ဒါနာရာဟာအိုင္ကာဒီႏွင့္လမ္းခြဲလိုက္ၿပီျဖစ္ေပမဲ့ခင္ပြန္းေဟာင္းျဖစ္သူရဲ႕ေအးဂ်င့္အျဖစ္လုပ္ေဆာင္ေနတုန္းလို႔ယူဆရပါတယ္။

သူမဟာယခုအေစာပိုင္းတုန္းကအိုင္ကာဒီရဲ႕ပီအက္စ္ဂ်ီမွဂါလာတစာေရးသို႔အေျပာင္းအေ႐ႊ႕တြင္ကိုယ္တိုင္လိုက္ပါလုပ္ေဆာင္ခဲ့တဲ့အျပင္ မိတ္ဆက္ပြဲသို႔လည္းတက္ေရာက္ခဲ့ပါေသးတယ္။

၎တို႔ႏွစ္ဦးတြင္၇ႏွစ္အ႐ြယ္ရွိဖရန္စီကာ၊၅ႏွစ္အ႐ြယ္အစၥဘယ္လာဆိုၿပီးသားသမီးႏွစ္ဦးပိုင္ဆိုင္ထားပါတယ္။