မဲလ်ဘုန်းရရှိသွားတဲ့ ဂိုးနဲ့ပတ်သက်ပြီး ယူနိုက်တက်ခံစစ်မှာ ကစဉ့်ကလျားနိုင်လှကြောင်း အဲရစ်တန်ဟက်ဝေဖန်

အဲရစ်တန်ဟက်ဟာသောကြာနေ့တုန်းကမဲလ်ဘုန်းဗစ်တိုးရီးကိုအနိုင်ရရှိတဲ့ပွဲစဉ်မှမန်ချက်စတာယူနိုက်တက်ရဲ့ခံစစ်ကစားပုံမှာအစီအစဉ်မကျကစဉ့်ကလျားနိုင်လှကြောင်း အပြင်းအထန်ဝေဖန်ပြောကြားလာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာမနေ့ညတုန်းကဩစတြေးလျတွင်မဲလ်ဘုန်းဗစ်တိုးရီးယားနှင့်ခြေစမ်းပွဲကစားခဲ့ရာ၄-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ပွဲအစ၅မိနစ်မှာတင်ခရစ်အိုင်ကိုနိုမီဒစ်က Goal Kick မှ စတင်ပြီးရွှေ့လျားမှုမှတဆင့်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းဂိုးမှာလုခ်ရှောရှေ့သို့အလွန်အကျွံတက်နေမှု၊မက်ဂွိုင်းယားနှင့်လင်ဒီလော့ဖ်တို့နှေးကွေးနေမှုတို့ကြောင့်ပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာလီဗာပူးကို၄-၀ဖြင့်အနိုင်ရရှိတဲ့ပွဲတွင်မပါဝင်နိုင်ခဲ့တဲ့ အဲရစ်တန်ဟက်လက်ထက်ပထမဆုံးပွဲအဖြစ်မဲလ်ဘုန်းဗစ်တိုးရီးနှင့်ပွဲတွင်ပါဝင်ခဲ့ပါတယ်။

အဲရစ်တန်ဟက်က “ကျွန်တော်သိတယ်။တစ်ဦးချင်းအမှားထောက်မပြချင်တယ်။အသင်းလိုက်မှားတာ။ရှေ့သို့အလွန်အကျွံတက်တယ်။ရွေးချယ်မှုမှားတယ်။နောက်တော့အစီအစဉ်မကျကစဉ့်ကလျားနိုင်တဲ့ဖဲလိုပါပဲ။တစ်ဦးချင်းအမှားကြောင့်မဟုတ်ဘူး။တစ်သင်းလုံးမှားနေတာ”လို့ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာဂိုးစောစောစီးစီးပေးခဲ့ရပေမဲ့လည်းပထမပိုင်းမှာတင်စကော့မက်တိုမီနေးနှင့်မာရှယ်တို့ကဂိုးသွင်းယူခဲ့လို့ ၂-၁ဖြင့်အနိုင်ရနေခဲ့ပါတယ်။ယင်းနောက်ဒုတိယပိုင်းတွင်ရက်ဖို့ဒ်နဲ့လူကွန်ကူတို့ရဲ့OG ဂိုးကြောင့် ၄-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာလာမယ့်အင်္ဂါနေ့တွင်ဩစတြေးလျတွင်ပင်ပရီးမီးယားလိဂ်ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်နှင့်ခြေစမ်းပွဲကစားသွားပါမယ်။

ZawGyi

မဲလ္ဘုန္းရရွိသြားတဲ့ ဂိုးနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္ခံစစ္မွာ ကစဥ့္ကလ်ားႏိုင္လွေၾကာင္း အဲရစ္တန္ဟက္ေဝဖန္

အဲရစ္တန္ဟက္ဟာေသာၾကာေန႔တုန္းကမဲလ္ဘုန္းဗစ္တိုးရီးကိုအႏိုင္ရရွိတဲ့ပြဲစဥ္မွမန္ခ်က္စတာယူႏိုက္တက္ရဲ႕ခံစစ္ကစားပုံမွာအစီအစဥ္မက်ကစဥ့္ကလ်ားႏိုင္လွေၾကာင္း အျပင္းအထန္ေဝဖန္ေျပာၾကားလာပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာမေန႔ညတုန္းကဩစေၾတးလ်တြင္မဲလ္ဘုန္းဗစ္တိုးရီးယားႏွင့္ေျခစမ္းပြဲကစားခဲ့ရာ၄-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ပြဲအစ၅မိနစ္မွာတင္ခရစ္အိုင္ကိုႏိုမီဒစ္က Goal Kick မွ စတင္ၿပီးေ႐ႊ႕လ်ားမႈမွတဆင့္ဂိုးသြင္းယူခဲ့ပါတယ္။ယင္းဂိုးမွာလုခ္ေရွာေရွ႕သို႔အလြန္အကြၽံတက္ေနမႈ၊မက္ဂြိဳင္းယားႏွင့္လင္ဒီေလာ့ဖ္တို႔ေႏွးေကြးေနမႈတို႔ေၾကာင့္ေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားဟာလီဗာပူးကို၄-၀ျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္မပါဝင္ႏိုင္ခဲ့တဲ့ အဲရစ္တန္ဟက္လက္ထက္ပထမဆုံးပြဲအျဖစ္မဲလ္ဘုန္းဗစ္တိုးရီးႏွင့္ပြဲတြင္ပါဝင္ခဲ့ပါတယ္။

အဲရစ္တန္ဟက္က “ကြၽန္ေတာ္သိတယ္။တစ္ဦးခ်င္းအမွားေထာက္မျပခ်င္တယ္။အသင္းလိုက္မွားတာ။ေရွ႕သို႔အလြန္အကြၽံတက္တယ္။ေ႐ြးခ်ယ္မႈမွားတယ္။ေနာက္ေတာ့အစီအစဥ္မက်ကစဥ့္ကလ်ားႏိုင္တဲ့ဖဲလိုပါပဲ။တစ္ဦးခ်င္းအမွားေၾကာင့္မဟုတ္ဘူး။တစ္သင္းလုံးမွားေနတာ”လို႔ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္ဟာဂိုးေစာေစာစီးစီးေပးခဲ့ရေပမဲ့လည္းပထမပိုင္းမွာတင္စေကာ့မက္တိုမီေနးႏွင့္မာရွယ္တို႔ကဂိုးသြင္းယူခဲ့လို႔ ၂-၁ျဖင့္အႏိုင္ရေနခဲ့ပါတယ္။ယင္းေနာက္ဒုတိယပိုင္းတြင္ရက္ဖို႔ဒ္နဲ႔လူကြန္ကူတို႔ရဲ႕OG ဂိုးေၾကာင့္ ၄-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယူႏိုက္တက္ဟာလာမယ့္အဂၤါေန႔တြင္ဩစေၾတးလ်တြင္ပင္ပရီးမီးယားလိဂ္ၿပိဳင္ဘက္ခရစၥတယ္ပဲေလ့စ္ႏွင့္ေျခစမ္းပြဲကစားသြားပါမယ္။