မျက်ခုံးအရိုးအက်ဒဏ်ရာရရှိနေပေမဲ့ ကမ္ဘာ့ဖလားတွင် ပါဝင်လာမည်ဟု ဆန်ဟောင်မင်အတည်ပြုလာ

ဆန်ဟောင်မင်က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်တောင်ကိုရီးယားအတွက်ပါဝင်ကစားလာမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။စပါးစ်တိုက်စစ်သမားဟာပြီးခဲ့တဲ့အပတ်တုန်းကမာဆေးလ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်မျက်ခုံးရိုးအက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆန်ဟောင်မင်ဟာဘယ်ဖက်မျက်ခုံးရိုးအက်ဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။သူဟာမျက်ခုံးရိုးအက်ဒဏ်ရာကြောင့်လီဗာပူးကိုရှုံးနိမ့်တဲ့ပရီးမီးယားလိဂ်ပွဲစဉ်နှင့်နော်တင်ဟမ်ဖောရက်စ်ကိုရှုံးနိမ့်တဲ့ခါရာဘောင်ဖလားပွဲစဉ်တို့ကိုလွဲချော်ထားပြီးဖြစ်ပါတယ်။

သူဟာစနေနေ့တွင်လိဒ်ယူနိုက်တက်ကိုဧည့်ခံကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်းလွဲချော်လာဦးမှာဖြစ်ပါတယ်။

ဒါပေမဲ့ဆန်ဟောင်မင်ကကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်တောင်ကိုရီးယားအတွက်ပါဝင်ကစားလာမှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

တောင်ကိုရိးယားဟာသောကြာနေ့တွင် အိုက်စလန်နှင့်ခြေစမ်းပွဲကစားသွားမှာဖြစ်ပြီးနိုဝင်ဘာလ၂၄ရက်နေ့တွင်ဥရုဂွေးနှင့်အုပ်စုအဖွင့်ပွဲကစားရပါမယ်။ပြီးလျှင်တောင်ကိုရီးယားဟာပေါ်တူဂီ၊ဂါနာတို့နှင့်ရင်ဆိုင်ကစားရပါမယ်။

စပါးစ်စတားဟာတောင်ကိုရီးယားနှင့်အတူကမ္ဘာ့ဖလားနှစ်ကြိမ်ကစားထားသူဖြစ်ပြီး၂၀၁၈ကမ္ဘာ့ဖလားတုန်းကဂျာမနီကိုမထင်မှတ်ဘဲအနိုင်ရတဲ့ပွဲတွင် အမှတ်ရစရာဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

မ်က္ခုံးအ႐ိုးအက္ဒဏ္ရာရရွိေနေပမဲ့ ကမာၻ႔ဖလားတြင္ ပါဝင္လာမည္ဟု ဆန္ေဟာင္မင္အတည္ျပဳလာ

ဆန္ေဟာင္မင္က ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေတာင္ကိုရီးယားအတြက္ပါဝင္ကစားလာမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။စပါးစ္တိုက္စစ္သမားဟာၿပီးခဲ့တဲ့အပတ္တုန္းကမာေဆးလ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္တြင္မ်က္ခုံး႐ိုးအက္ဒဏ္ရာရရွိခဲ့ပါတယ္။

ဆန္ေဟာင္မင္ဟာဘယ္ဖက္မ်က္ခုံး႐ိုးအက္ဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။သူဟာမ်က္ခုံး႐ိုးအက္ဒဏ္ရာေၾကာင့္လီဗာပူးကိုရႈံးနိမ့္တဲ့ပရီးမီးယားလိဂ္ပြဲစဥ္ႏွင့္ေနာ္တင္ဟမ္ေဖာရက္စ္ကိုရႈံးနိမ့္တဲ့ခါရာေဘာင္ဖလားပြဲစဥ္တို႔ကိုလြဲေခ်ာ္ထားၿပီးျဖစ္ပါတယ္။

သူဟာစေနေန႔တြင္လိဒ္ယူႏိုက္တက္ကိုဧည့္ခံကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုလည္းလြဲေခ်ာ္လာဦးမွာျဖစ္ပါတယ္။

ဒါေပမဲ့ဆန္ေဟာင္မင္ကကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေတာင္ကိုရီးယားအတြက္ပါဝင္ကစားလာမွာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

ေတာင္ကိုရိးယားဟာေသာၾကာေန႔တြင္ အိုက္စလန္ႏွင့္ေျခစမ္းပြဲကစားသြားမွာျဖစ္ၿပီးႏိုဝင္ဘာလ၂၄ရက္ေန႔တြင္ဥ႐ုေဂြးႏွင့္အုပ္စုအဖြင့္ပြဲကစားရပါမယ္။ၿပီးလွ်င္ေတာင္ကိုရီးယားဟာေပၚတူဂီ၊ဂါနာတို႔ႏွင့္ရင္ဆိုင္ကစားရပါမယ္။

စပါးစ္စတားဟာေတာင္ကိုရီးယားႏွင့္အတူကမာၻ႔ဖလားႏွစ္ႀကိမ္ကစားထားသူျဖစ္ၿပီး၂၀၁၈ကမာၻ႔ဖလားတုန္းကဂ်ာမနီကိုမထင္မွတ္ဘဲအႏိုင္ရတဲ့ပြဲတြင္ အမွတ္ရစရာဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။