မျက်နှာကို ပလတ်စတစ်ဆာဂျေရီ လုပ်ခဲ့ရတဲ့ ဝက်စ်ဟမ်းစတားဆူချက်

သောမတ်စ်ဆူချက်ဟာအဲဗာတန်ကိုဝက်စ်ဟမ်းကအနိုင်ရရှိတဲ့ပွဲစဉ်မှာရရှိခဲ့တဲ့မျက်နှာပြတ်ရှဒဏ်ရာအားပလတ်စတစ်ဆာဂျေရီလုပ်ကာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကြောင်းသိရပါတယ်။

ချက်လက်ရွေးစင်အလယ်တန်းကစားသမားဟာအဲဗာတန်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာအဲဗာတန်တိုက်စစ်မှူးရွန်ဒွန်ရဲ့ဖိနပ်ဖြင့်မျက်နှာကိုမတော်တဆခြစ်မှုမိကြောင့်လူစားလဲခဲ့ရပါတယ်။

သူဟာမျက်နှာပြတ်ရှဒဏ်ရာကိုသုံးချက်ချုပ်ခဲ့ရပါတယ်။ယခုအခါသူဟာမျက်နှာပြတ်ရှဒဏ်ရာမကျန်ရစ်အောင်အတွက်မျက်နှာအားပလတ်စတစ်ဆာဂျေရီခွဲစိတ်ကုသမှုပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။

သူဟာယနေ့ညတွင်ဂျန့်နှင့်ရင်ဆိုင်ကစားရမယ့်ဝက်စ်ဟမ်းအသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်မှာပါဝင်လာဖို့ရှိနေပါတယ်။

ZawGyi




