မျက်နှာအကန်ခံရပြီးငါးချက်ချုပ်ခဲ့ရတဲ့ ဂိုးသမား

ဘရာဇီးဂိုးသမားဒေါက်ကလပ်ဟာမျက်နှာပြင်ကိုအပြင်းအထန်အကန်ခံခဲ့ရကာငါးချက်တိတိချုပ်ခဲ့ရကြောင်းသိရပါတယ်။

ဘာဟီယာဂိုးသမားဟာတနင်္ဂနွေနေ့တုန်းကဗာစကိုဒဂါးမားနှင့်ဘရာဇီးလိဂ်ပွဲစဉ်မှာဖရီးကစ်ကိုကာကွယ်ရန်ကြိုးပမ်းစဉ်မျက်နှာကိုအကန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဖရီးကစ်မှဘောလုံးကိုကာကွယ်ရန်နှင့်ဂိုးသွင်းရန်ကြိုးပမ်းသူများအကြားရှုပ်ထွေးနေစဉ်ဗာစကိုဒဂါးမားတိုက်စစ်မှူးလီယန်ဒရိုကာစတန်ကခေါင်းမြှောက်ကာဂိုးသွင်းရန်ကြိုးပမ်းခဲ့ပါတယ်။

ဒေါက်ကလပ်ကလည်းဘောလုံးကိုပုတ်ထုတ်ရန်ကြိုးပမ်းခဲ့ရာမှာကာစတန်ရဲ့ကန်ချက်ကမျက်နှာကိုထိထိမိမိ ထိသွားခဲ့တာဖြစ်ပြီးဘောလုံးကလည်းဂိုးဝင်သွားခဲ့ပါတယ်။

ဓာတ်ပုံဆရာကလည်းအထက်ပါအဖြစ်အပျက်ကိုမိမိရရရိုက်ကူးလိုက်နိုင်ခဲ့ပါတယ်။

ဒေါက်ကလပ်ဟာကာစတန်ရဲ့ကန်ချက်ကြောင့်ကွင်းမှာလဲကျနေခဲ့ပြီးဘာဟီယာကစားသမားများကဒိုင်လူကြီးကို စောဒကတက်ခဲ့ပါတယ်။ဒိုင်လူကြီးဟာVARဖြင့်ပြန်လည်စစ်ဆေးမှုပြုလုပ်ကာဂိုးကိုခွင့်မပြုခဲ့သလိုကာစတန်ကို လည်းကြမ်းတမ်းတဲ့ကစားပုံကြောင့်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ဒေါက်ကလပ်ဟာမျက်နှာမှာဒဏ်ရာအပြင်းအထန်ရရှိပြီးနောက်ချက်ချင်းပင်လူစားလဲခဲ့ရပြီးဆေးရုံသို့ပို့ခဲ့ရကာ မျက်နှာကိုငါးချက်ချုပ်ခဲ့ရပါတယ်။

ဘာဟီယာနှင့်ဗာစကိုဒဂါးမားပွဲကလည်းဂိုးမရှိသရေဖြင့်အဆုံးသတ်သွားပါတယ်။

ZawGyi

မ်က္ႏွာအကန္ခံရၿပီးငါးခ်က္ခ်ဳပ္ခဲ့ရတဲ့ ဂိုးသမား

ဘရာဇီးဂိုးသမားေဒါက္ကလပ္ဟာမ်က္ႏွာျပင္ကိုအျပင္းအထန္အကန္ခံခဲ့ရကာငါးခ်က္တိတိခ်ဳပ္ခဲ့ရေၾကာင္းသိရပါတယ္။

ဘာဟီယာဂိုးသမားဟာတနဂၤေႏြေန႔တုန္းကဗာစကိုဒဂါးမားႏွင့္ဘရာဇီးလိဂ္ပြဲစဥ္မွာဖရီးကစ္ကိုကာကြယ္ရန္ႀကိဳးပမ္းစဥ္မ်က္ႏွာကိုအကန္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဖရီးကစ္မွေဘာလုံးကိုကာကြယ္ရန္ႏွင့္ဂိုးသြင္းရန္ႀကိဳးပမ္းသူမ်ားအၾကားရႈပ္ေထြးေနစဥ္ဗာစကိုဒဂါးမားတိုက္စစ္မႉးလီယန္ဒ႐ိုကာစတန္ကေခါင္းေျမႇာက္ကာဂိုးသြင္းရန္ႀကိဳးပမ္းခဲ့ပါတယ္။

ေဒါက္ကလပ္ကလည္းေဘာလုံးကိုပုတ္ထုတ္ရန္ႀကိဳးပမ္းခဲ့ရာမွာကာစတန္ရဲ႕ကန္ခ်က္ကမ်က္ႏွာကိုထိထိမိမိ ထိသြားခဲ့တာျဖစ္ၿပီးေဘာလုံးကလည္းဂိုးဝင္သြားခဲ့ပါတယ္။

ဓာတ္ပုံဆရာကလည္းအထက္ပါအျဖစ္အပ်က္ကိုမိမိရရ႐ိုက္ကူးလိုက္ႏိုင္ခဲ့ပါတယ္။

ေဒါက္ကလပ္ဟာကာစတန္ရဲ႕ကန္ခ်က္ေၾကာင့္ကြင္းမွာလဲက်ေနခဲ့ၿပီးဘာဟီယာကစားသမားမ်ားကဒိုင္လူႀကီးကို ေစာဒကတက္ခဲ့ပါတယ္။ဒိုင္လူႀကီးဟာVARျဖင့္ျပန္လည္စစ္ေဆးမႈျပဳလုပ္ကာဂိုးကိုခြင့္မျပဳခဲ့သလိုကာစတန္ကို လည္းၾကမ္းတမ္းတဲ့ကစားပုံေၾကာင့္အနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

ေဒါက္ကလပ္ဟာမ်က္ႏွာမွာဒဏ္ရာအျပင္းအထန္ရရွိၿပီးေနာက္ခ်က္ခ်င္းပင္လူစားလဲခဲ့ရၿပီးေဆး႐ုံသို႔ပို႔ခဲ့ရကာ မ်က္ႏွာကိုငါးခ်က္ခ်ဳပ္ခဲ့ရပါတယ္။

ဘာဟီယာႏွင့္ဗာစကိုဒဂါးမားပြဲကလည္းဂိုးမရွိသေရျဖင့္အဆုံးသတ္သြားပါတယ္။