
ဘိုင်ယန်မြူးနစ်စတားမန်နူရယ်နူအာကမျက်နှာအရေပြားကင်ဆာရောဂါခံစားနေကြောင်းဖွင့်ဟလာပါတယ်။
ဂျာမနီလက်ရွေးစင်ဂိုးသမားဟာအရေပြားကင်ဆာရောဂါကြောင့်သုံးကြိမ်တိုင်တိုင်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးလည်းဖြစ်ပါတယ်။
အသက်၃၆နှစ်ရှိနူအာဟာတင်းနစ်အကျော်အမော်အိန်ဂျယ်လီကေးကာဘားနှင့်ပူးပေါင်းကာ ဂျာမန်နေရောင်ခံခရင်မ်ထုတ်လုပ်ရန်ရင်းနှီးမြှပ်နှံလာပြီးနောက် အရေပြားကင်ဆာဝေဒနာခံစားနေရကြောင်းဖွင့်ဟလာတာလည်းဖြစ်ပါတယ်။
ဘောလုံးသမိုင်းတွင်အကောင်းဆုံးဂိုးသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့နူအာဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကမျက်နှာတွင်ပလာစတာကပ်ခံထားရတာတွေ့ခဲ့ရသူလည်းဖြစ်ပါတယ်။
ယခုအခါမှာတော့နူအာက၎င်းမှာအရေပြားကင်ဆာရောဂါဝေဒနာခံစားနေရပြီးသုံးကြိမ်တိုင်တိုင်ခွဲစိတ်ကုသမှုပြုလုပ်ရပြီးဖြစ်ကြောင်းဆိုသွားပါတယ်။
၎င်းက “ကျွန်တော်တို့နှစ်ဦးလုံး(ခါဘား)မှာအရေပြားရောဂါသမိုင်းရှိကြပါတယ်။ကျွန်တော်ဆိုမျက်နှာမှာအရေပြားကင်ဆာဖြစ်တယ်။သုံးကြိမ်ခွဲစိတ်ခဲ့ရတယ်။ဒါကြောင့်လည်းနေရောင်ကာခရင်မ်နဲ့ပတ်သက်ပြီးအမြင့်မားဆုံးကာကွယ်နိုင်ဖို့အာရုံထားတယ်။ကျွန်တော်တို့ဟာအမြဲတမ်းအပြင်မှာလေ့ကျင့်ရေးတယ်။ပြီးတော့ကျွန်တော်တို့ရဲ့အားလပ်ချိန်ကိုလည်းသဘဝနေရောင်အောင်မှာကုန်ဆုံးကြသေးတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့ မော်ဒန်နေရောင်ကာကွယ်ရေးပစ္စည်းတွေသံးဖို့အရမ်းအရေးကြီးလာတယ်”လို့ပြောကြားသွားပါတယ်။
နူအာဟာပုခုံးဒဏ်ရာကြောင့်ဂျာမနီရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်နိုင်ရန်မရေမရာဖြစ်နေသူလည်းဖြစ်ပါတယ်။သူဟာယခုနှစ်အစောပိုင်းတုန်းကလည်းဒူးဒဏ်ရာကြောင့်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးလည်းဖြစ်ပါတယ်။
သူဟာပုခုံးဒဏ်ရာကြောင့်အနားယူထားရတာတစ်လကြာမြင့်ပြီဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေတုန်းဖြစ်ပါတယ်။
ZawGyi
မ်က္ႏွာအေရျပားကင္ဆာေၾကာင့္ သုံးႀကိမ္တိုင္တိုင္ ခြဲစိတ္ကုသခဲ့ရေၾကာင္း ဘိုင္ယန္စတားႏူအာဖြင့္ဟလာ
ဘိုင္ယန္ျမဴးနစ္စတားမန္ႏူရယ္ႏူအာကမ်က္ႏွာအေရျပားကင္ဆာေရာဂါခံစားေနေၾကာင္းဖြင့္ဟလာပါတယ္။
ဂ်ာမနီလက္ေ႐ြးစင္ဂိုးသမားဟာအေရျပားကင္ဆာေရာဂါေၾကာင့္သုံးႀကိမ္တိုင္တိုင္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးလည္းျဖစ္ပါတယ္။
အသက္၃၆ႏွစ္ရွိႏူအာဟာတင္းနစ္အေက်ာ္အေမာ္အိန္ဂ်ယ္လီေကးကာဘားႏွင့္ပူးေပါင္းကာ ဂ်ာမန္ေနေရာင္ခံခရင္မ္ထုတ္လုပ္ရန္ရင္းႏွီးျမႇပ္ႏွံလာၿပီးေနာက္ အေရျပားကင္ဆာေဝဒနာခံစားေနရေၾကာင္းဖြင့္ဟလာတာလည္းျဖစ္ပါတယ္။
ေဘာလုံးသမိုင္းတြင္အေကာင္းဆုံးဂိုးသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရတဲ့ႏူအာဟာၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလတုန္းကမ်က္ႏွာတြင္ပလာစတာကပ္ခံထားရတာေတြ႕ခဲ့ရသူလည္းျဖစ္ပါတယ္။
ယခုအခါမွာေတာ့ႏူအာက၎မွာအေရျပားကင္ဆာေရာဂါေဝဒနာခံစားေနရၿပီးသုံးႀကိမ္တိုင္တိုင္ခြဲစိတ္ကုသမႈျပဳလုပ္ရၿပီးျဖစ္ေၾကာင္းဆိုသြားပါတယ္။
၎က “ကြၽန္ေတာ္တို႔ႏွစ္ဦးလုံး(ခါဘား)မွာအေရျပားေရာဂါသမိုင္းရွိၾကပါတယ္။ကြၽန္ေတာ္ဆိုမ်က္ႏွာမွာအေရျပားကင္ဆာျဖစ္တယ္။သုံးႀကိမ္ခြဲစိတ္ခဲ့ရတယ္။ဒါေၾကာင့္လည္းေနေရာင္ကာခရင္မ္နဲ႔ပတ္သက္ၿပီးအျမင့္မားဆုံးကာကြယ္ႏိုင္ဖို႔အာ႐ုံထားတယ္။ကြၽန္ေတာ္တို႔ဟာအၿမဲတမ္းအျပင္မွာေလ့က်င့္ေရးတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔ရဲ႕အားလပ္ခ်ိန္ကိုလည္းသဘဝေနေရာင္ေအာင္မွာကုန္ဆုံးၾကေသးတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔ ေမာ္ဒန္ေနေရာင္ကာကြယ္ေရးပစၥည္းေတြသံးဖို႔အရမ္းအေရးႀကီးလာတယ္”လို႔ေျပာၾကားသြားပါတယ္။
ႏူအာဟာပုခုံးဒဏ္ရာေၾကာင့္ဂ်ာမနီရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္ႏိုင္ရန္မေရမရာျဖစ္ေနသူလည္းျဖစ္ပါတယ္။သူဟာယခုႏွစ္အေစာပိုင္းတုန္းကလည္းဒူးဒဏ္ရာေၾကာင့္ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးလည္းျဖစ္ပါတယ္။
သူဟာပုခုံးဒဏ္ရာေၾကာင့္အနားယူထားရတာတစ္လၾကာျမင့္ၿပီျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနတုန္းျဖစ္ပါတယ္။