မျက်မှန်အောင်ပွဲခံမှုအတွက် အဝါကတ်ပြသခံခဲ့ရတဲ့ အဒီမိုလိုလုပ်ခ်မန်း

အဒီမိုလိုလုပ်ခ်မန်းဟာတနင်္ဂနွေနေ့တုန်းကအူဒီးနီးစ်နှင့်ပွဲတွင် အတ္တလန္တာအတွက်နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့Trademark အောင်ပွဲခံမှုဖြစ်တဲ့ မျက်မှန်အောင်ပွဲခံမှုအတွက်အဝါကတ်ပြသခြင်းခံခဲ့ရမှုအပေါ် အကြီးအကျယ်အံ့ဩသင့်ခဲ့ရပါတယ်။

လုပ်ခ်မန်းဟာနွေရာသီတုန်းကရက်ဘူးလ်လိုက်ဇစ်မှပြောင်းရွှေ့ကြေးပေါင်၆သန်းဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီးလူးဝစ်မူရေးရဲ့အနိမ့်ပေးပို့မှုကနေ အတ္တလန္တာအတွက်အဖွင့်ဂိုးအားသွင်းယူနိုင်ခဲ့ပါတယ်။ယင်းဂိုးဟာသူ့ရဲ့အတ္တလန္တာအတွက်သုံးဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။

သူဟာဂိုးသွင်းယူပြီးနောက်သူ့ရဲ့အမှတ်အသားအောင်ပွဲခံမှုဖြစ်တဲ့မျက်မှန်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒိုင်လူကြီးဒါနီလီဒိုဗီရီဟာအံ့ဩသင့်ဖွယ်ကောင်းစွာဘဲအဝါကတ်ပြသခဲ့ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်ဟာသူအဝါကတ်ပြသခံရမှုအတွက်ဒိုင်လူကြီးဆက်တိုက်မေးခွန်းထုတ်ခဲ့ပြီး နောက်ထပ်စောဒကတက်ပါက အဝါကတ်ထပ်မံပြသခံရနိုင်တာမို့ကစားသမားဖော်တွေ ဝင်ထိန်းခဲ့ရပါတယ်။

လက်စတာဟောင်းဟာသူ့ရဲ့အောင်ပွဲခံမှုမှာမည်သူ့ကိုမှတိုက်ခိုက်တာမဟုတ်ဘဲသူ့ရဲ့အောင်ပွဲခံမှုသက်သက်မျှသာဖြစ်ကြောင်းလည်းဒိုင်လူကြီးကိုရှင်းလင်းပြခဲ့ပါသေးတယ်။

အတ္တလန္တာဟာမူရေးကပင်နယ်တီကနေဂိုးထပ်မံသွင်းယူလို့ ၂-၀ဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့ အူဒီးနီးစ်ကချေပဂိုးများပြန်သွင်းယူခဲ့လို့နှစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။

ZawGyi

မ်က္မွန္ေအာင္ပြဲခံမႈအတြက္ အဝါကတ္ျပသခံခဲ့ရတဲ့ အဒီမိုလိုလုပ္ခ္မန္း

အဒီမိုလိုလုပ္ခ္မန္းဟာတနဂၤေႏြေန႔တုန္းကအူဒီးနီးစ္ႏွင့္ပြဲတြင္ အတၱလႏၲာအတြက္ႏွစ္ပြဲဆက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ သူ႔ရဲ႕Trademark ေအာင္ပြဲခံမႈျဖစ္တဲ့ မ်က္မွန္ေအာင္ပြဲခံမႈအတြက္အဝါကတ္ျပသျခင္းခံခဲ့ရမႈအေပၚ အႀကီးအက်ယ္အံ့ဩသင့္ခဲ့ရပါတယ္။

လုပ္ခ္မန္းဟာေႏြရာသီတုန္းကရက္ဘူးလ္လိုက္ဇစ္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၆သန္းျဖင့္ေျပာင္းေ႐ႊ႕လာသူျဖစ္ၿပီးလူးဝစ္မူေရးရဲ႕အနိမ့္ေပးပို႔မႈကေန အတၱလႏၲာအတြက္အဖြင့္ဂိုးအားသြင္းယူႏိုင္ခဲ့ပါတယ္။ယင္းဂိုးဟာသူ႔ရဲ႕အတၱလႏၲာအတြက္သုံးဂိုးေျမာက္ဂိုးလည္းျဖစ္ပါတယ္။

သူဟာဂိုးသြင္းယူၿပီးေနာက္သူ႔ရဲ႕အမွတ္အသားေအာင္ပြဲခံမႈျဖစ္တဲ့မ်က္မွန္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမဲ့ဒိုင္လူႀကီးဒါနီလီဒိုဗီရီဟာအံ့ဩသင့္ဖြယ္ေကာင္းစြာဘဲအဝါကတ္ျပသခဲ့ပါတယ္။

ႏိုင္ဂ်ီးရီးယားလက္ေ႐ြးစင္ဟာသူအဝါကတ္ျပသခံရမႈအတြက္ဒိုင္လူႀကီးဆက္တိုက္ေမးခြန္းထုတ္ခဲ့ၿပီး ေနာက္ထပ္ေစာဒကတက္ပါက အဝါကတ္ထပ္မံျပသခံရႏိုင္တာမို႔ကစားသမားေဖာ္ေတြ ဝင္ထိန္းခဲ့ရပါတယ္။

လက္စတာေဟာင္းဟာသူ႔ရဲ႕ေအာင္ပြဲခံမႈမွာမည္သူ႔ကိုမွတိုက္ခိုက္တာမဟုတ္ဘဲသူ႔ရဲ႕ေအာင္ပြဲခံမႈသက္သက္မွ်သာျဖစ္ေၾကာင္းလည္းဒိုင္လူႀကီးကိုရွင္းလင္းျပခဲ့ပါေသးတယ္။

အတၱလႏၲာဟာမူေရးကပင္နယ္တီကေနဂိုးထပ္မံသြင္းယူလို႔ ၂-၀ျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့ အူဒီးနီးစ္ကေခ်ပဂိုးမ်ားျပန္သြင္းယူခဲ့လို႔ႏွစ္ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။