
ဘရိုက်တန်အလယ်တန်းကစားသမားအီနော့ခ်အမ်ဝီပူဟာမျိုးရိုးလိုက်နှလုံးရောဂါဝေဒနာခံစားနေရကြောင်းစစ်ဆေးတွေ့ရှိပြီးနောက် အသက်၂၄နှစ်အရွယ်မှာပဲ ကစားသမားဘဝမှအနားယူရန်ဖြစ်လာခဲ့ပါတယ်။
အမ်ဝီပူဟာမကြာသေးမီတုန်းကနိုင်ငံတကာပွဲစဉ်များအတွက်ဇမ်ဘီယာလက်ရွေးစင်အသင်းအတွက်သွားရောက်ကစားရန်ပူးပေါင်းရန်နေထိုင်မကောင်းဖြစ်ခဲ့ပါတယ်။
သူဟာမာလီတွင်ဆေးရုံတက်ခဲ့ရပြီးဘရိုက်တန်သို့ပြန်လည်ရောက်ရှိလာချိန်မှာနောက်ထပ်ဆေးစစ်ဆေးမှုများခံယူခဲ့ရပါတယ်။
ယခုအခါအမ်ဝီပူကဘောလုံးဆက်ကစားပါကအသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အနေအထားတွင်ရှိနေမှုနှင့်အတူ ရွေးချယ်စရာမရှိဘဲကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လာရပြီဖြစ်ပါတယ်။
အမ်ဝီပူဟာ၂၀၂၁ခုနှစ်ကမှရက်ဘူးလ်ဆဲလ်ဘတ်မှ ဘရိုက်တန်သို့ပြောင်းလာခဲ့သူဖြစ်ပြီးစာချုပ်သက်တမ်းသုံးနှစ်ကျန်သေးသူဖြစ်ပါတယ်။
သူဟာဘရိုက်တန်အတွက်၂၇ပွဲကစားခဲ့ရာမှာအန်ဖီးလ်တွင်လီဗာပူးနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှဂိုးအပါအဝင်၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ZawGyi
မျိုးရိုးလိုက် နှလုံးရောဂါကြောင့် အသက် ၂၄ နှစ်အရွယ်မှာ ကစားသမားဘဝမှ အနားယူလိုက်ရတဲ့ ဘရိုက်တန်အလယ်တန်းကစားသမား