မြင်ဖူးသမျှ ဝတ်စုံတွင် အဆိုးရွားဆုံး ဝတ်စုံအဖြစ် သတ်မှတ်ခံနေရတဲ့ မန်စီးတီးရဲ့တတိယဝတ်စုံ

မန်စီးတီးနှင့်Puma တို့ဟာ၂၀၂၁-၂၂ဘောလုံးရာသီတွင်တတိယဝတ်စုံအဖြစ်အသုံးပြုမယ့်ဝတ်စုံကိုကြေညာလာပါတယ်။

မန်စီးတီးဟာPuma ကဒီဇိုင်းဖန်တီးထားတဲ့ တတိယဝတ်စုံကို ဂျက်ဂရဲလ်လစ်ရှ်၊ရာဟမ်းစတာလင်း၊ဖီးလ်ဖိုဒန်တို့အားအသုံးပြုကာပရိုမိုးရှင်းလုပ်လာတာဖြစ်ပြီးယင်းမန်စီးတီးရဲ့ဝတ်စုံကိုမန်စီးတီးပရိသတ်များကိုယ်တိုင်ကမြင်ဖူးသမျှဝတ်စုံများတွင်အဆိုးရွားဆုံးဝတ်စုံအဖြစ်သတ်မှတ်နေကြပါတယ်။

မန်စီးတီးရဲ့တတိယဝတ်စုံတွင်အသင်းရဲ့လိုဂိုကိုရှေးရိုးအစဉ်အလာအတိုင်းရှေ့ဘက်တွင်ထည့်သွင်းခြင်းမရှိဘဲကျောဘက်ကော်လာအောက်တွင်ထည့်သွင်းထားပါတယ်။

Puma လိုဂိုအားအင်္ကျီရင်ဘတ်တည့်တည့်တွင်ထည့်သွင်းထားပြီးအလယ်တွင် မန်စီးတီးဆိုတဲ့စာသားနဲ့အင်္ကျီရင်ဘတ်စပွန်ဆာ Etihad Airways ကိုထည့်သွင်းထားပါတယ်။

ဒါကြောင့်မန်စီးတီးပရိသတ်များက အသင်းရဲ့တတိယဝတ်စုံမှာ FIFA eSport ဝတ်စုံကဲ့သို့ဖြစ်နေကြောင်းရေးသားဝေဖန်ခဲ့သလိုအခြားပရိသတ်တစ်ဦးကလည်းလေ့ကျင့်ရေးဝတ်စုံနှင့်တူနေကြောင်းဆိုရှယ်မီဒီယာတွင်ခဲ့ပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း “မြင်ဖူးသမျှထဲမှာအဆိုးရွားဆုံးပါပဲ။အိမ်ကွင်းဝတ်စုံရောအဝေးကွင်းဝတ်စုံရောကောင်းကြပါတယ်။ဒီဝတ်စုံ(တတိယ)ကိုဘယ်တော့မှမသုံးလာဖို့မျှော်လင့်ပါတယ်”လို့ရေးသားသွားပါတယ်။

မန်စီးတီးဟာတတိယဝတ်စုံကိုအီတီဟတ်ကွင်းရှိအမှတ်တရပစ္စည်းဆိုင်နှင့် Puma စတိုးတို့တွင်ရောင်းချလာပြီဖြစ်ပါတယ်။မန်စီးတီးရဲ့တတိယဝတ်စုံဈေးနှုန်းကပေါင်၇၀ဖြစ်ပါတယ်။

ZawGyi

ျမင္ဖူးသမွ် ဝတ္စုံတြင္ အဆိုး႐ြားဆုံး ဝတ္စုံအျဖစ္ သတ္မွတ္ခံေနရတဲ့ မန္စီးတီးရဲ႕တတိယဝတ္စုံ

မန္စီးတီးႏွင့္Puma တို႔ဟာ၂၀၂၁-၂၂ေဘာလုံးရာသီတြင္တတိယဝတ္စုံအျဖစ္အသုံးျပဳမယ့္ဝတ္စုံကိုေၾကညာလာပါတယ္။

မန္စီးတီးဟာPuma ကဒီဇိုင္းဖန္တီးထားတဲ့ တတိယဝတ္စုံကို ဂ်က္ဂရဲလ္လစ္ရွ္၊ရာဟမ္းစတာလင္း၊ဖီးလ္ဖိုဒန္တို႔အားအသုံးျပဳကာပ႐ိုမိုးရွင္းလုပ္လာတာျဖစ္ၿပီးယင္းမန္စီးတီးရဲ႕ဝတ္စုံကိုမန္စီးတီးပရိသတ္မ်ားကိုယ္တိုင္ကျမင္ဖူးသမွ်ဝတ္စုံမ်ားတြင္အဆိုး႐ြားဆုံးဝတ္စုံအျဖစ္သတ္မွတ္ေနၾကပါတယ္။

မန္စီးတီးရဲ႕တတိယဝတ္စုံတြင္အသင္းရဲ႕လိုဂိိုကိုေရွး႐ိုးအစဥ္အလာအတိုင္းေရွ႕ဘက္တြင္ထည့္သြင္းျခင္းမရွိဘဲေက်ာဘက္ေကာ္လာေအာက္တြင္ထည့္သြင္းထားပါတယ္။

Puma လိုဂိုအားအက်ႌရင္ဘတ္တည့္တည့္တြင္ထည့္သြင္းထားၿပီးအလယ္တြင္ မန္စီးတီးဆိုတဲ့စာသားနဲ႔အက်ႌရင္ဘတ္စပြန္ဆာ Etihad Airways ကိုထည့္သြင္းထားပါတယ္။

ဒါေၾကာင့္မန္စီးတီးပရိသတ္မ်ားက အသင္းရဲ႕တတိယဝတ္စုံမွာ FIFA eSport ဝတ္စုံကဲ့သို႔ျဖစ္ေနေၾကာင္းေရးသားေဝဖန္ခဲ့သလိုအျခားပရိသတ္တစ္ဦးကလည္းေလ့က်င့္ေရးဝတ္စုံႏွင့္တူေနေၾကာင္းဆိုရွယ္မီဒီယာတြင္ခဲ့ပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း “ျမင္ဖူးသမွ်ထဲမွာအဆိုး႐ြားဆုံးပါပဲ။အိမ္ကြင္းဝတ္စုံေရာအေဝးကြင္းဝတ္စုံေရာေကာင္းၾကပါတယ္။ဒီဝတ္စုံ(တတိယ)ကိုဘယ္ေတာ့မွမသုံးလာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေရးသားသြားပါတယ္။

မန္စီးတီးဟာတတိယဝတ္စုံကိုအီတီဟတ္ကြင္းရွိအမွတ္တရပစၥည္းဆိုင္ႏွင့္ Puma စတိုးတို႔တြင္ေရာင္းခ်လာၿပီျဖစ္ပါတယ္။မန္စီးတီးရဲ႕တတိယဝတ္စုံေဈးႏႈန္းကေပါင္၇၀ျဖစ္ပါတယ္။