မြူးနစ်တွင် အပြောင်းအရွှေ့အတွက် အာလင်းဟာလန်းနှင့် ဘာစီလိုနာနည်းပြဇာဗီးတို့ တွေ့ဆုံဆွေးနွေး

အာလင်းဟာလန်းဟာ နွေရာသီတွင် နူးကမ့်သို့ ပြောင်းရွှေ့ရေးနှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြဇာဗီးနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟာ ဥရောပထိပ်သီးကလပ်များရဲ့ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပြီး လာမယ့်နွေရာသီတွင်‌ ဒေါ့မွန်မှ ထွက်ခွာရန် သေချာသလောက် ရှိနေသူလည်း ဖြစ်ပါတယ်။

အသက် ၂၁ နှစ်ရှိ ဟာလန်းဟာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပြီး မြူးနစ်တွင် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကတ်တလန်သတင်းဟာ L’Esportiu က ဘာစီလိုနာနည်းပြဇာဗီးနှင့်ကလပ်အကြီးအကဲဂျော်ဒီခရိုက်ဖ်တို့ဟာ မြူးနစ်သို့ သွားရောက်ပြီး ၎င်းတို့ရဲ့အပြောင်းအရွှေ့ပစ်မှတ်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ဖော်ပြသွားပါတယ်။

ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ဇာဗီးက ဟာလန်းအား သူ့ရဲ့ဘာစီလိုနာအသင်းသစ်တွင် ၎င်းမှာမည်မျှအရေးပါနေကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

တဖက်တွင် ဘာစီလိုနာဥက္ကဌလာပေါ်တာဟာလည်း အာလင်းဟာလန်းရဲ့အေးဂျင့်မီနိုရိုင်အိုလာနှင့်အကြိမ်ကြိမ်တွေ့ဆုံမှုများ ပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဟာကြွေးမြီပြဿနာများကြောင့်ဘဏ္ဍာရေးပြဿနာကြုံနေပေမဲ့လည်း လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အပြောင်းအရွှေ့စရိတ်အလုံအလောက်အသုံးပြုရန် စီစဉ်ထားပါတယ်။

ဟာလန်းကို ခေါ်ယူရေးစိတ်ဝင်စားနေတာ ဘာစီလိုနာတစ်သင်းတည်းမဟုတ်ပါဘူး။ နော်ဝေတိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ကလည်း ခေါ်ယူလိုနေပါတယ်။

ZawGyi

ျမဴးနစ္တြင္ အေျပာင္းအေ႐ႊ႕အတြက္ အာလင္းဟာလန္းႏွင့္ ဘာစီလိုနာနည္းျပဇာဗီးတို႔ ေတြ႕ဆုံေဆြးေႏြး

အာလင္းဟာလန္းဟာ ေႏြရာသီတြင္ ႏူးကမ့္သို႔ ေျပာင္းေ႐ႊ႕ေရးႏွင့္ပတ္သက္ၿပီး ဘာစီလိုနာနည္းျပဇာဗီးႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

ေဒါ့မြန္တိုက္စစ္မႉးဟာ ဥေရာပထိပ္သီးကလပ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံေနရသူျဖစ္ၿပီး လာမယ့္ေႏြရာသီတြင္‌ ေဒါ့မြန္မွ ထြက္ခြာရန္ ေသခ်ာသေလာက္ ရွိေနသူလည္း ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္ရွိ ဟာလန္းဟာ ႂကြက္သားဒဏ္ရာေၾကာင့္ အနားယူေနရသူ ျဖစ္ၿပီး ျမဴးနစ္တြင္ ျပန္လည္ထူေထာင္ေရးေလ့က်င့္ခန္းမ်ား ျပဳလုပ္ေနသူလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ကတ္တလန္သတင္းဟာ L’Esportiu က ဘာစီလိုနာနည္းျပဇာဗီးႏွင့္ကလပ္အႀကီးအကဲေဂ်ာ္ဒီခ႐ိုက္ဖ္တို႔ဟာ ျမဴးနစ္သို႔ သြားေရာက္ၿပီး ၎တို႔ရဲ႕အေျပာင္းအေ႐ႊ႕ပစ္မွတ္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ျပသြားပါတယ္။

ယင္းေတြ႕ဆုံေဆြးေႏြးမႈတြင္ ဇာဗီးက ဟာလန္းအား သူ႔ရဲ႕ဘာစီလိုနာအသင္းသစ္တြင္ ၎မွာမည္မွ်အေရးပါေနေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

တဖက္တြင္ ဘာစီလိုနာဥကၠဌလာေပၚတာဟာလည္း အာလင္းဟာလန္းရဲ႕ေအးဂ်င့္မီႏို႐ိုင္အိုလာႏွင့္အႀကိမ္ႀကိမ္ေတြ႕ဆုံမႈမ်ား ျပဳလုပ္ထားၿပီးလည္း ျဖစ္ပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီျပႆနာမ်ားေၾကာင့္ဘ႑ာေရးျပႆနာႀကဳံေနေပမဲ့လည္း လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အေျပာင္းအေ႐ႊ႕စရိတ္အလုံအေလာက္အသုံးျပဳရန္ စီစဥ္ထားပါတယ္။

ဟာလန္းကို ေခၚယူေရးစိတ္ဝင္စားေနတာ ဘာစီလိုနာတစ္သင္းတည္းမဟုတ္ပါဘူး။ ေနာ္ေဝတိုက္စစ္မႉးကို ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ယူႏိုက္တက္၊ မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္တို႔ကလည္း ေခၚယူလိုေနပါတယ္။