မြောက်လန်ဒန်ဒါဘီပွဲကို အာဆင်နယ်ကိုဝယ်ရန်ကြိုးပမ်းနေတဲ့Spotify ဘီလျှံနာနှင့်အတူလာကြည့်တဲ့ ဟင်နရီ

သီယာရီဟင်နရီဟာမနေ့ညတုန်းကမြောက်လန်ဒန်ဒါဘီပွဲစဉ်အားSpotify ဘီလျှံနာဒါနီရယ်အီယက်နှင့်အတူလာရောက်ကြည့်ရှုခဲ့ပါတယ်။

အီယက်ဟာအာဆင်နယ်အသင်းကိုလက်ရှိပိုင်ရှင်စတန်ခရွန်ယန်ကီထံမှဝယ်ယူရန်ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။

အီယက်ဟာပြီးခဲ့တဲ့ဧပြီလတုန်းကအာဆင်နယ်အသင်းကိုပေါင်၂ဘီလီယံဖြင့်ဝယ်ယူရန်ကြိုးပမ်းခဲ့ပေမယ့်လည်းပယ်ချခြင်းခံခဲ့ရပါတယ်။

အီယက်ဟာအာဆင်နယ်အသင်းကိုဝယ်ယူရေးကြိုးပမ်းရာမှာအာဆင်နယ်ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့သီယာရီဟင်နရီ၊ပက်ထရစ်ဗီအဲရာ၊ဒင်းနစ်ဘားကမ့်တို့ရဲ့အကူအညီရယူနေတာလည်းဖြစ်ပါတယ်။

ဆွီဒင်လူမျိုးဘီလျှံနာဒါနီရယ်အီယက်ဟာပေါင်၄ဘီလီယံကြွယ်ဝချမ်းသာသူဖြစ်ပြီးငယ်စဉ်ကတည်းကအာဆင်နယ်အသင်းကိုအားပေးလာတဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်နှင့်စပါးစ်တို့ရဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာအာဆင်နယ်က၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့မှုနဲ့အတူဟင်နရီနှင့်ဒါနီရယ်အီယက်တို့အကြီးအကျယ်ပျော်ရွှင်နေခဲ့ကြတာလည်းတွေ့ရပါတယ်။

အထူးသဖြင့်အာဆင်နယ်အတွက်ဒုတိယဂိုးကိုသွင်းယူပြီးနောက်အာဆင်နယ်အသင်းခေါင်းဆောင်အော်ဘာမီယန်ဟာဟင်နရီရဲ့ဂိုးသွင်းအောင်ပွဲခံမှုပုံစံမျိုးဖြင့်ဒူးထောက်လက်သီးဆုပ်ပြီးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ေျမာက္လန္ဒန္ဒါဘီပြဲကို အာဆင္နယ္ကိုဝယ္ရန္ႀကိဳးပမ္းေနတဲ့Spotify ဘီလွ်ံနာႏွင့္အတူလာၾကည့္တဲ့ ဟင္နရီ

သီယာရီဟင္နရီဟာမေန႔ညတုန္းကေျမာက္လန္ဒန္ဒါဘီပြဲစဥ္အားSpotify ဘီလွ်ံနာဒါနီရယ္အီယက္ႏွင့္အတူလာေရာက္ၾကည့္ရႈခဲ့ပါတယ္။

အီယက္ဟာအာဆင္နယ္အသင္းကိုလက္ရွိပိုင္ရွင္စတန္ခ႐ြန္ယန္ကီထံမွဝယ္ယူရန္ႀကိဳးပမ္းေနသူလည္းျဖစ္ပါတယ္။

အီယက္ဟာၿပီးခဲ့တဲ့ဧၿပီလတုန္းကအာဆင္နယ္အသင္းကိုေပါင္၂ဘီလီယံျဖင့္ဝယ္ယူရန္ႀကိဳးပမ္းခဲ့ေပမယ့္လည္းပယ္ခ်ျခင္းခံခဲ့ရပါတယ္။

အီယက္ဟာအာဆင္နယ္အသင္းကိုဝယ္ယူေရးႀကိဳးပမ္းရာမွာအာဆင္နယ္ဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့သီယာရီဟင္နရီ၊ပက္ထရစ္ဗီအဲရာ၊ဒင္းနစ္ဘားကမ့္တို႔ရဲ႕အကူအညီရယူေနတာလည္းျဖစ္ပါတယ္။

ဆြီဒင္လူမ်ိဳးဘီလွ်ံနာဒါနီရယ္အီယက္ဟာေပါင္၄ဘီလီယံႂကြယ္ဝခ်မ္းသာသူျဖစ္ၿပီးငယ္စဥ္ကတည္းကအာဆင္နယ္အသင္းကိုအားေပးလာတဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္ႏွင့္စပါးစ္တို႔ရဲ႕ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာအာဆင္နယ္က၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့မႈနဲ႔အတူဟင္နရီႏွင့္ဒါနီရယ္အီယက္တို႔အႀကီးအက်ယ္ေပ်ာ္႐ႊင္ေနခဲ့ၾကတာလည္းေတြ႕ရပါတယ္။

အထူးသျဖင့္အာဆင္နယ္အတြက္ဒုတိယဂိုးကိုသြင္းယူၿပီးေနာက္အာဆင္နယ္အသင္းေခါင္းေဆာင္ေအာ္ဘာမီယန္ဟာဟင္နရီရဲ႕ဂိုးသြင္းေအာင္ပြဲခံမႈပုံစံမ်ိဳးျဖင့္ဒူးေထာက္လက္သီးဆုပ္ၿပီးေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။