မြောက်လန်ဒန်ဒါဘီပွဲစဉ်အပြီးတွင် အာဆင်နယ်ဂိုးသမားရမ်ဒေးလ်ကို စပါးစ်ပရိသတ်ကန်ကျောက်ခဲ့

အေရွန်ရမ်ဒေးလ်ဟာမနေ့ညတုန်းကအဝေးကွင်းတွင်မြောက်လန်ဒန်ဒါဘီပြိုင်ဘက်စပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးတွင်စပါးစ်ပရိသတ်တစ်ဦးရဲ့ကန်ကျောက်ခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်ဂိုးသမားဟာပွဲအပြီးတွင်စပါးစ်တိုက်စစ်သမားရီချာလီဆင်နှင့်အချင်းများခဲ့ပြီးဂိုးနောက်သို့သွားကာရေသောက်ရန်ပြင်နေစဉ်စပါးစ်ပရိသတ်တစ်ဦးကအရံအတားပေါ်သို့တက်ကာအင်္ဂလန်ဂိုးသမားကိုကန်ခဲ့တာလည်းဖြစ်ပါတယ်။

အနီးရှိလုံခြုံရေးတစ်ဦးကရမ်ဒေးလ်ကိုကန်ကျောက်ခဲ့တဲ့စပါးစ်ပရိသတ်ကိုတွန်းထုတ်ခဲ့ပါတယ်။

ယင်းနောက်တွင်နှစ်ဖက်ကစားသမားများနှင့်လုံခြုံရေးများရောက်လာကာအားလုံးအဆင်ပြေသွားခဲ့ပါတယ်။စပါးစ်အသင်းကရမ်ဒေးလ်ကိုကန်ကျောက်ခဲ့တဲ့ပရိသတ်ကိုရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်သွားမယ်လို့ဆိုထားပါတယ်။

မနေ့ညကပွဲတွင်အာဆင်နယ်ဟာအဝေးကွင်းတွင်ကစားခဲ့ပေမဲ့လည်းစပါးစ်ကိုလွှမ်းမိုးကစားနိုင်ခဲ့ပြီးပွဲအစ၁၄မိနစ်မှာပင်ဟူဂိုလိုရစ်ရဲ့အမှားကြောင့်ရရှိတဲ့ဂိုးမှဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ယင်းနောက်မာတင်အိုဒီဂတ်ကအာဆင်နယ်အတွက်အနိုင်သေချာစေမဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။

အာဆင်နယ်ဟာမန်ချက်စတာဒါဘီပွဲတွင်မန်စီးတီးရှုံးပွဲကြုံပြီးနောက်မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင်နိုင်ပွဲရယူနိုင်မှုနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအားရမှတ်၈မှတ်ဖြတ်ကာဦးဆောင်ထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အၿပီးတြင္ အာဆင္နယ္ဂိုးသမားရမ္ေဒးလ္ကို စပါးစ္ပရိသတ္ကန္ေက်ာက္ခဲ့

ေအ႐ြန္ရမ္ေဒးလ္ဟာမေန႔ညတုန္းကအေဝးကြင္းတြင္ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္စပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးတြင္စပါးစ္ပရိသတ္တစ္ဦးရဲ႕ကန္ေက်ာက္ျခင္းခံခဲ့ရပါတယ္။

အာဆင္နယ္ဂိုးသမားဟာပြဲအၿပီးတြင္စပါးစ္တိုက္စစ္သမားရီခ်ာလီဆင္ႏွင့္အခ်င္းမ်ားခဲ့ၿပီးဂိုးေနာက္သို႔သြားကာေရေသာက္ရန္ျပင္ေနစဥ္စပါးစ္ပရိသတ္တစ္ဦးကအရံအတားေပၚသို႔တက္ကာအဂၤလန္ဂိုးသမားကိုကန္ခဲ့တာလည္းျဖစ္ပါတယ္။

အနီးရွိလုံၿခဳံေရးတစ္ဦးကရမ္ေဒးလ္ကိုကန္ေက်ာက္ခဲ့တဲ့စပါးစ္ပရိသတ္ကိုတြန္းထုတ္ခဲ့ပါတယ္။

ယင္းေနာက္တြင္ႏွစ္ဖက္ကစားသမားမ်ားႏွင့္လုံၿခဳံေရးမ်ားေရာက္လာကာအားလုံးအဆင္ေျပသြားခဲ့ပါတယ္။စပါးစ္အသင္းကရမ္ေဒးလ္ကိုကန္ေက်ာက္ခဲ့တဲ့ပရိသတ္ကိုရာသက္ပန္ပြဲၾကည့္ခြင့္ပိတ္ပင္သြားမယ္လို႔ဆိုထားပါတယ္။

မေန႔ညကပြဲတြင္အာဆင္နယ္ဟာအေဝးကြင္းတြင္ကစားခဲ့ေပမဲ့လည္းစပါးစ္ကိုလႊမ္းမိုးကစားႏိုင္ခဲ့ၿပီးပြဲအစ၁၄မိနစ္မွာပင္ဟူဂိုလိုရစ္ရဲ႕အမွားေၾကာင့္ရရွိတဲ့ဂိုးမွဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ယင္းေနာက္မာတင္အိုဒီဂတ္ကအာဆင္နယ္အတြက္အႏိုင္ေသခ်ာေစမဲ့ဂိုးကိုသြင္းယူခဲ့ပါတယ္။

အာဆင္နယ္ဟာမန္ခ်က္စတာဒါဘီပြဲတြင္မန္စီးတီးရႈံးပြဲႀကဳံၿပီးေနာက္ေျမာက္လန္ဒန္ဒါဘီပြဲစဥ္တြင္ႏိုင္ပြဲရယူႏိုင္မႈနဲ႔အတူ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအားရမွတ္၈မွတ္ျဖတ္ကာဦးေဆာင္ထားႏိုင္ၿပီျဖစ္ပါတယ္။