
စပါးစ်အသင်းခေါင်းဆောင်နှင့်ဂိုးသမားဟူဂိုလိုရစ်ဟာမနေ့ညတုန်းကမြောက်လန်ဒန်ဒါဘီပွဲစဉ်တွင်ကြီးမားတဲ့အမှားပြုလုပ်ကာအာဆင်နယ်ဘက်သို့လက်ဆောင်ဂိုးပေးလိုက်ပြီးနောက်ဂိုးသမားဘဝအဆုံးသတ်သွားပြီလို့ပရိသတ်များရဲ့ပြောဆိုခြင်းခံနေရပါတယ်။
မီခေးလ်အာတီတာရဲ့အာဆင်နယ်အသင်းဟာစနေ့တုန်းကမန်ချက်စတာဒါဘီပွဲတွင်မန်စီးတီးရှုံးနိမ့်သွားပြီးနောက်မနေ့ညတုန်းကမြောက်လန်ဒန်ဒါဘီပွဲတွင်အနိုင်ရရှိရေးပွဲစကတည်းကကြိုးစားခဲ့ပါတယ်။
လိုရစ်ဟာပွဲအစ၇မိနစ်မှာပင်အမှားပြုလုပ်ခဲ့ပေမဲ့အက်ဒီနကီတာရဲ့ကန်ချက်ကိုကာကွယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ပွဲချိန်၁၄မိနစ်မှာတော့သူဟာမေးခွန်းထုတ်စရာရှိနေတဲ့ဂိုးဖမ်းမှုရဲ့အကျိုးဆက်ကိုခံလာရပါတော့တယ်။
ဘူကာယိုဆာကာ ညာခြမ်းမှထိုးဖောက်ပြီးဂိုးရှေ့သို့ကန်ခဲ့ပါတယ်။ယင်းဘောလုံးကိုလိုရစ်အနေဖြင့်သက်တောင့်သက်သာဖမ်းနိုင်တဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့ပြင်သစ်အသင်းခေါင်းဆောင်ဟာဖြတ်တင်ပေးလာတဲ့ဘောလုံးကိုအသင့်အနေအထားမဖြစ်ဘဲဖမ်းမှုနဲ့အတူဂိုးပေါက်ထဲသို့တွန်းပို့သလိုဖြစ်သွားပြီး OG ပေးခဲ့ရပါတယ်။
ပရိသတ်များဟာစိတ်ပျက်စရာအမှားပြုလုပ်ခဲ့တဲ့ပြင်သစ်ဂိုးသမားရဲ့စပါးစ်အချိန်ကာလအဆုံးသတ်သွားပြီလို့ပြောဆိုနေကြပါတယ်။
ပရိသတ်တစ်ဦးက “ဟူဂိုလိုရစ်ရေ၊မင်းရဲ့စပါးစ်နေ့ရက်တွေကတော့အဆုံးသတ်သွားပြီ”လို့ ပြောဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ရှက်စရာကောင်းလွန်းလှတဲ့ဟူဂိုလိုရစ်ရေ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ကမ္ဘာ့ဖလားမှာတုန်းကဘာလို့ကိုယ့်ဂိုးကိုယ်မသွင်းခဲ့တာလဲလိုရစ်ရေ”လို့ဆိုသွားပါတယ်။
မနေ့ညကပွဲတွင်ပထမပိုင်းမှာတင်မာတင်အိုဒီဂတ်ကဧရိယာအပြင်မှကန်ချက်ဖြင့်အာဆင်နယ်အတွက်ဒုတိယဂိုးသွင်းပြီး၂-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။
အာဆင်နယ်ဟာမြောက်လန်ဒန်ဒါဘီနိုင်ပွဲကြောင့်ဒုတိယနေရာမှမန်စီးတီးကိုရမှတ်၈မှတ်အထိဖြတ်ထားလာနိုင်ခဲ့ပါတယ်။
ZawGyi
ေျမာက္လန္ဒန္ဒါဘီပြဲတြင္ အာဆင္နယ္သို႔ လက္ေဆာင္ဂိုးေပးၿပီးေနာက္ ဂိုးသမားဘဝအဆုံးသတ္သြားၿပီလို႔ ေျပာဆိုခံေနရတဲ့ လိုရစ္
စပါးစ္အသင္းေခါင္းေဆာင္ႏွင့္ဂိုးသမားဟူဂိုလိုရစ္ဟာမေန႔ညတုန္းကေျမာက္လန္ဒန္ဒါဘီပြဲစဥ္တြင္ႀကီးမားတဲ့အမွားျပဳလုပ္ကာအာဆင္နယ္ဘက္သို႔လက္ေဆာင္ဂိုးေပးလိုက္ၿပီးေနာက္ဂိုးသမားဘဝအဆုံးသတ္သြားၿပီလို႔ပရိသတ္မ်ားရဲ႕ေျပာဆိုျခင္းခံေနရပါတယ္။
မီေခးလ္အာတီတာရဲ႕အာဆင္နယ္အသင္းဟာစေန႔တုန္းကမန္ခ်က္စတာဒါဘီပြဲတြင္မန္စီးတီးရႈံးနိမ့္သြားၿပီးေနာက္မေန႔ညတုန္းကေျမာက္လန္ဒန္ဒါဘီပြဲတြင္အႏိုင္ရရွိေရးပြဲစကတည္းကႀကိဳးစားခဲ့ပါတယ္။
လိုရစ္ဟာပြဲအစ၇မိနစ္မွာပင္အမွားျပဳလုပ္ခဲ့ေပမဲ့အက္ဒီနကီတာရဲ႕ကန္ခ်က္ကိုကာကြယ္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ပြဲခ်ိန္၁၄မိနစ္မွာေတာ့သူဟာေမးခြန္းထုတ္စရာရွိေနတဲ့ဂိုးဖမ္းမႈရဲ႕အက်ိဳးဆက္ကိုခံလာရပါေတာ့တယ္။
ဘူကာယိုဆာကာ ညာျခမ္းမွထိုးေဖာက္ၿပီးဂိုးေရွ႕သို႔ကန္ခဲ့ပါတယ္။ယင္းေဘာလုံးကိုလိုရစ္အေနျဖင့္သက္ေတာင့္သက္သာဖမ္းႏိုင္တဲ့အေနအထားမွာရွိပါတယ္။ဒါေပမဲ့ျပင္သစ္အသင္းေခါင္းေဆာင္ဟာျဖတ္တင္ေပးလာတဲ့ေဘာလုံးကိုအသင့္အေနအထားမျဖစ္ဘဲဖမ္းမႈနဲ႔အတူဂိုးေပါက္ထဲသို႔တြန္းပို႔သလိုျဖစ္သြားၿပီး OG ေပးခဲ့ရပါတယ္။
ပရိသတ္မ်ားဟာစိတ္ပ်က္စရာအမွားျပဳလုပ္ခဲ့တဲ့ျပင္သစ္ဂိုးသမားရဲ႕စပါးစ္အခ်ိန္ကာလအဆုံးသတ္သြားၿပီလို႔ေျပာဆိုေနၾကပါတယ္။
ပရိသတ္တစ္ဦးက “ဟူဂိုလိုရစ္ေရ၊မင္းရဲ႕စပါးစ္ေန႔ရက္ေတြကေတာ့အဆုံးသတ္သြားၿပီ”လို႔ ေျပာဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “ရွက္စရာေကာင္းလြန္းလွတဲ့ဟူဂိုလိုရစ္ေရ”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ကမာၻ႔ဖလားမွာတုန္းကဘာလို႔ကိုယ့္ဂိုးကိုယ္မသြင္းခဲ့တာလဲလိုရစ္ေရ”လို႔ဆိုသြားပါတယ္။
မေန႔ညကပြဲတြင္ပထမပိုင္းမွာတင္မာတင္အိုဒီဂတ္ကဧရိယာအျပင္မွကန္ခ်က္ျဖင့္အာဆင္နယ္အတြက္ဒုတိယဂိုးသြင္းၿပီး၂-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။
အာဆင္နယ္ဟာေျမာက္လန္ဒန္ဒါဘီႏိုင္ပြဲေၾကာင့္ဒုတိယေနရာမွမန္စီးတီးကိုရမွတ္၈မွတ္အထိျဖတ္ထားလာႏိုင္ခဲ့ပါတယ္။