မြောက်အိုင်ယာလန်ကလပ်ကို အံ့ဩသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားအိမ်ရှင်ကာတာ

ကမ္ဘာ့ဖလားအိမ်ရှင်ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်မှုဆိုးရွားစွာကြုံတွေ့နေရပါတယ်။

ကာတာဟာမြောက်အိုင်ယာလန်ကလပ်လင်ဖီးလ်ကိုရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ယင်းပွဲကိုအင်္ဂါနေ့တုန်းကမာဘယ်လာတွင်ကစားခဲ့တာဖြစ်ပါတယ်။

ကာတာဟာမတ်လတုန်းကဆလိုဗေးနီးယားနှင့်ပွဲတွင်အသုံးပြုခဲ့တဲ့ကစားသမား၇ဦးကိုအသုံးပြုသွားပြီးယင်းကစားသမားတို့မှာကမ္ဘာ့ဖလားတွင်ပါဝင်လာဖို့ရှိပါတယ်။

ဒါပေမဲ့မြောက်အိုင်ယာလန်ကလပ်ဟာကာတာကိုရိန်းဂျားတိုက်စစ်မှူးဟောင်းခရစ်မက်ကီးရဲ့တစ်လုံးတည်းသောဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။

လင်းဖီးလ်ဟာပြီးခဲ့တဲ့လေးရာသီဆက်အိုင်းရစ်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးလာခဲ့တဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာလာမယ့်အပတ်တွင်ဝေးလ်ချန်ပီယံ The New Saints နှင့်ချန်ပီယံလိဂ်အုပ်စုအဆင့်သို့တက်ရောက်ခွင့်ရရှိရေးပလေးအော့ဖ်ကစားရပါမယ်။

ကာတာဟာလာမယ့်နိုဝင်ဘာလ၂၁ရက်နေ့တွင်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ်အီကွေဒေါနှင့်ရင်ဆိုင်ကစားသွားရပါမယ်။၎င်းတို့ဟာအုပ်စုတွင်ပွဲစဉ်များအဖြစ်မာနေးရဲ့ဆီနီဂေါ၊ဗန်ဂါးလ်ရဲ့နယ်သာလန်တို့နှင့်လည်းရင်ဆိုင်ရပါမယ်။

ZawGyi

ေျမာက္အိုင္ယာလန္ကလပ္ကို အံ့ဩသင့္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ ကမာၻ႔ဖလားအိမ္ရွင္ကာတာ

ကမာၻ႔ဖလားအိမ္ရွင္ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ျပင္ဆင္မႈဆိုး႐ြားစြာႀကဳံေတြ႕ေနရပါတယ္။

ကာတာဟာေျမာက္အိုင္ယာလန္ကလပ္လင္ဖီးလ္ကိုရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။ယင္းပြဲကိုအဂၤါေန႔တုန္းကမာဘယ္လာတြင္ကစားခဲ့တာျဖစ္ပါတယ္။

ကာတာဟာမတ္လတုန္းကဆလိုေဗးနီးယားႏွင့္ပြဲတြင္အသုံးျပဳခဲ့တဲ့ကစားသမား၇ဦးကိုအသုံးျပဳသြားၿပီးယင္းကစားသမားတို႔မွာကမာၻ႔ဖလားတြင္ပါဝင္လာဖို႔ရွိပါတယ္။

ဒါေပမဲ့ေျမာက္အိုင္ယာလန္ကလပ္ဟာကာတာကိုရိန္းဂ်ားတိုက္စစ္မႉးေဟာင္းခရစ္မက္ကီးရဲ႕တစ္လုံးတည္းေသာဂိုးျဖင့္၁-၀ဂိုးျဖင့္အႏိုင္ယူခဲ့ပါတယ္။

လင္းဖီးလ္ဟာၿပီးခဲ့တဲ့ေလးရာသီဆက္အိုင္းရစ္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးလာခဲ့တဲ့အသင္းျဖစ္ပါတယ္။၎တို႔ဟာလာမယ့္အပတ္တြင္ေဝးလ္ခ်န္ပီယံ The New Saints ႏွင့္ခ်န္ပီယံလိဂ္အုပ္စုအဆင့္သို႔တက္ေရာက္ခြင့္ရရွိေရးပေလးေအာ့ဖ္ကစားရပါမယ္။

ကာတာဟာလာမယ့္ႏိုဝင္ဘာလ၂၁ရက္ေန႔တြင္ကမာၻ႔ဖလားအဖြင့္ပြဲစဥ္အျဖစ္အီေကြေဒါႏွင့္ရင္ဆိုင္ကစားသြားရပါမယ္။၎တို႔ဟာအုပ္စုတြင္ပြဲစဥ္မ်ားအျဖစ္မာေနးရဲ႕ဆီနီေဂါ၊ဗန္ဂါးလ္ရဲ႕နယ္သာလန္တို႔ႏွင့္လည္းရင္ဆိုင္ရပါမယ္။