မြောက်အိုင်ယာလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအဆုံးအဖြတ်ပွဲအတွက် စိတ်အေးအေးထားကြရန် မန်စီနီတိုက်တွန်း

ရောဘတ်တိုမန်စီနီကတနင်္လာနေ့တွင်ဘဲလ်ဖတ်စ်တွင်မြောက်အိုင်ယာလန်အားသွားရောက်ရင်ဆိုင်ရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအဆုံးအဖြတ်ပြွစဉ်အတွက်စိတ်အေးအေးထားကြရန်အီတလီကစားသမားများကိုတိုက်တွန်းလိုက်ပါတယ်။

အီတလီဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကဆွီဒင်ကိုပလေးအော့ဖ်တွင်ရှုံးနိမ့်ကာ၁၉၅၈ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ခြေစစ်ပွဲကျခဲ့ပါတယ်။

၎င်းတို့ဟာအုပ်စု(ဂ)တွင်ဒုတိယနေရာမှဆွစ်ဇာလန်ကိုဂိုးကွာခြားချက်ဖြင့်သာအသာရနေတာဖြစ်ပြီးမြောက်အိုင်ယာလန်ကိုရှုံးနိမ့်ပါကကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်ခွင့်ဆုံးရှုံးလာနိုင်ပါတယ်။၎င်းတို့ဟာပလေးအော့ဖ်မှတဆင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခွင့်ရှိပါသေးတယ်။

အီတလီဟာနောက်ဆုံးငါးပွဲတွင်တစ်ပွဲတည်းသာအနိုင်ရရှိထားပြီးသောကြာနေ့တုန်းကဆွစ်ဇာလန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်ဂျော်ဂျင်ဟိုနောက်ကျပင်နယ်တီလွဲချော်ခဲ့မှုနဲ့အတူအမှတ်တူသွားခဲ့တာပါ။

တနင်္လာနေ့တွင်အီတလီကမြောက်အိုင်ယာလန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ချိန်တွင်ဆွစ်ဇာလန်ကအိမ်ကွင်းတွင်ဘူလ်ဂေးရီးယားကိုဧည့်ခံကစားရပါမယ်။

မန်စီနီက “၁၉၅၈ခုနှစ်တုန်းကဘာဖြစ်ခဲ့တယ်ဆိုတာသိပါတယ်။ဒီတစ်ကြိမ်ထပ်မဖြစ်ဖို့မျှော်လင့်ပါတယ်။မနက်ဖြန်ခြေစစ်ပွဲအောင်ချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ကြောင့်ကြစိတ်မရှိဘဲကစားဖို့လိုပါတယ်။ဆွစ်ဇာလန်နဲ့ပွဲမှာဖြစ်ခဲ့တာမေ့ပြီးစိတ်အေးလက်အေးနဲ့ကစားရပါမယ်။အီတလီလက်ရွေးစင်အသင်းမှာဖိအားတွေကအမြဲတမ်းအများကြီးရှိပြီးသားပါ။မနက်ဖြန်မှာအနည်းငယ်ပိုများလာပါမယ်။ဒီတော့ကျွန်တော်တို့အနေနဲ့အပြည့်အဝအာရုံစိုက်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အီတလီနည်းပြမန်စီနီကမြောက်အိုင်ယာလန်နှင့်ပွဲစဉ်တွင်ဘောလုံးအလျှင်အမြန်ပေးစနစ်ဖြင့်ကစားကာပြိုင်ဘက်ခံစစ်ကိုဖြိုကွဲသွားမည်ဖြစ်ကြောင်းနှင့် တိုက်စစ်မှူးအသုံးမပြုဘဲ False 9 စနစ်သုံးလာနိုင်ကြောင်းပြောကြားသွားပါတယ်။

ZawGyi

ေျမာက္အိုင္ယာလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲအဆုံးအျဖတ္ပြဲအတြက္ စိတ္ေအးေအးထားၾကရန္ မန္စီနီတိုက္တြန္း

ေရာဘတ္တိုမန္စီနီကတနလၤာေန႔တြင္ဘဲလ္ဖတ္စ္တြင္ေျမာက္အိုင္ယာလန္အားသြားေရာက္ရင္ဆိုင္ရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲအဆုံးအျဖတ္ႁပြစဥ္အတြက္စိတ္ေအးေအးထားၾကရန္အီတလီကစားသမားမ်ားကိုတိုက္တြန္းလိုက္ပါတယ္။

အီတလီဟာလြန္ခဲ့တဲ့ေလးႏွစ္တုန္းကဆြီဒင္ကိုပေလးေအာ့ဖ္တြင္ရႈံးနိမ့္ကာ၁၉၅၈ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ေျခစစ္ပြဲက်ခဲ့ပါတယ္။

၎တို႔ဟာအုပ္စု(ဂ)တြင္ဒုတိယေနရာမွဆြစ္ဇာလန္ကိုဂိုးကြာျခားခ်က္ျဖင့္သာအသာရေနတာျဖစ္ၿပီးေျမာက္အိုင္ယာလန္ကိုရႈံးနိမ့္ပါကကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ခြင့္ဆုံးရႈံးလာႏိုင္ပါတယ္။၎တို႔ဟာပေလးေအာ့ဖ္မွတဆင့္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ခြင့္ရွိပါေသးတယ္။

အီတလီဟာေနာက္ဆုံးငါးပြဲတြင္တစ္ပြဲတည္းသာအႏိုင္ရရွိထားၿပီးေသာၾကာေန႔တုန္းကဆြစ္ဇာလန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္ေဂ်ာ္ဂ်င္ဟိုေနာက္က်ပင္နယ္တီလြဲေခ်ာ္ခဲ့မႈနဲ႔အတူအမွတ္တူသြားခဲ့တာပါ။

တနလၤာေန႔တြင္အီတလီကေျမာက္အိုင္ယာလန္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ခ်ိန္တြင္ဆြစ္ဇာလန္ကအိမ္ကြင္းတြင္ဘူလ္ေဂးရီးယားကိုဧည့္ခံကစားရပါမယ္။

မန္စီနီက “၁၉၅၈ခုႏွစ္တုန္းကဘာျဖစ္ခဲ့တယ္ဆိုတာသိပါတယ္။ဒီတစ္ႀကိမ္ထပ္မျဖစ္ဖို႔ေမွ်ာ္လင့္ပါတယ္။မနက္ျဖန္ေျခစစ္ပြဲေအာင္ခ်င္ပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ေၾကာင့္ၾကစိတ္မရွိဘဲကစားဖို႔လိုပါတယ္။ဆြစ္ဇာလန္နဲ႔ပြဲမွာျဖစ္ခဲ့တာေမ့ၿပီးစိတ္ေအးလက္ေအးနဲ႔ကစားရပါမယ္။အီတလီလက္ေ႐ြးစင္အသင္းမွာဖိအားေတြကအၿမဲတမ္းအမ်ားႀကီးရွိၿပီးသားပါ။မနက္ျဖန္မွာအနည္းငယ္ပိုမ်ားလာပါမယ္။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔အျပည့္အဝအာ႐ုံစိုက္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အီတလီနည္းျပမန္စီနီကေျမာက္အိုင္ယာလန္ႏွင့္ပြဲစဥ္တြင္ေဘာလုံးအလွ်င္အျမန္ေပးစနစ္ျဖင့္ကစားကာၿပိဳင္ဘက္ခံစစ္ကိုၿဖိဳကြဲသြားမည္ျဖစ္ေၾကာင္းႏွင့္ တိုက္စစ္မႉးအသုံးမျပဳဘဲ False 9 စနစ္သုံးလာႏိုင္ေၾကာင္းေျပာၾကားသြားပါတယ္။