မွန်ဇာအတွက် ပွဲဦးထွက်ပွဲတွင် ပွဲအစ ၄ မိနစ်တွင်ပင် ဂိုးသွင်းနိုင်ခဲ့တဲ့ ဘာလော့တယ်လီ

မာရီယိုဘာလော့တယ်လီဟာစီးရီးဘီကလပ်မွန်ဇာအတွက်ပထမဆုံးကစားတဲ့ပွဲမှာပွဲအစ၄မိနစ်မှာတင်ဂိုးသွင်းယူပြီးရက်ပေါင်း၃၆၀ကြာဂိုးပေါက်ပျောက်မှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။

မန်စီးတီးနှင့်လီဗာပူးတိုက်စစ်မှူးဟောင်းဟာစီးရီးဘီပွဲစဉ်အဖြစ်ဆာလာနီတာနာအားဧည့်ခံကစားရတဲ့ပွဲစဉ်မှာ ကားလို့စ်အော်ဂတ်စ်တိုရဲ့ဖန်တီးမှုမှတဆင့်အသင်းအတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

ဘာလော့တယ်လီဟာဒီဇင်ဘာလအစောပိုင်းတုန်းကအေစီမီလန်ပိုင်ရှင်ဟောင်းဘာလူစကိုနီပိုင်ဆိုင်တဲ့စီးရီးဘီ ကလပ်မွန်ဇာသို့၇လစာချုပ်ဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာနွေရာသီတုန်းက စီးရီးအေမှတန်းဆင်းသွားခဲ့ရတဲ့ဘရက်ရှားမှထွက်ခွာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေ ခဲ့ပြီး မွန်ဇာသို့၇လစာချုပ်ဖြင့်ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲမှာသွင်းယူတဲ့ဂိုးမတိုင်မီဘာလော့တယ်လီနောက်ဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးက၂၀၂၀ခုနှစ်၊ဇန်နဝါရီ၅ရက်တုန်းက လာဇီယိုနဲ့ပွဲမှာဘရက်ရှားအတွက်သွင်းယူခဲ့တဲ့ဂိုးဖြစ်ပါတယ်။

ဘာလော့တယ်လီဟာဂိုးသွင်းယူပြီးနောက်ဘာစီလိုနာကစားဖော်ဟောင်းကီဗင်ပရင့်ဘိုတန်းနှင့်အောင်ပွဲခံခဲ့တာ တွေ့ရပါတယ်။ပို့စ်မောက်၊စပါးစ်နှင့်မီလန်ကစားသမားဟောင်းဘိုတန်းဟာလည်းနွေရာသီတုန်းကမွန်ဇာသို့ ပြောင်းခဲ့သူဖြစ်ပါတယ်။

ဆာလီနီတာနာနှင့်ပွဲတွင်မွန်ဇာက၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းနိုင်ပွဲကြောင့်မွန်ဇာဟာစီးရီးဘီအမှတ်ပေးဇ ယားအဆင့်၃နေရာမှာရပ်တည်ထားနိုင်ပြီးထိပ်ဆုံးမှအမ်ပိုလီ၊ဆာလီနီတာနာတို့နှင့်ရမှတ်၂မှတ်သာကွာဟပါတော့တယ်။

ZawGyi

မြန္ဇာအတြက္ ပြဲဦးထြက္ပြဲတြင္ ပြဲအစ ၄ မိနစ္တြင္ပင္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဘာေလာ့တယ္လီ

မာရီယိုဘာေလာ့တယ္လီဟာစီးရီးဘီကလပ္မြန္ဇာအတြက္ပထမဆုံးကစားတဲ့ပြဲမွာပြဲအစ၄မိနစ္မွာတင္ဂိုးသြင္းယူၿပီးရက္ေပါင္း၃၆၀ၾကာဂိုးေပါက္ေပ်ာက္မႈကိုအဆုံးသတ္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးႏွင့္လီဗာပူးတိုက္စစ္မႉးေဟာင္းဟာစီးရီးဘီပြဲစဥ္အျဖစ္ဆာလာနီတာနာအားဧည့္ခံကစားရတဲ့ပြဲစဥ္မွာ ကားလို႔စ္ေအာ္ဂတ္စ္တိုရဲ႕ဖန္တီးမႈမွတဆင့္အသင္းအတြက္ဦးေဆာင္ဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။

ဘာေလာ့တယ္လီဟာဒီဇင္ဘာလအေစာပိုင္းတုန္းကေအစီမီလန္ပိုင္ရွင္ေဟာင္းဘာလူစကိုနီပိုင္ဆိုင္တဲ့စီးရီးဘီ ကလပ္မြန္ဇာသို႔၇လစာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာေႏြရာသီတုန္းက စီးရီးေအမွတန္းဆင္းသြားခဲ့ရတဲ့ဘရက္ရွားမွထြက္ခြာၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေန ခဲ့ၿပီး မြန္ဇာသို႔၇လစာခ်ဳပ္ျဖင့္ေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။

ယင္းပြဲမွာသြင္းယူတဲ့ဂိုးမတိုင္မီဘာေလာ့တယ္လီေနာက္ဆုံးသြင္းယူႏိုင္ခဲ့တဲ့ဂိုးက၂၀၂၀ခုႏွစ္၊ဇန္နဝါရီ၅ရက္တုန္းက လာဇီယိုနဲ႔ပြဲမွာဘရက္ရွားအတြက္သြင္းယူခဲ့တဲ့ဂိုးျဖစ္ပါတယ္။

ဘာေလာ့တယ္လီဟာဂိုးသြင္းယူၿပီးေနာက္ဘာစီလိုနာကစားေဖာ္ေဟာင္းကီဗင္ပရင့္ဘိုတန္းႏွင့္ေအာင္ပြဲခံခဲ့တာ ေတြ႕ရပါတယ္။ပို႔စ္ေမာက္၊စပါးစ္ႏွင့္မီလန္ကစားသမားေဟာင္းဘိုတန္းဟာလည္းေႏြရာသီတုန္းကမြန္ဇာသို႔ ေျပာင္းခဲ့သူျဖစ္ပါတယ္။

ဆာလီနီတာနာႏွင့္ပြဲတြင္မြန္ဇာက၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းႏိုင္ပြဲေၾကာင့္မြန္ဇာဟာစီးရီးဘီအမွတ္ေပးဇ ယားအဆင့္၃ေနရာမွာရပ္တည္ထားႏိုင္ၿပီးထိပ္ဆုံးမွအမ္ပိုလီ၊ဆာလီနီတာနာတို႔ႏွင့္ရမွတ္၂မွတ္သာကြာဟပါေတာ့တယ္။