မွန်ထရီရယ်နည်းပြရာထူးမှနည်းပြဟင်နရီနူတ်ထွက်

သီယာရီဟင်နရီဟာမိသားစုအကြောင်းပြချက်များဖြင့်မွန်ထရီရယ်အမ်းပစ်နည်းပြရာထူးမှနုတ်ထွက်လိုက်ကြောင်း သိရပါတယ်။

အာဆင်နယ်ဂန္ထဝင်အသင်းခေါင်းဆောင်ဟာ၂၀၁၉ခုနှစ်နှစ်ကုန်ပိုင်းတွင်အမေရိကန်မေဂျာလိဂ်ကလပ်အား၂နှစ်စာချုပ်ဖြင့်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ဟင်နရီရဲ့စာချုပ်အတွင်းမှာတစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်းပါဝင် ပါတယ်။ဒါပေမယ့်၂၀၂၀ခုနှစ်အစပိုင်းကိုဗစ်ကြောင့်ပွဲကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

ဟင်နရီဟာမွန်ထရီရယ်ကိုအရှေ့ပိုင်းကွန်ဖရင့်တွင်ပလေးအော့ဖ်အဆင့်သို့ပို့ဆောင်ပေးနိုင်ခဲ့သော်လည်းနယူးအင်္ဂလန်ရီဗော်လူးရှင်းကိုရှုံးနိမ့်ခဲ့ပါတယ်။

ယခုအခါမှာတော့အသက်၄၃နှစ်ရှိဟင်နရီဟာလာမယ့်ဧပြီလတွင်ရာသီသစ်စတင်မီမွန်ထရီရယ်နည်းပြရာထူးမှ နုတ်ထွက်လာပြီဖြစ်ပါတယ်။ပြင်သစ်တိုက်စစ်မှူးဟောင်းကမိသားစုအကြောင်းပြချက်ဖြင့်နုတ်ထွက်လိုက်တာ လည်းဖြစ်ပါတယ်။သူ့မိသားစုကလန်ဒန်မှာနေထိုင်နေပါတယ်။

ဟင်နရီဟာနည်းပြဘဝကိုဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်ရဲ့လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ကာ စတင်ပြီးမိုနာကိုအားကိုင်တွယ်ခဲ့သော်လည်းရလဒ်ဆိုးရွားမှုကြောင့်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာလီဂူး၁ကလပ်မှထုတ်ပယ်ခြင်းခံရပြီးနောက်မွန်ထရီရယ်ကိုကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာမကြာ သေးမီတုန်းကဘုန်းမောက်နည်းပြရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းမောက်ဟာယာယီနည်းပြဆောက်ဂိတ်ကိုယခုရာသီအကုန်အထိကိုင်တွယ်ရန်ခန့်အပ်ထားပါတယ်။

ZawGyi

မြန္ထရီရယ္နည္းျပရာထူးမွနည္းျပဟင္နရီႏူတ္ထြက္

သီယာရီဟင္နရီဟာမိသားစုအေၾကာင္းျပခ်က္မ်ားျဖင့္မြန္ထရီရယ္အမ္းပစ္နည္းျပရာထူးမွႏုတ္ထြက္လိုက္ေၾကာင္း သိရပါတယ္။

အာဆင္နယ္ဂႏၴဝင္အသင္းေခါင္းေဆာင္ဟာ၂၀၁၉ခုႏွစ္ႏွစ္ကုန္ပိုင္းတြင္အေမရိကန္ေမဂ်ာလိဂ္ကလပ္အား၂ႏွစ္စာခ်ဳပ္ျဖင့္ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ဟင္နရီရဲ႕စာခ်ဳပ္အတြင္းမွာတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္လည္းပါဝင္ ပါတယ္။ဒါေပမယ့္၂၀၂၀ခုႏွစ္အစပိုင္းကိုဗစ္ေၾကာင့္ပြဲကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဟင္နရီဟာမြန္ထရီရယ္ကိုအေရွ႕ပိုင္းကြန္ဖရင့္တြင္ပေလးေအာ့ဖ္အဆင့္သို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ေသာ္လည္းနယူးအဂၤလန္ရီေဗာ္လူးရွင္းကိုရႈံးနိမ့္ခဲ့ပါတယ္။

ယခုအခါမွာေတာ့အသက္၄၃ႏွစ္ရွိဟင္နရီဟာလာမယ့္ဧၿပီလတြင္ရာသီသစ္စတင္မီမြန္ထရီရယ္နည္းျပရာထူးမွ ႏုတ္ထြက္လာၿပီျဖစ္ပါတယ္။ျပင္သစ္တိုက္စစ္မႉးေဟာင္းကမိသားစုအေၾကာင္းျပခ်က္ျဖင့္ႏုတ္ထြက္လိုက္တာ လည္းျဖစ္ပါတယ္။သူ႔မိသားစုကလန္ဒန္မွာေနထိုင္ေနပါတယ္။

ဟင္နရီဟာနည္းျပဘဝကိုဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္ရဲ႕လက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ကာ စတင္ၿပီးမိုနာကိုအားကိုင္တြယ္ခဲ့ေသာ္လည္းရလဒ္ဆိုး႐ြားမႈေၾကာင့္ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

သူဟာလီဂူး၁ကလပ္မွထုတ္ပယ္ျခင္းခံရၿပီးေနာက္မြန္ထရီရယ္ကိုကိုင္တြယ္ခဲ့တာလည္းျဖစ္ပါတယ္။သူဟာမၾကာ ေသးမီတုန္းကဘုန္းေမာက္နည္းျပရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားခဲ့သူလည္းျဖစ္ပါတယ္။

ဘုန္းေမာက္ဟာယာယီနည္းျပေဆာက္ဂိတ္ကိုယခုရာသီအကုန္အထိကိုင္တြယ္ရန္ခန႔္အပ္ထားပါတယ္။