မွေးကင်းစတွင် သေဆုံးသွားတဲ့ သားငယ်ရဲ့အရိုးပြာကို ဖခင်အရိုးပြာအိုးအနားတွင် ထားကာ နေ့စဉ်စကားပြောကြောင်း ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟလာ

ခရစ္စတီယာနိုရော်နယ်ဒိုကမွေးကင်းစတွင်သေဆုံးသွားတဲ့သားဖြစ်သူရဲ့အရိုးပြာအိုးကိုနေအိမ်တွင်ထားထားကာအချိန်တိုင်းစကားပြောလေ့ရှိကြောင်းဖွင့်ဟလာပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုရဲ့ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာဧပြီလတုန်းကအမြွားပူးလေးမွေးဖွားခဲ့ပြီးအိန်ဂျယ်မှာသေဆုံးသွားခဲ့ကာအမြွာသမီးဘယ်လာသာရှင်ကျန်ရစ်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့ TalkTV အင်တာဗျူးတွင်သားဖြစ်သူအရိုးပြာကိုဖခင်ဖြစ်သူရဲ့အရိုးပြာအိုးအနီးတွင်ထားထားကြောင်းဆိုသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုက “သူတို့ကိုအချိန်တိုင်းစကားပြောတယ်။ပြီးတော့သူတို့ကကျွန်တော့်ဘက်မှာရှိနေတယ်။သူတို့ကကျွန်တော့်ကိုပိုကောင်းတဲ့လူတစ်ဦး၊ပိုကောင်းတဲ့ပုဂ္ဂိုလ်တစ်ဦး၊ပိုကောင်းတဲ့ဖခင်တစ်ဦးဖြစ်လာစေပါတယ်။ဒါကကျွန်တော့်ကိုသူတို့ပေးတဲ့မက်ဆေ့ချ်ကြောင့်အရမ်းဂုဏ်ယူရတယ်။အထူးသဖြင့်ကျွန်တော့်သား”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကအခြားသူ့သားသမီးများကအမြွာကလေးနှစ်ဦးမယူဆောင်လာဘဲတစ်ဦးတည်းသာခေါ်ယူလာစဉ်တုန်းက အခြားကလေးဘယ်မှာလဲလို့ မေးမြန်းလာချိန်တွင်ကြေကွဲခဲ့ရကြောင်းဆိုသွားပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုက “ဂျီယို(ဂျော်ဂျီနာ)အိမ်ရောက်လာတယ်။နောက်တော့ကလေးတွေကနောက်ကလေးကောဘယ်မှာလဲလို့မေးလာကြတယ်။နောက်ကလေးကောလို့ မေးကြတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအမြွာနှစ်ဦးမှသားလေးဆုံးရှုံးသွားကြောင်းသိခဲ့ရပြီးနောက် အသက်၁၂နှစ်အရွယ်သားဖြစ်သူခရစ္စတီယာနိုဂျူနီယာနှင့်အတူငိုကြွေးခဲ့ရပါတယ်။ဒါပေမဲ့အခြားသူ့သားသမီးတွေဖြစ်ကြတဲ့အီဗာ၊မာတီယို၊အလာနာမာတီနာတို့ကတော့နောက်ကျပြီးတော့သိခဲ့ကြရတာပါ။

ZawGyi

ေမြးကင္းစတြင္ ေသဆုံးသြားတဲ့ သားငယ္ရဲ႕အ႐ိုးျပာကို ဖခင္အ႐ိုးျပာအိုးအနားတြင္ ထားကာ ေန႔စဥ္စကားေျပာေၾကာင္း ခရစၥတီယာႏိုေရာ္နယ္ဒိုဖြင့္ဟလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုကေမြးကင္းစတြင္ေသဆုံးသြားတဲ့သားျဖစ္သူရဲ႕အ႐ိုးျပာအိုးကိုေနအိမ္တြင္ထားထားကာအခ်ိန္တိုင္းစကားေျပာေလ့ရွိေၾကာင္းဖြင့္ဟလာပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ဟာဧၿပီလတုန္းကအႁမြားပူးေလးေမြးဖြားခဲ့ၿပီးအိန္ဂ်ယ္မွာေသဆုံးသြားခဲ့ကာအႁမြာသမီးဘယ္လာသာရွင္က်န္ရစ္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့ TalkTV အင္တာဗ်ဴးတြင္သားျဖစ္သူအ႐ိုးျပာကိုဖခင္ျဖစ္သူရဲ႕အ႐ိုးျပာအိုးအနီးတြင္ထားထားေၾကာင္းဆိုသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုက “သူတို႔ကိုအခ်ိန္တိုင္းစကားေျပာတယ္။ၿပီးေတာ့သူတို႔ကကြၽန္ေတာ့္ဘက္မွာရွိေနတယ္။သူတို႔ကကြၽန္ေတာ့္ကိုပိုေကာင္းတဲ့လူတစ္ဦး၊ပိုေကာင္းတဲ့ပုဂၢိဳလ္တစ္ဦး၊ပိုေကာင္းတဲ့ဖခင္တစ္ဦးျဖစ္လာေစပါတယ္။ဒါကကြၽန္ေတာ့္ကိုသူတို႔ေပးတဲ့မက္ေဆ့ခ်္ေၾကာင့္အရမ္းဂုဏ္ယူရတယ္။အထူးသျဖင့္ကြၽန္ေတာ့္သား”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကအျခားသူ႔သားသမီးမ်ားကအႁမြာကေလးႏွစ္ဦးမယူေဆာင္လာဘဲတစ္ဦးတည္းသာေခၚယူလာစဥ္တုန္းက အျခားကေလးဘယ္မွာလဲလို႔ ေမးျမန္းလာခ်ိန္တြင္ေၾကကြဲခဲ့ရေၾကာင္းဆိုသြားပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုက “ဂ်ီယို(ေဂ်ာ္ဂ်ီနာ)အိမ္ေရာက္လာတယ္။ေနာက္ေတာ့ကေလးေတြကေနာက္ကေလးေကာဘယ္မွာလဲလို႔ေမးလာၾကတယ္။ေနာက္ကေလးေကာလို႔ ေမးၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအႁမြာႏွစ္ဦးမွသားေလးဆုံးရႈံးသြားေၾကာင္းသိခဲ့ရၿပီးေနာက္ အသက္၁၂ႏွစ္အ႐ြယ္သားျဖစ္သူခရစၥတီယာႏိုဂ်ဴနီယာႏွင့္အတူငိုေႂကြးခဲ့ရပါတယ္။ဒါေပမဲ့အျခားသူ႔သားသမီးေတြျဖစ္ၾကတဲ့အီဗာ၊မာတီယို၊အလာနာမာတီနာတို႔ကေတာ့ေနာက္က်ၿပီးေတာ့သိခဲ့ၾကရတာပါ။