မွေးနေ့ပါတီပွဲသို့ လက်နက်ကိုင်ရဲများ ရောက်လာအောင် သတင်းမပေးခဲ့ကြောင်း ဆိုရှယ်အင်ဖလူးရင်ဇာငြင်းဆို

ဆိုရှယ်အင်ဖလူးရင်ဇာ ဂူလီယာဒီယူဆိုးကရိုမီလူလူကာကူရဲ့‌မွေးနေ့ပါတီပွဲသို့လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များရောက်လာအောင်ရဲသတင်းပေးလုပ်ခဲ့တယ်လို့စွပ်စွဲမှုကိုငြင်းဆိုလိုက်ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်းလူကာကူဟာမီလန်မြို့လယ်ရှိဟိုတယ်တစ်ခုတွင်ကစားဖော်များ၊သူငယ်ချင်းများနှင့်အတူမွေးနေ့ပါတီပွဲကျင်းပခဲ့ပါတယ်။ဒါပေမယ့်ရဲတပ်ဖွဲ့များဟာနံနက်ပိုင်းအချိန်မှာဟိုတယ်တွင်ကိုဗစ်စည်းမျဉ်းချိုးဖောက်ကာပါတီပွဲလုပ်နေကြောင်းသတင်းရရှိပြီးသွားရောက်တားဆီးမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်အီတလီမီဒီယာများကဂူလီယာကလူကာကူရဲ့မွေးနေ့ပါတီပွဲသတင်းကိုရဲတပ်ဖွဲ့ကိုပေးခဲ့တယ်လို့ရေးသားဖော်ပြခဲ့ကြပါတယ်။

ယခုအခါသူမကယင်းနဲ့ပတ်သက်ပြီးသူမမှာတစ်စုံတစ်ရာမသိကြောင်း၊သူမကိုသေစေချင်တဲ့သူများကစွပ်စွဲနေခြင်းဖြစ်ကြောင်းကိုအွန်လိုင်းမှငိုယိုကာငြင်းဆိုသွားခဲ့ပါတယ်။

မီလန်ရဲတပ်ဖွဲ့ဟာလူကာကူရဲ့အသက်၂၈နှစ်ပါတီပွဲမှာလူ၂၄ဦးကိုကိုတွေ့ရှိခဲ့ပါတယ်။ယင်းပါတီပွဲသို့အင်တာမီလန်မှအက်ရှ်လေယန်း၊အိုင်ဗန်ပီရီဆစ်၊ဟာကီမီတို့လည်းတက်ရောက်ခဲ့ကြပါတယ်။၎င်းတို့ဟာကိုဗစ်စည်းမျဉ်းချိုးဖောက်မှုကြောင့်ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ေမြးေန႔ပါတီပြဲသို႔ လက္နက္ကိုင္ရဲမ်ား ေရာက္လာေအာင္ သတင္းမေပးခဲ့ေၾကာင္း ဆိုရွယ္အင္ဖလူးရင္ဇာျငင္းဆို

ဆိုရွယ္အင္ဖလူးရင္ဇာ ဂူလီယာဒီယူဆိုးက႐ိုမီလူလူကာကူရဲ႕‌ေမြးေန႔ပါတီပြဲသို႔လက္နက္ကိုင္ရဲတပ္ဖြဲ႕ဝင္မ်ားေရာက္လာေအာင္ရဲသတင္းေပးလုပ္ခဲ့တယ္လို႔စြပ္စြဲမႈကိုျငင္းဆိုလိုက္ပါတယ္။

မန္ယူတိုက္စစ္မႉးေဟာင္းလူကာကူဟာမီလန္ၿမိဳ႕လယ္ရွိဟိုတယ္တစ္ခုတြင္ကစားေဖာ္မ်ား၊သူငယ္ခ်င္းမ်ားႏွင့္အတူေမြးေန႔ပါတီပြဲက်င္းပခဲ့ပါတယ္။ဒါေပမယ့္ရဲတပ္ဖြဲ႕မ်ားဟာနံနက္ပိုင္းအခ်ိန္မွာဟိုတယ္တြင္ကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္ကာပါတီပြဲလုပ္ေနေၾကာင္းသတင္းရရွိၿပီးသြားေရာက္တားဆီးမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္အီတလီမီဒီယာမ်ားကဂူလီယာကလူကာကူရဲ႕ေမြးေန႔ပါတီပြဲသတင္းကိုရဲတပ္ဖြဲ႕ကိုေပးခဲ့တယ္လို႔ေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ယခုအခါသူမကယင္းနဲ႔ပတ္သက္ၿပီးသူမမွာတစ္စုံတစ္ရာမသိေၾကာင္း၊သူမကိုေသေစခ်င္တဲ့သူမ်ားကစြပ္စြဲေနျခင္းျဖစ္ေၾကာင္းကိုအြန္လိုင္းမွငိုယိုကာျငင္းဆိုသြားခဲ့ပါတယ္။

မီလန္ရဲတပ္ဖြဲ႕ဟာလူကာကူရဲ႕အသက္၂၈ႏွစ္ပါတီပြဲမွာလူ၂၄ဦးကိုကိုေတြ႕ရွိခဲ့ပါတယ္။ယင္းပါတီပြဲသို႔အင္တာမီလန္မွအက္ရွ္ေလယန္း၊အိုင္ဗန္ပီရီဆစ္၊ဟာကီမီတို႔လည္းတက္ေရာက္ခဲ့ၾကပါတယ္။၎တို႔ဟာကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။