မွေးရပ်မြေကလပ်သို့ ပြောင်းပြီး တစ်ပတ်အကြာမှာဘဲ ကားမောင်းလိုင်စင်အသိမ်းခံလိုက်ရတဲ့ နိုင်ဂိုလွန်

ဘယ်လ်ဂျီယံစတားရက်ဂျာနိုင်ဂိုလွန်ဟာမွေးရပ်မြေကလပ်သို့ရောက်ခါစအချိန်မှာဘဲဆိုးရွားတဲ့ဘဝတစ်ခုကိုစတင်လိုက်ရပါတယ်။နိုင်ဂိုလွန်ဟာရက်သောက်ကားမောင်းမှု၊ကားအမြန်မောင်းမှုကြောင့်ကားလိုင်စင်အသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိအင်ဒိုနီးရှားနွယ်ဖွားကစားသမားဟာအီတလီတွင်ကက်ဂလီယာရီ၊ရိုးမား၊အင်တာမီလန်တို့တွင်ကာလရှည်ကြာကစားခဲ့သူဖြစ်ပါတယ်။

သူဟာယခုလအစောပိုင်းတုန်းကအင်တာမီလန်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက်အီတလီကိုစွန့်ခွာကာမွေးရပ်မြေမြို့အခြေစိုက်ရွိုင်ရယ်အန့်ဝတ်သို့ပြောင်းခဲ့ပါတယ်။

ဒါပေမယ့်အသက်၃၃နှစ်ရှိကစားသမားဟာမြို့အတွင်းသူ့ရဲ့ပေါင်၁၅၀၀၀၀တန် Macedes G63 SUV ဖြင့်အရက်မူးကာသတ်မှတ်မိုင်နှုန်းကျော်လွန်ကာကားမောင်းခဲ့ပါတယ်။

သူဟာတနင်္ဂနွေနေ့နံနက်၄နာရီအချိန်တွင်တစ်နာရီလျှင်မိုင်၃၀သာမောင်းနှင်ရန်သတ်မှတ်ထားတဲ့ Scheldt Quays ဧရိယာတွင်တစ်နာရီလျှင်မိုင်၆၀အထိမောင်းနှင်ခဲ့ပါတယ်။

ဒါ့အပြင်ရဲတပ်ဖွဲ့ကသူ့ကိုသတ်မှတ်ပမာဏထက်အရက်သောက်ထားခြင်းရှိ/မရှိစစ်ဆေးချိန်တွင်လည်းစစ်ဆေးမှုကျခဲ့ပါတယ်။

ယခုအခါတရားရုံးကသူ့ကိုကားမောင်းခွင့်နှစ်ပတ်နှင့်ဒဏ်ရိုက်လိုက်ပြီဖြစ်ပါတယ်။သူဟာ၂၀၁၈ခုနှစ်တုန်းကအရက်သောက်ကားမောင်းမှုကြောင့်ပေါင်၁၄၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရဖူးပါတယ်။

ZawGyi

ေမြးရပ္ေျမကလပ္သို႔ ေျပာင္းၿပီး တစ္ပတ္အၾကာမွာဘဲ ကားေမာင္းလိုင္စင္အသိမ္းခံလိုက္ရတဲ့ ႏိုင္ဂိုလြန္

ဘယ္လ္ဂ်ီယံစတားရက္ဂ်ာႏိုင္ဂိုလြန္ဟာေမြးရပ္ေျမကလပ္သို႔ေရာက္ခါစအခ်ိန္မွာဘဲဆိုး႐ြားတဲ့ဘဝတစ္ခုကိုစတင္လိုက္ရပါတယ္။ႏိုင္ဂိုလြန္ဟာရက္ေသာက္ကားေမာင္းမႈ၊ကားအျမန္ေမာင္းမႈေၾကာင့္ကားလိုင္စင္အသိမ္းခံလိုက္ရတာျဖစ္ပါတယ္။

အသက္၃၃ႏွစ္ရွိအင္ဒိုနီးရွားႏြယ္ဖြားကစားသမားဟာအီတလီတြင္ကက္ဂလီယာရီ၊႐ိုးမား၊အင္တာမီလန္တို႔တြင္ကာလရွည္ၾကာကစားခဲ့သူျဖစ္ပါတယ္။

သူဟာယခုလအေစာပိုင္းတုန္းကအင္တာမီလန္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္အီတလီကိုစြန႔္ခြာကာေမြးရပ္ေျမၿမိဳ႕အေျခစိုက္႐ြိဳင္ရယ္အန႔္ဝတ္သို႔ေျပာင္းခဲ့ပါတယ္။

ဒါေပမယ့္အသက္၃၃ႏွစ္ရွိကစားသမားဟာၿမိဳ႕အတြင္းသူ႔ရဲ႕ေပါင္၁၅၀၀၀၀တန္ Macedes G63 SUV ျဖင့္အရက္မူးကာသတ္မွတ္မိုင္ႏႈန္းေက်ာ္လြန္ကာကားေမာင္းခဲ့ပါတယ္။

သူဟာတနဂၤေႏြေန႔နံနက္၄နာရီအခ်ိန္တြင္တစ္နာရီလွ်င္မိုင္၃၀သာေမာင္းႏွင္ရန္သတ္မွတ္ထားတဲ့ Scheldt Quays ဧရိယာတြင္တစ္နာရီလွ်င္မိုင္၆၀အထိေမာင္းႏွင္ခဲ့ပါတယ္။

ဒါ့အျပင္ရဲတပ္ဖြဲ႕ကသူ႔ကိုသတ္မွတ္ပမာဏထက္အရက္ေသာက္ထားျခင္းရွိ/မရွိစစ္ေဆးခ်ိန္တြင္လည္းစစ္ေဆးမႈက်ခဲ့ပါတယ္။

ယခုအခါတရား႐ုံးကသူ႔ကိုကားေမာင္းခြင့္ႏွစ္ပတ္ႏွင့္ဒဏ္႐ိုက္လိုက္ၿပီျဖစ္ပါတယ္။သူဟာ၂၀၁၈ခုႏွစ္တုန္းကအရက္ေသာက္ကားေမာင္းမႈေၾကာင့္ေပါင္၁၄၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရဖူးပါတယ္။