မွေးရပ်မြေဘမ်ဘာလီတွင် ဂုဏ်ပြုဖွင့်လှစ်လာတဲ့ မာနေးရဲ့ရုပ်ထု လှောင်ပြောင်ခြင်းခံနေရ

ဆီနီဂေါစတားဆာဒေယိုမာနေးကိုမွေးရပ်မြေဘမ်ဘာလီကရုပ်ထုထုလုပ်ဂုဏ်ပြုမှုပြုလုပ်လာပါတယ်။

အသက်၃၀နှစ်ရှိမာနေးဟာလီဗာပူးတွင်ခြောက်နှစ်ကြာကစားပြီးနောက်နွေရာသီတုန်းကဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့လာသူဖြစ်ပါတယ်။

သူဟာကစားသမားတစ်ဦးအဖြစ်အောင်မြင်လာပြီးနောက် မွေးရပ်မြေ ဆီနီဂေါတောင်ပိုင်းရှိဘမ်ဘီလီရွာတွင်အလှူအတန်းများစွာပြုလုပ်ထားသူလည်းဖြစ်ပါတယ်။

မာနေးဟာမွေးရပ်မြေရွာတွင်ဆေးရုံဆောက်လုပ်ရန်ပေါင်၅၀၀၀၀၀လှူဒါန်းခဲ့သလို မကြာသေးမီတုန်းကပေါင်၂၀၀၀၀၀လှူဒါန်းကာကျောင်းသစ်တည်ဆောက်ပေးထားပါတယ်။

ဒါ့အပြင်သူဟာဒေသခံရွာသားများအတွက်အကူအညီဖြစ်စေရန်အတွက် ဓာတ်ဆီဆိုင်တစ်ဆိုင်ဖွင့်လှစ်ခဲ့သလို စာတိုက်တစ်ခုလည်းဖွင့်လှစ်ခဲ့ပါတယ်။

ဒါကြောင့်လည်းဘမ်ဘာလီရွာသားများဟာဆာဒေယိုမာနေးကိုဂုဏ်ပြုတဲ့အနေဖြင့် ရုပ်ထုထုလုပ်ဂုဏ်ပြုလာတာဖြစ်ပါတယ်။

ဆာဒေယိုမာနေးရဲ့ရုပ်ထုကိုဆီနီဂေါအနုပညာရှင်တစ်ဦးကထုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။မာနေးရဲ့၂၀၂၁ခုနှစ်အာဖရိကဖလားအောင်ပွဲခံတုန်းကပုံကိုရုပ်ထုထုလုပ်ထားတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဆာဒေယိုမာနေးရဲ့ရုပ်ထုကရယ်စရာကောင်းနေမှုနဲ့အတူဆိုရှယ်မီဒီယာတွင်လှောင်ပြောင်နေကြပါတယ်။အထူးသဖြင့်မာနေးရဲ့ဦးခေါင်းပုံကြောင့်လှောင်ပြောင်နေကြတာလည်းဖြစ်ပါတယ်။

ZawGyi

ေမြးရပ္ေျမဘမ္ဘာလီတြင္ ဂုဏ္ျပဳဖြင့္လွစ္လာတဲ့ မာေနးရဲ႕႐ုပ္ထု ေလွာင္ေျပာင္ျခင္းခံေနရ

ဆီနီေဂါစတားဆာေဒယိုမာေနးကိုေမြးရပ္ေျမဘမ္ဘာလီက႐ုပ္ထုထုလုပ္ဂုဏ္ျပဳမႈျပဳလုပ္လာပါတယ္။

အသက္၃၀ႏွစ္ရွိမာေနးဟာလီဗာပူးတြင္ေျခာက္ႏွစ္ၾကာကစားၿပီးေနာက္ေႏြရာသီတုန္းကဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕လာသူျဖစ္ပါတယ္။

သူဟာကစားသမားတစ္ဦးအျဖစ္ေအာင္ျမင္လာၿပီးေနာက္ ေမြးရပ္ေျမ ဆီနီေဂါေတာင္ပိုင္းရွိဘမ္ဘီလီ႐ြာတြင္အလႉအတန္းမ်ားစြာျပဳလုပ္ထားသူလည္းျဖစ္ပါတယ္။

မာေနးဟာေမြးရပ္ေျမ႐ြာတြင္ေဆး႐ုံေဆာက္လုပ္ရန္ေပါင္၅၀၀၀၀၀လႉဒါန္းခဲ့သလို မၾကာေသးမီတုန္းကေပါင္၂၀၀၀၀၀လႉဒါန္းကာေက်ာင္းသစ္တည္ေဆာက္ေပးထားပါတယ္။

ဒါ့အျပင္သူဟာေဒသခံ႐ြာသားမ်ားအတြက္အကူအညီျဖစ္ေစရန္အတြက္ ဓာတ္ဆီဆိုင္တစ္ဆိုင္ဖြင့္လွစ္ခဲ့သလို စာတိုက္တစ္ခုလည္းဖြင့္လွစ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဘမ္ဘာလီ႐ြာသားမ်ားဟာဆာေဒယိုမာေနးကိုဂုဏ္ျပဳတဲ့အေနျဖင့္ ႐ုပ္ထုထုလုပ္ဂုဏ္ျပဳလာတာျဖစ္ပါတယ္။

ဆာေဒယိုမာေနးရဲ႕႐ုပ္ထုကိုဆီနီေဂါအႏုပညာရွင္တစ္ဦးကထုလုပ္ဖန္တီးထားတာျဖစ္ပါတယ္။မာေနးရဲ႕၂၀၂၁ခုႏွစ္အာဖရိကဖလားေအာင္ပြဲခံတုန္းကပုံကို႐ုပ္ထုထုလုပ္ထားတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဆာေဒယိုမာေနးရဲ႕႐ုပ္ထုကရယ္စရာေကာင္းေနမႈနဲ႔အတူဆိုရွယ္မီဒီယာတြင္ေလွာင္ေျပာင္ေနၾကပါတယ္။အထူးသျဖင့္မာေနးရဲ႕ဦးေခါင္းပုံေၾကာင့္ေလွာင္ေျပာင္ေနၾကတာလည္းျဖစ္ပါတယ္။