
မန်ယူဟာယခုအပတ်အကုန်လက်စတာနှင့်ပရီးမီးယားလိဂ်အဝေးကွင်းအတွက်ခံစစ်ပိုင်း ကစားသမားရွေးချယ်ဖို့အလွန်နည်းပါးနေပါတယ်။မှတ်တမ်းများအရမန်ယူဟာအခြေအနေဆိုးရွားသထက်ဆိုးရွားလာနိုင်ကြောင်းတွေ့နေရပြန်ပါတယ်။
လက်ရှိအချိန်မှာအသင်းခေါင်းဆောင်မက်ဂွိုင်းယားကခြေသလုံးဒဏ်ရာကြောင့်အနားယူနေရတုန်းဖြစ်ပါတယ်။တစ်ဖက်တွင်ပြင်သစ်နောက်ခံလူရာဖေးလ်ဗာရိန်းကစပိန်နှင့်ပွဲမှာပေါင်ခြံကြွက်သားဒဏ်ရာရရှိလို့အနားယူရပါဦးမယ်။
မက်ဂွိုင်းယားကမကြာခင်ပြန်ကစားနိုင်ဖို့ရှိပေမယ့်ဗာရိန်းကတော့ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရပါမယ်။
ဒါကြောင့်လည်းမန်ယူနည်းပြဆိုးလ်ရှားဟာလက်စတာနှင့်ပွဲစဉ်မှာဗစ်တာလင်ဒီလော့ဖ်နှင့်အဲရစ်ဘိုင်လီကိုဗဟိုခံစစ်ကြောင်းကိုအသုံးပြုလာရပါတော့မယ်။
သူတို့နှစ်ဦးတွဲကစားခဲ့တဲ့သမိုင်းကြောင်းကိုလိုက်ကြည့်ရင်မန်ယူရဲ့ခံစစ်ပိုင်းကဆိုးရွားနေတာတွေ့ရပါတယ်။
၂၀၁၈ခုနှစ်မှာမက်ဂွိုင်းယား မန်ယူသို့ပေါင်၈၅သန်းဖြင့်ရောက်လာပြီးနောက်ပိုင်းမှာအဲရစ်ဘိုင်လီနှင့်လင်ဒီလော့ဖ်တို့ဟာ၁၈ကြိမ်တိုင်တိုင်တွဲကစားခဲ့ဖူးပါတယ်။ယင်း၁၈ပွဲမှာတစ်ပွဲပျမ်းမျှ၁.၃၉ဂိုးပေးရပြီးဂိုးမပေးရတဲ့ရာခိုင်နှုန်း၂၂ရာခိုင်နှုန်းဘဲရှိကာအနိုင်ရာခိုင်နှုန်းကလည်း၄၄ရာခိုင်နှုန်းဘဲရှိပါတယ်။
ဒါပေမယ့်မက်ဂွိုင်းယားနှင့်လင်ဒီလော့ဖ်တွဲကစားချိန်မှာတော့မန်ယူဟာတစ်ပွဲပျမ်းမျှ၁.၀၂ဂိုးနှုန်းသာပေးရတာတွေ့ရပါတယ်။မက်ဂွိုင်းယားနှင့်ဘိုင်လီတို့တွဲကစားချိန်မှာတစ်ပွဲပျမ်းမျှပေးဂိုး၁ဂိုးဘဲရှိပါတယ်။
တစ်ဖက်တွင်မက်ဂွိုင်းယားနှင့်ဘိုင်လီတို့တွဲကစားခဲ့တဲ့၁၉ပွဲမှာ၅၃ရာခိုင်နှုန်းဂိုးမပေးရပါဘူး။မက်ဂွိုင်းယားနှင့်လင်ဒီလော့ဖ်တွဲကစားတဲ့အခါမှာတော့၃၆ရာခိုင်နှုန်းပဲဂိုးမပေးရပါဘူး။၎င်းတို့နှစ်ဦးဟာ၈၄ပွဲအထိအတူတွဲကစားထားတာပါ။
ဒါပေမယ့်လင်ဒီလော့ဖ်နှင့်ဘိုင်လီတို့တွဲကစားချိန်မှာတော့ဂိုးမပေးရတဲ့ရာခိုင်နှုန်း၂၂ရာခိုင်နှုန်းဘဲရှိပါတယ်။
လက်ရှိအနေအထားအရဆိုးလ်ရှားဟာလက်စတာနှင့်ပွဲမှာဘိုင်လီနှင့်လင်ဒီလော့ဖ်တို့ကိုပွဲထုတ်လာဖို့သေချာနေပါတယ်။သူဟာမကြာခင်မက်ဂွိုင်းယားပြန်လည်ကောင်းမွန်လာဖို့မျှော်လင့်နေမှာတော့အသေအချာပါပဲ။
ZawGyi
မွတ္တမ္းမ်ားအရ မက္ဂြိဳင္းယားမပါခ်ိန္မွာ ပိုမို႐ုန္းကန္လာရဦးမယ့္ သရဲနီခံစစ္ေၾကာင္း
မန္ယူဟာယခုအပတ္အကုန္လက္စတာႏွင့္ပရီးမီးယားလိဂ္အေဝးကြင္းအတြက္ခံစစ္ပိုင္း ကစားသမားေ႐ြးခ်ယ္ဖို႔အလြန္နည္းပါးေနပါတယ္။မွတ္တမ္းမ်ားအရမန္ယူဟာအေျခအေနဆိုး႐ြားသထက္ဆိုး႐ြားလာႏိုင္ေၾကာင္းေတြ႕ေနရျပန္ပါတယ္။
လက္ရွိအခ်ိန္မွာအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကေျခသလုံးဒဏ္ရာေၾကာင့္အနားယူေနရတုန္းျဖစ္ပါတယ္။တစ္ဖက္တြင္ျပင္သစ္ေနာက္ခံလူရာေဖးလ္ဗာရိန္းကစပိန္ႏွင့္ပြဲမွာေပါင္ၿခံႂကြက္သားဒဏ္ရာရရွိလို႔အနားယူရပါဦးမယ္။
မက္ဂြိဳင္းယားကမၾကာခင္ျပန္ကစားႏိုင္ဖို႔ရွိေပမယ့္ဗာရိန္းကေတာ့ရက္သတၱပတ္အနည္းငယ္ၾကာအနားယူရပါမယ္။
ဒါေၾကာင့္လည္းမန္ယူနည္းျပဆိုးလ္ရွားဟာလက္စတာႏွင့္ပြဲစဥ္မွာဗစ္တာလင္ဒီေလာ့ဖ္ႏွင့္အဲရစ္ဘိုင္လီကိုဗဟိုခံစစ္ေၾကာင္းကိုအသုံးျပဳလာရပါေတာ့မယ္။
သူတို႔ႏွစ္ဦးတြဲကစားခဲ့တဲ့သမိုင္းေၾကာင္းကိုလိုက္ၾကည့္ရင္မန္ယူရဲ႕ခံစစ္ပိုင္းကဆိုး႐ြားေနတာေတြ႕ရပါတယ္။
၂၀၁၈ခုႏွစ္မွာမက္ဂြိဳင္းယား မန္ယူသို႔ေပါင္၈၅သန္းျဖင့္ေရာက္လာၿပီးေနာက္ပိုင္းမွာအဲရစ္ဘိုင္လီႏွင့္လင္ဒီေလာ့ဖ္တို႔ဟာ၁၈ႀကိမ္တိုင္တိုင္တြဲကစားခဲ့ဖူးပါတယ္။ယင္း၁၈ပြဲမွာတစ္ပြဲပ်မ္းမွ်၁.၃၉ဂိုးေပးရၿပီးဂိုးမေပးရတဲ့ရာခိုင္ႏႈန္း၂၂ရာခိုင္ႏႈန္းဘဲရွိကာအႏိုင္ရာခိုင္ႏႈန္းကလည္း၄၄ရာခိုင္ႏႈန္းဘဲရွိပါတယ္။
ဒါေပမယ့္မက္ဂြိဳင္းယားႏွင့္လင္ဒီေလာ့ဖ္တြဲကစားခ်ိန္မွာေတာ့မန္ယူဟာတစ္ပြဲပ်မ္းမွ်၁.၀၂ဂိုးႏႈန္းသာေပးရတာေတြ႕ရပါတယ္။မက္ဂြိဳင္းယားႏွင့္ဘိုင္လီတို႔တြဲကစားခ်ိန္မွာတစ္ပြဲပ်မ္းမွ်ေပးဂိုး၁ဂိုးဘဲရွိပါတယ္။
တစ္ဖက္တြင္မက္ဂြိဳင္းယားႏွင့္ဘိုင္လီတို႔တြဲကစားခဲ့တဲ့၁၉ပြဲမွာ၅၃ရာခိုင္ႏႈန္းဂိုးမေပးရပါဘူး။မက္ဂြိဳင္းယားႏွင့္လင္ဒီေလာ့ဖ္တြဲကစားတဲ့အခါမွာေတာ့၃၆ရာခိုင္ႏႈန္းပဲဂိုးမေပးရပါဘူး။၎တို႔ႏွစ္ဦးဟာ၈၄ပြဲအထိအတူတြဲကစားထားတာပါ။
ဒါေပမယ့္လင္ဒီေလာ့ဖ္ႏွင့္ဘိုင္လီတို႔တြဲကစားခ်ိန္မွာေတာ့ဂိုးမေပးရတဲ့ရာခိုင္ႏႈန္း၂၂ရာခိုင္ႏႈန္းဘဲရွိပါတယ္။
လက္ရွိအေနအထားအရဆိုးလ္ရွားဟာလက္စတာႏွင့္ပြဲမွာဘိုင္လီႏွင့္လင္ဒီေလာ့ဖ္တို႔ကိုပြဲထုတ္လာဖို႔ေသခ်ာေနပါတယ္။သူဟာမၾကာခင္မက္ဂြိဳင္းယားျပန္လည္ေကာင္းမြန္လာဖို႔ေမွ်ာ္လင့္ေနမွာေတာ့အေသအခ်ာပါပဲ။