မှတ်တမ်းရုပ်ရှင်သစ်တွင် ဂေးဖြစ်ကြောင်း ဖွင့်ချလာတော့မယ့် အင်္ဂလန်လက်ရွေးစင်ဟောင်း

အင်္ဂလန်နှင့်ပရီးမီးယားလိဂ်ကစားသမားဟောင်းတစ်ဦးဟာဂေးဘောလုံးသမားများအကြောင်းရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်သစ်တွင် ဂေးဖြစ်ကြောင်းဖွင့်ချလာတော့မှာဖြစ်ပါတယ်။

သူဟာ Channel 4 ကထုတ်လွှင့်ရန်စီစဉ်ထားတဲ့မှတ်တမ်းရုပ်ရှင်တွင်သူ့ရဲ့လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုကိုဖွင့်ချလာမှာလည်းဖြစ်ပါတယ်။

ရုပ်သံလိုင်းမှအကြီးအကဲများဟာအေးဂျင့်အပြင်ကစားသမားဟောင်းများ၊လက်ရှိကစားနေဆဲကစားသမားများနှင့်တွေ့ဆုံမှုများပြုလုပ်ပြီးနောက် အဆိုပါအင်္ဂလန်လက်ရွေးစင်ဟောင်းဂေးကစားသမားနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းကဘလက်ပူးလ်ရဲ့အသက်၁၇နှစ်ရှိတိုက်စစ်မှူးဂျိတ်ဒါနီရယ်ဟာဂေးတစ်ဦးဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။သူဟာ၁၉၉၀ခုနှစ်တုန်းကဂျပ်စတင်ဖာရှာနူပြီးနောက်ဗြိတိန်တွင်ဂေးတစ်ဦးဖြစ်ကြောင်းဖွင့်ချလာတဲ့ပထမဆုံးဗြိတိန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းဟာလည်းဂျိတ်ဒါနီရယ်ကိုအားလုံးကထောက်ခံအားပေးကြောင်းသိရှိလာပြီးနောက်သူကိုယ်တိုင်မှာလည်းသူ့ဘဝအမှန်ကိုအားလုံးသိအောင်လုပ်ဆောင်ပြီးမဖုံးကွယ်ဘဲဘဝအမှန်အတိုင်းနေထိုင်ရန်စိတ်အားထက်သန်နေပါတယ်။

Zawgyi





