မှတ်ပုံတင်စည်းမျဉ်းကြောင့် အဓိကကကစားသမားသုံးဦးအကြား ရွေးချယ်ရတော့မယ့် ရီးရဲလ်မက်ဒရစ်

ဂါရတ်ဘေးလ်ရဲ့ဘာနေဗျူးသို့အပြန်ခရီးကရီးရဲလ်မက်ဒရစ်အတွက်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်စေလျက်ရှိပါတယ်။ရီးရဲလ်မက်ဒရစ်ဟာအသစ်ပြောင်းလဲလိုက်တဲ့လာလီဂါရဲ့မှတ်ပုံတင်စည်းမျဉ်းကြောင့်အီးယူပြင်ပကစားသမားများဖြစ်တဲ့ဗီနီးစီးယက်စ်၊ရိုဒရီဂို၊အီဒါမီလီတာအိုတို့ထဲမှတစ်ဦးဦးကိုရောင်းချခြင်း/အငှားချခြင်းတို့ပြုလုပ်ရမယ့်အရေးနှင့်ရင်ဆိုင်နေရတာပါ။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာယခုရာသီမှစတင်ကာဥရောပပြင်ပမှကစားသမားများအားမှတ်ပုံတင်ခွင့်၃ဦးတည်းသာပေးထားပါတယ်။

ဗြိတိန်မှာအီးယူမှထွက်ခွာထားပြီးဖြစ်ကာဗြိတိန်ကစားသမားများအနေဖြင့်ပြီးခဲ့တဲ့ဘောလုံးရာသီအထိသာအီးယူကစားသမားအဖြစ်ဆက်ရှိနေပါတယ်။

ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့စည်းမျဉ်းသစ်မှာအကျုံးဝင်လာပြီဖြစ်ရာဂါရတ်ဘေးလ်ရောက်လာမှုကရီးရဲလ်မက်ဒရစ်အတွက်အခက်တွေ့စေလျက်ရှိပါတယ်။

တစ်ဖက်တွင်ဥရောပပြင်ပမှကစားသမားများဟာစပိန်တွင်၂နှစ်နှင့်အထက်နေထိုင်ပြီးပါကစပိန်နိုင်ငံသားခံယူခွင့်ရှိပြီးရီးရဲလ်မက်ဒရစ်မှကက်စ်မီရို၊မာဆယ်လို၊အက်သလက်တီကိုမှလူးဝစ်ဆွာရက်ဇ်နှင့်ကော်ရီယာတို့မှာစပိန်နိုင်ငံသားဖြစ်ထားပြီးဖြစ်ရာစည်းမျဉ်းသစ်ကသူတို့အတွက်အကျုံးမဝင်ပါဘူး။

ရီးရဲလ်မက်ဒရစ်မှဗီနီစီးယပ်စ်၊ရိုဒရီဂို၊မီလီတာအိုတို့မှာစပိန်နိုင်ငံသားခွင့်ယူခွင့်ရရှိရေးအတွက်လျှောက်ထားဆဲဖြစ်ကြကာစပိန်ဘောလုံးအဖွဲ့ချုပ်ကမဆုံးဖြတ်ရသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ရဲ့အခြား အီးယူပြင်ပကစားသမားများဖြစ်ကြတဲ့ရေနီယာရီ၊ကူဘိုတို့မှာမူအငှားဖြင့်ထွက်ခွာကစားရဖို့သေချာနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ၂၀၁၉ခုနှစ်တုန်းကယူရို၄၅သန်းဖြင့်ခေါ်ယူထားတဲ့ရိုဒရီဂိုအား ရီးရဲလ်မက်ဒရစ်(ခ)အသင်းနှင့်အတူတတိယတန်းတွင်ကစားစေပြီးချန်ပီယံလိဂ်တွင်အသုံးပြုပြီးဖြေရှင်းမှုလည်းလုပ်လာနိုင်ပါတယ်။

တစ်ဖက်တွင်မန်ယူအသင်းကလည်းဗီနီစီးယပ်စ်ကိုခေါ်ယူရန်စိတ်ဝင်စားလျက်ရှိပါတယ်။

အက်သလက်တီကိုဟာသူတို့ရဲ့အီးယူပြင်ပကစားသမားဖြစ်တဲ့ကီရန်ထရစ်ပီယာကို မန်ယူသို့ပေါင်၁၈သန်းဖြင့်ရောင်းချရန်ဆွေးနွေးနေပါတယ်။

ZawGyi

မွတ္ပုံတင္စည္းမ်ဥ္းေၾကာင့္ အဓိကကကစားသမားသုံးဦးအၾကား ေ႐ြးခ်ယ္ရေတာ့မယ့္ ရီးရဲလ္မက္ဒရစ္

ဂါရတ္ေဘးလ္ရဲ႕ဘာေနဗ်ဴးသို႔အျပန္ခရီးကရီးရဲလ္မက္ဒရစ္အတြက္ႀကီးမားတဲ့ဝန္ထုပ္ဝန္ပိုးျဖစ္ေစလ်က္ရွိပါတယ္။ရီးရဲလ္မက္ဒရစ္ဟာအသစ္ေျပာင္းလဲလိုက္တဲ့လာလီဂါရဲ႕မွတ္ပုံတင္စည္းမ်ဥ္းေၾကာင့္အီးယူျပင္ပကစားသမားမ်ားျဖစ္တဲ့ဗီနီးစီးယက္စ္၊႐ိုဒရီဂို၊အီဒါမီလီတာအိုတို႔ထဲမွတစ္ဦးဦးကိုေရာင္းခ်ျခင္း/အငွားခ်ျခင္းတို႔ျပဳလုပ္ရမယ့္အေရးႏွင့္ရင္ဆိုင္ေနရတာပါ။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာယခုရာသီမွစတင္ကာဥေရာပျပင္ပမွကစားသမားမ်ားအားမွတ္ပုံတင္ခြင့္၃ဦးတည္းသာေပးထားပါတယ္။

ၿဗိတိန္မွာအီးယူမွထြက္ခြာထားၿပီးျဖစ္ကာၿဗိတိန္ကစားသမားမ်ားအေနျဖင့္ၿပီးခဲ့တဲ့ေဘာလုံးရာသီအထိသာအီးယူကစားသမားအျဖစ္ဆက္ရွိေနပါတယ္။

ယခုအခါ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စည္းမ်ဥ္းသစ္မွာအက်ဳံးဝင္လာၿပီျဖစ္ရာဂါရတ္ေဘးလ္ေရာက္လာမႈကရီးရဲလ္မက္ဒရစ္အတြက္အခက္ေတြ႕ေစလ်က္ရွိပါတယ္။

တစ္ဖက္တြင္ဥေရာပျပင္ပမွကစားသမားမ်ားဟာစပိန္တြင္၂ႏွစ္ႏွင့္အထက္ေနထိုင္ၿပီးပါကစပိန္ႏိုင္ငံသားခံယူခြင့္ရွိၿပီးရီးရဲလ္မက္ဒရစ္မွကက္စ္မီ႐ို၊မာဆယ္လို၊အက္သလက္တီကိုမွလူးဝစ္ဆြာရက္ဇ္ႏွင့္ေကာ္ရီယာတို႔မွာစပိန္ႏိုင္ငံသားျဖစ္ထားၿပီးျဖစ္ရာစည္းမ်ဥ္းသစ္ကသူတို႔အတြက္အက်ဳံးမဝင္ပါဘူး။

ရီးရဲလ္မက္ဒရစ္မွဗီနီစီးယပ္စ္၊႐ိုဒရီဂို၊မီလီတာအိုတို႔မွာစပိန္ႏိုင္ငံသားခြင့္ယူခြင့္ရရွိေရးအတြက္ေလွ်ာက္ထားဆဲျဖစ္ၾကကာစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကမဆုံးျဖတ္ရေသးပါဘူး။

ရီးရဲလ္မက္ဒရစ္ရဲ႕အျခား အီးယူျပင္ပကစားသမားမ်ားျဖစ္ၾကတဲ့ေရနီယာရီ၊ကူဘိုတို႔မွာမူအငွားျဖင့္ထြက္ခြာကစားရဖို႔ေသခ်ာေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ၂၀၁၉ခုႏွစ္တုန္းကယူ႐ို၄၅သန္းျဖင့္ေခၚယူထားတဲ့႐ိုဒရီဂိုအား ရီးရဲလ္မက္ဒရစ္(ခ)အသင္းႏွင့္အတူတတိယတန္းတြင္ကစားေစၿပီးခ်န္ပီယံလိဂ္တြင္အသုံးျပဳၿပီးေျဖရွင္းမႈလည္းလုပ္လာႏိုင္ပါတယ္။

တစ္ဖက္တြင္မန္ယူအသင္းကလည္းဗီနီစီးယပ္စ္ကိုေခၚယူရန္စိတ္ဝင္စားလ်က္ရွိပါတယ္။

အက္သလက္တီကိုဟာသူတို႔ရဲ႕အီးယူျပင္ပကစားသမားျဖစ္တဲ့ကီရန္ထရစ္ပီယာကို မန္ယူသို႔ေပါင္၁၈သန္းျဖင့္ေရာင္းခ်ရန္ေဆြးေႏြးေနပါတယ္။