ယခင်ကလိုမျိုး ကမ္ဘာ့အဆင့်ကစားသမားမျိုးမဟုတ်တော့ကြောင်း ဟာဇက်ဝန်ခံ

ရီးရဲလ်မက်ဒရစ်စတားအေဒင်ဟာဇက်က၎င်းမှာယခင်ကဲ့သို့ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးမဟုတ်တော့ကြောင်းဝန်ခံလာပေမဲ့လည်းကြီးကျယ်တဲ့အရာများကိုလုပ်ပြနိုင်တုန်းဖြစ်ကြောင်းပြောကြားလာပါတယ်။

အေဒင်ဟာဇက်ဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင်ဒဏ်ရာပြဿနာများနှင့်ကြုံလာခဲ့ရပြီးရီးရဲလ်မက်ဒရစ်ပွဲထွက်လူစာရင်းတွင်ပါဝင်နိုင်ရန်ရုန်းကန်နေရပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူလာလီဂါဖလား၂ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးထားနိုင်ပေမဲ့လည်း၇၂ကြိမ်တည်းသာကစားထားနိုင်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်နေရာရရှိရန်ရုန်းကန်နေရပေမဲ့လည်းဘယ်လ်ဂျီယံအသင်းတွင်ပင်နေရာတစ်နေရာအခိုင်အမာရရှိကာနည်းပြမာတီနက်ဇ်ရဲ့ယုံကြည်မှုရရှိနေတုန်းဖြစ်ပါတယ်။သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘယ်လ်ဂျီယံကိုအသင်းခေါင်းဆောင်အဖြစ်ဦးဆောင်လာဦးမှာဖြစ်ပါတယ်။

အေဒင်ဟာဇက်က “အရိုးသားဆုံးပြောရရင်၂၀၁၈ခုနှစ်တုန်းကလိုအဆင့်မျိုးမှာကျွန်တော်မရှိတော့ပါဘူး။ပြလည်းမပြသနိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်ဟာခန္ဓာကိုယ်ပိုင်း၊စိတ်ပိုင်းအများကြီးနာကျင်ခဲ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးပြောရတာမရှက်ပါဘူး။၂၀၁၈ခုနှစ်တုန်းကကျွန်တော်ကကမ္ဘာ့အကောင်းဆုံး၁၀ဦးမှာပါဝင်ပါတယ်။အဲဒီနေရာသို့ပြန်သွားနိုင်မလားလို့မေးလာရင်မထင်တော့ပါဘူး။ဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်သာခွင့်ပြုမယ်ဆိုရင်ကြီးကျယ်တာတွေလုပ်ပြနိုင်တုန်းပါ”လို့ပြောကြားသွားပါတယ်။

အေဒင်ဟာဇက်ဦးဆောင်တဲ့ဘယ်လ်ဂျီယံဟာလာမယ့်နိုဝင်ဘာလ၂၄ရက်နေ့တွင်ကနေဒါနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရပါမယ်။ယင်းပွဲအပြီးတွင်ဘယ်လ်ဂျီယံဟာနိုဝင်ဘာလ၂၇ရက်နေ့တွင်မော်ရိုကိုနှင့်လည်းကောင်း၊ဒီဇင်ဘာလ၁ရက်နေ့တွင်ခရိုအေးရှားနှင့်လည်းကောင်းအုပ်စုပွဲကစားရပါမယ်။

ZawGyi

ယခင္ကလိုမ်ိဳး ကမာၻ႔အဆင့္ကစားသမားမ်ိဳးမဟုတ္ေတာ့ေၾကာင္း ဟာဇက္ဝန္ခံ

ရီးရဲလ္မက္ဒရစ္စတားေအဒင္ဟာဇက္က၎မွာယခင္ကဲ့သို႔ကမာၻ႔အဆင့္ကစားသမားတစ္ဦးမဟုတ္ေတာ့ေၾကာင္းဝန္ခံလာေပမဲ့လည္းႀကီးက်ယ္တဲ့အရာမ်ားကိုလုပ္ျပႏိုင္တုန္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ေအဒင္ဟာဇက္ဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္းတြင္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံလာခဲ့ရၿပီးရီးရဲလ္မက္ဒရစ္ပြဲထြက္လူစာရင္းတြင္ပါဝင္ႏိုင္ရန္႐ုန္းကန္ေနရပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူလာလီဂါဖလား၂ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးထားႏိုင္ေပမဲ့လည္း၇၂ႀကိမ္တည္းသာကစားထားႏိုင္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ေနရာရရွိရန္႐ုန္းကန္ေနရေပမဲ့လည္းဘယ္လ္ဂ်ီယံအသင္းတြင္ပင္ေနရာတစ္ေနရာအခိုင္အမာရရွိကာနည္းျပမာတီနက္ဇ္ရဲ႕ယုံၾကည္မႈရရွိေနတုန္းျဖစ္ပါတယ္။သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဘယ္လ္ဂ်ီယံကိုအသင္းေခါင္းေဆာင္အျဖစ္ဦးေဆာင္လာဦးမွာျဖစ္ပါတယ္။

ေအဒင္ဟာဇက္က “အ႐ိုးသားဆုံးေျပာရရင္၂၀၁၈ခုႏွစ္တုန္းကလိုအဆင့္မ်ိဳးမွာကြၽန္ေတာ္မရွိေတာ့ပါဘူး။ျပလည္းမျပသႏိုင္ပါဘူး။ဒါေပမဲ့ကြၽန္ေတာ္ဟာခႏၶာကိုယ္ပိုင္း၊စိတ္ပိုင္းအမ်ားႀကီးနာက်င္ခဲ့ရပါတယ္။ဒါနဲ႔ပတ္သက္ၿပီးေျပာရတာမရွက္ပါဘူး။၂၀၁၈ခုႏွစ္တုန္းကကြၽန္ေတာ္ကကမာၻ႔အေကာင္းဆုံး၁၀ဦးမွာပါဝင္ပါတယ္။အဲဒီေနရာသို႔ျပန္သြားႏိုင္မလားလို႔ေမးလာရင္မထင္ေတာ့ပါဘူး။ဒါေပမဲ့ကြၽန္ေတာ္ခႏၶာကိုယ္သာခြင့္ျပဳမယ္ဆိုရင္ႀကီးက်ယ္တာေတြလုပ္ျပႏိုင္တုန္းပါ”လို႔ေျပာၾကားသြားပါတယ္။

ေအဒင္ဟာဇက္ဦးေဆာင္တဲ့ဘယ္လ္ဂ်ီယံဟာလာမယ့္ႏိုဝင္ဘာလ၂၄ရက္ေန႔တြင္ကေနဒါႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားရပါမယ္။ယင္းပြဲအၿပီးတြင္ဘယ္လ္ဂ်ီယံဟာႏိုဝင္ဘာလ၂၇ရက္ေန႔တြင္ေမာ္႐ိုကိုႏွင့္လည္းေကာင္း၊ဒီဇင္ဘာလ၁ရက္ေန႔တြင္ခ႐ိုေအးရွားႏွင့္လည္းေကာင္းအုပ္စုပြဲကစားရပါမယ္။