
ဂျက်ဂရဲလ်လစ်ရှ်ဟာယခင် Nike နှင့်ချုပ်ဆိုခဲ့တဲ့စာချုပ်ထက်တန်ဖိုးကြီးမားတဲ့ဖိနပ်စပွန်ဆာစာချုပ်အား Puma နှင့်ချုပ်ဆိုလာပါတယ်။
ပရီးမီးယားလိဂ်မှနာမည်ကျော်ကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ဂျက်ဂရဲလ်လစ်ရှ်ဟာစူပါစတားပါရမီရှင်ဖြစ်တာကြောင့်၂၀၂၁ခုနှစ်တုန်းကအက်စတွန်ဗီလာမှမန်စီးတီးသို့ပေါင်သန်း၁၀၀ဖြင့်ပြောင်းခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။
အသက်၂၈နှစ်ရှိအင်္ဂလန်စတားဟာ Gucci ၊ Bose နားကြပ်၊ Airwayz တို့နှင့်လည်းစပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ ယခုအခါသူဟာ Puma နှင့်ငါးနှစ်စာချုပ်ချုပ်ဆိုလာပါတယ်။သူဟာ Nike နှင့်စပွန်ဆာစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်လမ်းခွဲကာ Pumaနှင့်ချုပ်ဆိုလာတာဖြစ်ပါတယ်။
သူဟာ Puma နှင့်စပွန်ဆာစာချုပ်ကြောင့် တစ်နှစ်လျှင်ပေါင်၁၀သန်းအထိရရှိလာပါမယ်။
ဂရဲလ်လစ်ရှ်နှင့် Nike တို့အကြားစပွန်ဆာစာချုပ်မှာဇန်နဝါရီလအစောပိုင်းတုန်းကသက်တမ်းကုန်ဆုံးသွားခဲ့ပြီး ဇန်နဝါရီလတုန်းကစပါးစ်ကို၄-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်Nike Phantom GXကိုနောက်ဆုံးစီးခဲ့ပါတယ်။
သူဟာ Puma ဖိနပ်အားစတင်စီးမှုအဖြစ် ပြီးခဲ့တဲ့လကနော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရတဲ့ပွဲမှာ Puma Future Ultimate Supercharge ကိုစီးပြီးစတင်ခဲ့ပါတယ်။
Puma ဟာနေမာ၊ပူလီဆစ်၊ဂရက်ဇ်မန်းတို့ကိုစာချုပ်ချုပ်နိုင်ခဲ့ပြီးနောက်ယခုအခါဂရဲလ်လစ်ရှ်ကိုလည်းစာချုပ်ချုပ်ဆိုလိုက်နိုင်ပြီဖြစ်ပါတယ်။
ZawGyi
ယခင္ Nike ႏွင့္ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္တန္ဖိုးထက္ မ်ားျပားတဲ့ Puma ႏွင့္ ဖိနပ္စာခ်ဳပ္ခ်ဳပ္လာတဲ့ ဂ်က္ဂရဲလ္လစ္ရွ္
ဂ်က္ဂရဲလ္လစ္ရွ္ဟာယခင္ Nike ႏွင့္ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္ထက္တန္ဖိုးႀကီးမားတဲ့ဖိနပ္စပြန္ဆာစာခ်ဳပ္အား Puma ႏွင့္ခ်ဳပ္ဆိုလာပါတယ္။
ပရီးမီးယားလိဂ္မွနာမည္ေက်ာ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ဂ်က္ဂရဲလ္လစ္ရွ္ဟာစူပါစတားပါရမီရွင္ျဖစ္တာေၾကာင့္၂၀၂၁ခုႏွစ္တုန္းကအက္စတြန္ဗီလာမွမန္စီးတီးသို႔ေပါင္သန္း၁၀၀ျဖင့္ေျပာင္းခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။
အသက္၂၈ႏွစ္ရွိအဂၤလန္စတားဟာ Gucci ၊ Bose နားၾကပ္၊ Airwayz တို႔ႏွင့္လည္းစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။ ယခုအခါသူဟာ Puma ႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလာပါတယ္။သူဟာ Nike ႏွင့္စပြန္ဆာစာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္လမ္းခြဲကာ Pumaႏွင့္ခ်ဳပ္ဆိုလာတာျဖစ္ပါတယ္။
သူဟာ Puma ႏွင့္စပြန္ဆာစာခ်ဳပ္ေၾကာင့္ တစ္ႏွစ္လွ်င္ေပါင္၁၀သန္းအထိရရွိလာပါမယ္။
ဂရဲလ္လစ္ရွ္ႏွင့္ Nike တို႔အၾကားစပြန္ဆာစာခ်ဳပ္မွာဇန္နဝါရီလအေစာပိုင္းတုန္းကသက္တမ္းကုန္ဆုံးသြားခဲ့ၿပီး ဇန္နဝါရီလတုန္းကစပါးစ္ကို၄-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္Nike Phantom GXကိုေနာက္ဆုံးစီးခဲ့ပါတယ္။
သူဟာ Puma ဖိနပ္အားစတင္စီးမႈအျဖစ္ ၿပီးခဲ့တဲ့လကေနာ္တင္ဟမ္ေဖာရက္စ္ကိုအႏိုင္ရတဲ့ပြဲမွာ Puma Future Ultimate Supercharge ကိုစီးၿပီးစတင္ခဲ့ပါတယ္။
Puma ဟာေနမာ၊ပူလီဆစ္၊ဂရက္ဇ္မန္းတို႔ကိုစာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ယခုအခါဂရဲလ္လစ္ရွ္ကိုလည္းစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္ၿပီျဖစ္ပါတယ္။