ယခုနွေတွင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်ထံသို့ မထင်မှတ်ဘဲ အငှားဖြင့် ရောက်လာနိုင်တဲ့ ဂရက်ဇ်မန်း

အန်တိုနီဂရက်ဇ်မန်းဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာပရီးမီးယားလိဂ်ထိပ်သီးကလပ်ထံသို့မထင်မှတ်ဘဲအငှားဖြင့်ပြောင်းရွှေ့လာနိုင်ပါတယ်။

စပိန်ထိပ်သီးကလပ်ဟာရာသီသစ်မစတင်မီအသုံးစရိတ်လျှော့ချရန်လိုအပ်နေပါတယ်။ဘာစီလိုနာဟာကြွေးမြီများကြောင့်အသစ်ခေါ်ယူထားတဲ့အဂူရို၊ဂါစီယာ၊အီမာဆင်၊ဒီပေးတို့အားမှတ်ပုံတင်ထားနိုင်ခြင်းမရှိသေးသလိုမက်ဆီကိုလည်းစာချုပ်သက်တမ်းမတိုးနိုင်သေးပါဘူး။

တစ်ဖက်တွင်စပိန်မီဒီယာများကဂရက်ဇ်မန်းဟာမက်ဆီသာစာချုပ်သက်တမ်းတိုးချုပ်ဆိုလျှင်အသင်းပြောင်းခွင့်တောင်းဆိုမယ်လို့ဖော်ပြထားကြပါတယ်။

မက်ဆီဟာလက်ရှိအချိန်မှာကလပ်လက်မဲ့ဖြစ်နေပေမယ့်မကြာမီအတွင်းမှာဘာစီလိုနာနှင့်စာချုပ်သက်တမ်းတိုးချုပ်ဆိုဖို့ရှိပါတယ်။

ယင်းသို့အနေအထားများကြောင့်ဂရက်ဇ်မန်းဟာယခုနွေရာသီမှာဘာစီလိုနာကနေထွက်ခွာဖို့သေချာသလောက်ရှိနေပါတယ်။

အသက်၃၀နှစ်ရှိပြင်သစ်စတား ပြောင်းနိုင်တဲ့ကလပ်က ချဲလ်ဆီးဖြစ်ပါတယ်။

ဂရက်ဇ်မန်းဟာဘာစီလိုနာဟာတစ်ပတ်လုပ်ခယူရို၈၈၀၀၀၀ အထိရရှိနေသူဖြစ်ပြီးဘာစီလိုနာအနေဖြင့်သူ့ကိုထွက်ခွာခွင့်ပေးလိုက်လျှင်အသုံးစရိတ်များစွာလျှော့ချလာနိုင်ပါမယ်။

ဒါပေမယ့်ချဲလ်ဆီးဟာဂရက်ဇ်မန်းရဲ့လုပ်ခအပြည့်အစုံကိုတာဝန်ယူပေးဆောင်မှာမဟုတ်ဘဲဘာစီလိုနာဘက်ကလုပ်ခအချိုးတစ်ခုကိုတာဝန်ယူပေးရဦးမှာဖြစ်ပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရဘာစီလိုနာဟာယခုနွေရာသီမှာအသုံးစရိတ်ယူရိုသန်း၂၀၀အထိလျှော့ချရန်လိုအပ်နေကြောင်းသိရပါတယ်။

ZawGyi

ယခုေႏြတြင္ ပရီးမီးယားလိဂ္ထိပ္သီးကလပ္ထံသို႔ မထင္မွတ္ဘဲ အငွားျဖင့္ ေရာက္လာႏိုင္တဲ့ ဂရက္ဇ္မန္း

အန္တိုနီဂရက္ဇ္မန္းဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာပရီးမီးယားလိဂ္ထိပ္သီးကလပ္ထံသို႔မထင္မွတ္ဘဲအငွားျဖင့္ေျပာင္းေ႐ႊ႕လာႏိုင္ပါတယ္။

စပိန္ထိပ္သီးကလပ္ဟာရာသီသစ္မစတင္မီအသုံးစရိတ္ေလွ်ာ့ခ်ရန္လိုအပ္ေနပါတယ္။ဘာစီလိုနာဟာေႂကြးၿမီမ်ားေၾကာင့္အသစ္ေခၚယူထားတဲ့အဂူ႐ို၊ဂါစီယာ၊အီမာဆင္၊ဒီေပးတို႔အားမွတ္ပုံတင္ထားႏိုင္ျခင္းမရွိေသးသလိုမက္ဆီကိုလည္းစာခ်ဳပ္သက္တမ္းမတိုးႏိုင္ေသးပါဘူး။

တစ္ဖက္တြင္စပိန္မီဒီယာမ်ားကဂရက္ဇ္မန္းဟာမက္ဆီသာစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလွ်င္အသင္းေျပာင္းခြင့္ေတာင္းဆိုမယ္လို႔ေဖာ္ျပထားၾကပါတယ္။

မက္ဆီဟာလက္ရွိအခ်ိန္မွာကလပ္လက္မဲ့ျဖစ္ေနေပမယ့္မၾကာမီအတြင္းမွာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုဖို႔ရွိပါတယ္။

ယင္းသို႔အေနအထားမ်ားေၾကာင့္ဂရက္ဇ္မန္းဟာယခုေႏြရာသီမွာဘာစီလိုနာကေနထြက္ခြာဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။

အသက္၃၀ႏွစ္ရွိျပင္သစ္စတား ေျပာင္းႏိုင္တဲ့ကလပ္က ခ်ဲလ္ဆီးျဖစ္ပါတယ္။

ဂရက္ဇ္မန္းဟာဘာစီလိုနာဟာတစ္ပတ္လုပ္ခယူ႐ို၈၈၀၀၀၀ အထိရရွိေနသူျဖစ္ၿပီးဘာစီလိုနာအေနျဖင့္သူ႔ကိုထြက္ခြာခြင့္ေပးလိုက္လွ်င္အသုံးစရိတ္မ်ားစြာေလွ်ာ့ခ်လာႏိုင္ပါမယ္။

ဒါေပမယ့္ခ်ဲလ္ဆီးဟာဂရက္ဇ္မန္းရဲ႕လုပ္ခအျပည့္အစုံကိုတာဝန္ယူေပးေဆာင္မွာမဟုတ္ဘဲဘာစီလိုနာဘက္ကလုပ္ခအခ်ိဳးတစ္ခုကိုတာဝန္ယူေပးရဦးမွာျဖစ္ပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာယခုေႏြရာသီမွာအသုံးစရိတ္ယူ႐ိုသန္း၂၀၀အထိေလွ်ာ့ခ်ရန္လိုအပ္ေနေၾကာင္းသိရပါတယ္။