ယခုနွေတွင် မထွက်ခွာလျှင် ပထမကစားသမားတစ်ဦးကို ဘာစီလိုနာ စာချုပ်ဖျက်သိမ်းမည်

ဘာစီလိုနာဟာယခုနွေရာသီတွင်အသင်းမှဆင်မြူရယ်အုမ်တီတီထွက်ခွာခြင်းမပြုလျှင်စာချုပ်ဖျက်သိမ်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံတွေ့နေရပြီးအသင်းရဲ့လုပ်ခအသုံးစရိတ်ကိုများစွာလျှော့ချရန်လိုအပ်နေပါတယ်။

ဘာစီလိုနာဟာယခုနွေရာသီတွင်ပထမအသင်းမှကစားသမားအချို့တို့ကိုထွက်ခွာခွင့်ပေးခဲ့ပြီးဖြစ်သလိုအသင်းရှိကျန်သေးတဲ့ကစားသမားအချို့တို့ကိုလည်းအရောင်းစာရင်းတင်ထားပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာအုမ်တီတီအပေါ်တွင်စိတ်မရှည်နိုင်အောင်ဖြစ်နေပြီးစာချုပ်ဖျက်သိမ်းမှုပြုလုပ်ရန်အတွက်စီစဉ်ထားကြောင်းသိရပါတယ်။

တစ်ချိန်တုန်းကကမ္ဘာ့အလားအလာကောင်းဆုံးလူငယ်နောက်ခံလူများထဲမှတစ်ဦးဖြစ်ခဲ့တဲ့အုမ်တီတီဟာဘာစီလိုနာတွင်ဒဏ်ရာပြဿနာပေါင်းများစွာကြုံရမှုနဲ့အတူကစားသမားဘဝနိမ့်ကျလာခဲ့သူဖြစ်ပါတယ်။

သူ့ကိုပြင်သစ်လီဂူး၁ကလပ်အချို့တို့ကခေါ်ယူရန်စိတ်ဝင်စားသော်လည်းသူ့ရဲ့မြင့်မားတဲ့လုပ်ခကြောင့်နောက်ဆုတ်သွားခဲ့ကြပါတယ်။

ဒါကြောင့်လည်းဘာစီလိုနာဟာအုမ်တီတီအားကလပ်သစ်ရှာဖွေမရပါကစာချုပ်ဖျက်သိမ်းမှုပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

အုမ်တီတီဟာမက်ဆီထွက်ခွာပြီးနောက်ပထမဆုံးကစားတဲ့ Joan Gamper Thopy ပွဲတွင်ပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပြီးအသင်းရဲ့အောင်ပွဲခံမှုအစီအစဉ်တွင်မပါဝင်ဘဲအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်ခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

ယခုေႏြတြင္ မထြက္ခြာလွ်င္ ပထမကစားသမားတစ္ဦးကို ဘာစီလိုနာ စာခ်ဳပ္ဖ်က္သိမ္းမည္

ဘာစီလိုနာဟာယခုေႏြရာသီတြင္အသင္းမွဆင္ျမဴရယ္အုမ္တီတီထြက္ခြာျခင္းမျပဳလွ်င္စာခ်ဳပ္ဖ်က္သိမ္းမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေတြ႕ေနရၿပီးအသင္းရဲ႕လုပ္ခအသုံးစရိတ္ကိုမ်ားစြာေလွ်ာ့ခ်ရန္လိုအပ္ေနပါတယ္။

ဘာစီလိုနာဟာယခုေႏြရာသီတြင္ပထမအသင္းမွကစားသမားအခ်ိဳ႕တို႔ကိုထြက္ခြာခြင့္ေပးခဲ့ၿပီးျဖစ္သလိုအသင္းရွိက်န္ေသးတဲ့ကစားသမားအခ်ိဳ႕တို႔ကိုလည္းအေရာင္းစာရင္းတင္ထားပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာအုမ္တီတီအေပၚတြင္စိတ္မရွည္ႏိုင္ေအာင္ျဖစ္ေနၿပီးစာခ်ဳပ္ဖ်က္သိမ္းမႈျပဳလုပ္ရန္အတြက္စီစဥ္ထားေၾကာင္းသိရပါတယ္။

တစ္ခ်ိန္တုန္းကကမာၻ႔အလားအလာေကာင္းဆုံးလူငယ္ေနာက္ခံလူမ်ားထဲမွတစ္ဦးျဖစ္ခဲ့တဲ့အုမ္တီတီဟာဘာစီလိုနာတြင္ဒဏ္ရာျပႆနာေပါင္းမ်ားစြာႀကဳံရမႈနဲ႔အတူကစားသမားဘဝနိမ့္က်လာခဲ့သူျဖစ္ပါတယ္။

သူ႔ကိုျပင္သစ္လီဂူး၁ကလပ္အခ်ိဳ႕တို႔ကေခၚယူရန္စိတ္ဝင္စားေသာ္လည္းသူ႔ရဲ႕ျမင့္မားတဲ့လုပ္ခေၾကာင့္ေနာက္ဆုတ္သြားခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းဘာစီလိုနာဟာအုမ္တီတီအားကလပ္သစ္ရွာေဖြမရပါကစာခ်ဳပ္ဖ်က္သိမ္းမႈျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။

အုမ္တီတီဟာမက္ဆီထြက္ခြာၿပီးေနာက္ပထမဆုံးကစားတဲ့ Joan Gamper Thopy ပြဲတြင္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္ျခင္းခံခဲ့ရၿပီးအသင္းရဲ႕ေအာင္ပြဲခံမႈအစီအစဥ္တြင္မပါဝင္ဘဲအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္ခဲ့ရသူလည္းျဖစ္ပါတယ္။