
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာ ယခုနွေရာသီတွင် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့လာတော့မှာ မဟုတ်ကြောင်း သိရပါတယ်။
မက်ဂွိုင်းယားဟာ အဲရစ်တန်ဟက်က ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလိမ့်မယ်လို့ ယူဆရသူ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းက ဟယ်ရီမက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်ကလည်း လက်ခံထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ပါက တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ သာ ရရှိလာမှာ ဖြစ်ရာ အပြောင်းအရွှေ့ ဖြစ်လာရေးအတွက် သူ့ကို ပေါင် ၁၅ သန်းပေးရန် ယူနိုက်တက်ကို တောင်းဆိုထားပါတယ်။ ယူနိုက်တက်ဘက်က တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀ ရရှိနေတဲ့ မက်ဂွိုင်းယားကို ပေါင် ၆ သန်းသာ ပေးရန် ကမ်းလှမ်းထားပါတယ်။
ဒါကြောင့်လည်း မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားခြင်း မရှိဘဲ နည်းပြဒေးဗစ်မိုယက်စ်နှင့်လည်း အဆက်အသွယ် လုံးဝ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။
တဖက်တွင် ဝက်စ်ဟမ်းကလည်း ဟယ်ရီမက်ဂွိုင်းယားအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အမြန်ဆုံး အဆုံးသတ်ပေးရန် ယူနိုက်တက်ကို တောင်းဆိုနေပါတယ်။
လက်ရှိအနေအထားများအရ ယူနိုက်တက်အနေဖြင့် မက်ဂွိုင်းယားကို အသင်းမှ ထွက်ခွာစေလိုပါက သူတောင်းဆိုတဲ့အတိုင်း ပေါင် ၁၅ သန်းပေးလာရတော့မဲ့ အခြေအနေမျိုးမှာ ရှိပါတယ်၊