ယခုနွေရာသီတွင် ၁၁ လစာချုပ်ကျန် ပေါ့ဘာကို သရဲနီ ရောင်းချမည်မဟုတ်

မန်ယူဟာယခုနွေရာသီအပြောင်းအရွှေ့တွင်ပေါလ်ပေါ့ဘာကိုရောင်းချသွားမည်မဟုတ်ဘဲစာချုပ်သစ်ချုပ်ဆိုနိုင်ရေးအရဲစွန့်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးထားတဲ့ပေါလ်ပေါ့ဘာဟာလာမယ့်နွေရာသီမှာမန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးပီအက်စ်ဂျီကခေါ်ယူလိုနေပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကလည်းအသင်းတွင်ပျော်ရွှင်နေတဲ့အသက်၂၈နှစ်ပေါ့ဘာမှာစာချုပ်သစ်ချုပ်ဆိုလိမ့်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။

ဆိုးလ်ရှားက “စက်တင်ဘာလ၁ရက်နေ့ရောက်လာချိန်မှာလည်းဒီမှာဘဲသူဆက်ရှိနေမယ်လို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာပြီးခဲ့တဲ့အပတ်တုန်းလိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ဂိုးဖန်တီးမှု၄ကြိမ်အထိပြုလုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။မန်ယူသမိုင်းတွင် တစ်ပွဲတည်းတွင်ဂိုးရဖို့၄ကြိမ်ဖန်တီးနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ဆက်လက်ပြီးဆိုးလ်ရှားက “ပေါလ်ဟာသူ့ဘောလုံးမှာပျော်နေပါတယ်။ကျွန်တော့်တာဝန်ကပေါလ်ရဲ့အကောင်းဆုံးခြေစွမ်းနဲ့သူ့ရဲ့အရည်အချင်းတွေထွက်ပေါ်လာဖို့ဆိုတာအကြိမ်များစွာပြောခဲ့ဖူးပြီးဖြစ်ပါတယ်။ကစားသမားတွေဒီမှာဆက်နေဖို့ကျွန်တော့်လုပ်ရပါမယ်။အသင်းကောင်းတစ်သင်းရှိလာတဲ့အခါရလဒ်ကောင်းရလာပါတယ်။ဒါကလည်းအကူအညီဖြစ်စေပါတယ်။ကျွန်တော်တို့အောင်မြင်မှုရချင်တယ်။ဒီအသင်းကိုနောက်တစ်ဆင့်သို့ပို့ချင်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ယခုေႏြရာသီတြင္ ၁၁ လစာခ်ဳပ္က်န္ ေပါ့ဘာကို သရဲနီ ေရာင္းခ်မည္မဟုတ္

မန္ယူဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ေပါလ္ေပါ့ဘာကိုေရာင္းခ်သြားမည္မဟုတ္ဘဲစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအရဲစြန႔္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ျပင္သစ္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးထားတဲ့ေပါလ္ေပါ့ဘာဟာလာမယ့္ေႏြရာသီမွာမန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးပီအက္စ္ဂ်ီကေခၚယူလိုေနပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကလည္းအသင္းတြင္ေပ်ာ္႐ႊင္ေနတဲ့အသက္၂၈ႏွစ္ေပါ့ဘာမွာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိမ့္မယ္လို႔အျပည့္အဝယုံၾကည္ေနပါတယ္။

ဆိုးလ္ရွားက “စက္တင္ဘာလ၁ရက္ေန႔ေရာက္လာခ်ိန္မွာလည္းဒီမွာဘဲသူဆက္ရွိေနမယ္လို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေပါလ္ေပါ့ဘာဟာၿပီးခဲ့တဲ့အပတ္တုန္းလိဒ္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ဂိုးဖန္တီးမႈ၄ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။မန္ယူသမိုင္းတြင္ တစ္ပြဲတည္းတြင္ဂိုးရဖို႔၄ႀကိမ္ဖန္တီးႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။

ဆက္လက္ၿပီးဆိုးလ္ရွားက “ေပါလ္ဟာသူ႔ေဘာလုံးမွာေပ်ာ္ေနပါတယ္။ကြၽန္ေတာ့္တာဝန္ကေပါလ္ရဲ႕အေကာင္းဆုံးေျခစြမ္းနဲ႔သူ႔ရဲ႕အရည္အခ်င္းေတြထြက္ေပၚလာဖို႔ဆိုတာအႀကိမ္မ်ားစြာေျပာခဲ့ဖူးၿပီးျဖစ္ပါတယ္။ကစားသမားေတြဒီမွာဆက္ေနဖို႔ကြၽန္ေတာ့္လုပ္ရပါမယ္။အသင္းေကာင္းတစ္သင္းရွိလာတဲ့အခါရလဒ္ေကာင္းရလာပါတယ္။ဒါကလည္းအကူအညီျဖစ္ေစပါတယ္။ကြၽန္ေတာ္တို႔ေအာင္ျမင္မႈရခ်င္တယ္။ဒီအသင္းကိုေနာက္တစ္ဆင့္သို႔ပို႔ခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။