ယခုနွေရာသီနံပါတ်တစ်ပစ်မှတ်အဖြစ် ဟယ်ရီကိန်းကို ရီးရဲလ်မက်ဒရစ်ပစ်မှတ်ထား

ရီးရဲလ်မက်ဒရစ်ဟာစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းအားယခုနွေရာသီနံပါတ်တစ်ပစ်မှတ်အဖြစ်ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်းသိရပါတယ်။

ကိန်းဟာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသော်လည်းကစားသမားဘဝအတွင်းတွင်ဆုဖလားတစ်စုံတစ်ရာရယူထားနိုင်ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းအင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဆုဖလားများစိန်ခေါ်နိုင်မယ့်ထိပ်သီးကလပ်တစ်ခုသို့ပြောင်းလိမ့်မယ်လို့အားလုံးရဲ့ယူဆခြင်းခံထားရပါတယ်။

SER Deportivos ရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ဟာအသင်းရဲ့တိုက်စစ်ကြောင်းကိုအားဖြည့်လိုနေပါတယ်။ရီးရဲလ်မက်ဒရစ်ဟာဟယ်ရီကိန်းအပြင်ကိုင်လီယန်အမ်ဘက်ပီ၊အာလင်းဟာလန်းတို့ကိုလည်းခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ကဟယ်ရီကိန်းမှာခေါ်ယူဖို့အလွယ်ကူဆုံးအနေအထားတွင်ရှိနေတယ်လို့ယုံကြည်နေပါတယ်။

အသက်၂၇နှစ်ရှိဟယ်ရီကိန်းဟာယခုရာသီတွင်စပါးစ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၇ဂိုးနှင့်ဖန်တီးမှု၁၆ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။

ကစားသမားဘဝတစ်လျှောက်ဆုဖလားတစ်လုံးမျှရရှိခဲ့ဖူးခြင်းမရှိတဲ့ဟယ်ရီကိန်းဟာသူ့ကစားသမားဘဝပထမဆုံးဆုဖလားမျှော်လင့်ချက်အနေဖြင့်ကာရာဘောင်းဖလားဆွတ်ခူးနိုင်မယ့် အနေအထားမှာရှိပါတယ်။စပါးစ်ဟာကာရာဘောင်းဖလားဗိုလ်လုပွဲအဖြစ်မန်စီးတီးနှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ယခုေႏြရာသီနံပါတ္တစ္ပစ္မွတ္အျဖစ္ ဟယ္ရီကိန္းကို ရီးရဲလ္မက္ဒရစ္ပစ္မွတ္ထား

ရီးရဲလ္မက္ဒရစ္ဟာစပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းအားယခုေႏြရာသီနံပါတ္တစ္ပစ္မွတ္အျဖစ္ေခၚယူရန္ပစ္မွတ္ထားေနေၾကာင္းသိရပါတယ္။

ကိန္းဟာကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရေသာ္လည္းကစားသမားဘဝအတြင္းတြင္ဆုဖလားတစ္စုံတစ္ရာရယူထားႏိုင္ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းအဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဆုဖလားမ်ားစိန္ေခၚႏိုင္မယ့္ထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းလိမ့္မယ္လို႔အားလုံးရဲ႕ယူဆျခင္းခံထားရပါတယ္။

SER Deportivos ရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္ဟာအသင္းရဲ႕တိုက္စစ္ေၾကာင္းကိုအားျဖည့္လိုေနပါတယ္။ရီးရဲလ္မက္ဒရစ္ဟာဟယ္ရီကိန္းအျပင္ကိုင္လီယန္အမ္ဘက္ပီ၊အာလင္းဟာလန္းတို႔ကိုလည္းေခၚယူရန္စိတ္ဝင္စားေနပါတယ္။ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ကဟယ္ရီကိန္းမွာေခၚယူဖို႔အလြယ္ကူဆုံးအေနအထားတြင္ရွိေနတယ္လို႔ယုံၾကည္ေနပါတယ္။

အသက္၂၇ႏွစ္ရွိဟယ္ရီကိန္းဟာယခုရာသီတြင္စပါးစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၇ဂိုးႏွင့္ဖန္တီးမႈ၁၆ႀကိမ္အထိျပဳလုပ္ထားႏိုင္ပါတယ္။

ကစားသမားဘဝတစ္ေလွ်ာက္ဆုဖလားတစ္လုံးမွ်ရရွိခဲ့ဖူးျခင္းမရွိတဲ့ဟယ္ရီကိန္းဟာသူ႔ကစားသမားဘဝပထမဆုံးဆုဖလားေမွ်ာ္လင့္ခ်က္အေနျဖင့္ကာရာေဘာင္းဖလားဆြတ္ခူးႏိုင္မယ့္ အေနအထားမွာရွိပါတယ္။စပါးစ္ဟာကာရာေဘာင္းဖလားဗိုလ္လုပြဲအျဖစ္မန္စီးတီးႏွင့္ရင္ဆိုင္ရပါမယ္။