ယခုနှစ် ပရီးမီးယားလိဂ်ရာသီတွင် ပထမဆုံးအထုတ်ခံရမယ့် နည်းပြအဖြစ် ထိပ်ဆုံးမှာ ရပ်တည်လာတဲ့ အာတီတာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက၎င်းတို့မှာပရီးမီးယားလိဂ်တန်းတက်ဘရန့်ဖို့ဒ်အရှုံးနှင့်ထိုက်တန်ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။အာတီတာဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်တန်းတက်အသင်းအားရှုံးနိမ့်မှုနဲ့အတူယခုရာသီပရီးမီးယားလိဂ်တွင်ပထမဆုံးထုတ်ပယ်ခြင်းခံရမယ့်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားလာပါတယ်။

ယခုနွေရာသီတွင်အပြောင်းအရွှေ့ဈေးကွက်တွင်ပေါင်သန်း၅၀ဖြင့်ခေါ်ယူထားတဲ့ဘင်ဝှိုက်ဦးဆောင်တဲ့အာဆင်နယ်နောက်တန်းဟာစိတ်ပျက်စရာကောင်းလောက်အောင်ဆိုးရွားနေခဲ့ပြီးဆာဂျီကာနို့စ်၊နော်ဂတ်တို့သွင်းယူတဲ့ဂိုးများဖြင့်တန်းတက်အသင်းဟာရမှတ်၃မှတ်ရယူသွားနိုင်ခဲ့ပါတယ်။

အာတီတာက “အရမ်းစိတ်ပျက်ရပါတယ်။ပြိုင်ဘက်ကောင်းတစ်သင်းနဲ့တာထွက်ခဲ့ရတယ်။ဒီရလဒ်နဲ့ကွဲပြားတဲ့ရလဒ်နဲ့ကျွန်တော်တို့ထိုက်တန်တယ်လို့မထင်ပါဘူး။အဝေးလက်ပစ်ဘောကနေသူတို့ဂိုးရသွားတယ်။ပြီးတော့ကျွန်တော်တို့ဟာခံစစ်ဇုန်ထဲမှာတာဝန်မကျေခဲ့ပါဘူး။ပထမဂိုးကိုသူတို့(ဘရန့်ဖို့ဒ်)ကိုမျှော်လင့်ချက်ပေးသွားခဲ့တယ်။ဒုတိယပိုင်းမှာကစားပုံကောင်းလာဖို့ကောင်းလာစေချင်ခဲ့ပေမယ့်ဂိုးပေါက်တည့်အောင်ပိုကန်ဖို့လိုအပ်နေခဲ့တယ်။နောက်တော့အလွန်တည်ကန်ဘောကနေဂိုးပေးလိုက်ရတယ်။ကျွန်တော့်ဘက်ကဘာတွေထိန်းချုပ်၊ကူညီနိုင်လဲဆိုတော့အသင်းကိုနိုင်လိုစိတ်အပြည့်နဲ့လုပ်ဆောင်သွားမယ်။အလုပ်လုပ်သွားမယ်ဆိုတာပါပဲ”လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင်အာတီတာဟာပရီးမီးယားလိဂ်ရာသီသစ်တွင်ပထမဆုံးအထုတ်ခံရမယ့်နည်းပြအဖြစ်၅/၁ဖြင့်ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။အစောပိုင်းတုန်းကအာတီတာဟာပရီးမီးယားလိဂ်တွင်ပထမဆုံးအထုတ်ခံရမယ့်နည်းပြအဖြစ်၁၀/၁ဖြင့်ရှိနေရာမှာ၅/၁သို့အထိရေပန်းစားလာခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ယခုႏွစ္ ပရီးမီးယားလိဂ္ရာသီတြင္ ပထမဆုံးအထုတ္ခံရမယ့္ နည္းျပအျဖစ္ ထိပ္ဆုံးမွာ ရပ္တည္လာတဲ့ အာတီတာ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာက၎တို႔မွာပရီးမီးယားလိဂ္တန္းတက္ဘရန႔္ဖို႔ဒ္အရႈံးႏွင့္ထိုက္တန္ေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။အာတီတာဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္တန္းတက္အသင္းအားရႈံးနိမ့္မႈနဲ႔အတူယခုရာသီပရီးမီးယားလိဂ္တြင္ပထမဆုံးထုတ္ပယ္ျခင္းခံရမယ့္နည္းျပအျဖစ္ထိပ္ဆုံးမွေရပန္းစားလာပါတယ္။

ယခုေႏြရာသီတြင္အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေပါင္သန္း၅၀ျဖင့္ေခၚယူထားတဲ့ဘင္ဝႈိက္ဦးေဆာင္တဲ့အာဆင္နယ္ေနာက္တန္းဟာစိတ္ပ်က္စရာေကာင္းေလာက္ေအာင္ဆိုး႐ြားေနခဲ့ၿပီးဆာဂ်ီကာႏို႔စ္၊ေနာ္ဂတ္တို႔သြင္းယူတဲ့ဂိုးမ်ားျဖင့္တန္းတက္အသင္းဟာရမွတ္၃မွတ္ရယူသြားႏိုင္ခဲ့ပါတယ္။

အာတီတာက “အရမ္းစိတ္ပ်က္ရပါတယ္။ၿပိဳင္ဘက္ေကာင္းတစ္သင္းနဲ႔တာထြက္ခဲ့ရတယ္။ဒီရလဒ္နဲ႔ကြဲျပားတဲ့ရလဒ္နဲ႔ကြၽန္ေတာ္တို႔ထိုက္တန္တယ္လို႔မထင္ပါဘူး။အေဝးလက္ပစ္ေဘာကေနသူတို႔ဂိုးရသြားတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔ဟာခံစစ္ဇုန္ထဲမွာတာဝန္မေက်ခဲ့ပါဘူး။ပထမဂိုးကိုသူတို႔(ဘရန႔္ဖို႔ဒ္)ကိုေမွ်ာ္လင့္ခ်က္ေပးသြားခဲ့တယ္။ဒုတိယပိုင္းမွာကစားပုံေကာင္းလာဖို႔ေကာင္းလာေစခ်င္ခဲ့ေပမယ့္ဂိုးေပါက္တည့္ေအာင္ပိုကန္ဖို႔လိုအပ္ေနခဲ့တယ္။ေနာက္ေတာ့အလြန္တည္ကန္ေဘာကေနဂိုးေပးလိုက္ရတယ္။ကြၽန္ေတာ့္ဘက္ကဘာေတြထိန္းခ်ဳပ္၊ကူညီႏိုင္လဲဆိုေတာ့အသင္းကိုႏိုင္လိုစိတ္အျပည့္နဲ႔လုပ္ေဆာင္သြားမယ္။အလုပ္လုပ္သြားမယ္ဆိုတာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္အာတီတာဟာပရီးမီးယားလိဂ္ရာသီသစ္တြင္ပထမဆုံးအထုတ္ခံရမယ့္နည္းျပအျဖစ္၅/၁ျဖင့္ေရပန္းအစားဆုံးျဖစ္လာခဲ့ပါတယ္။အေစာပိုင္းတုန္းကအာတီတာဟာပရီးမီးယားလိဂ္တြင္ပထမဆုံးအထုတ္ခံရမယ့္နည္းျပအျဖစ္၁၀/၁ျဖင့္ရွိေနရာမွာ၅/၁သို႔အထိေရပန္းစားလာခဲ့တာလည္းျဖစ္ပါတယ္။