ယခုမရောင်းလျှင် ပေါ့ဘာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလိမ့်မည်ဟု မန်ယူကို ပေါ့ဘာအစ်ကိုသတိပေး

မန်ယူအနေဖြင့်လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပေါလ်ပေါ့ဘာကိုရောင်းချရမှာဖြစ်ကြောင်းနှင့် မရောင်းချလျှင်ညီဖြစ်သူပေါလ်ပေါ့ဘာမှာအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာလိမ့်မယ်လို့အစ်ကိုဖြစ်သူမားသီး ယပ်စ်ကသတိပေးပြောကြားလာပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာဟာမန်ယူတွင်အကောင်းဆုံးပုံစံပြန်လည်ရရှိနေပြီးအမှတ်ပေးဇယား အဆင့်၂နေရာတွင်ရပ်တည်နိုင်အောင်ကူညီထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကပေါ့ဘာရဲ့အေးဂျင့်မီနိုရိုင်အိုလာကအသက်၂၇နှစ်ရှိပြင်သစ်လက်ရွေးစင်မှာစွန့်စားမှုသစ် ရင်ဆိုင်ရန်အိုးထရက်ဖို့ဒ်မှထွက်ခွာလိုနေကြောင်းပြောကြားခဲ့ပါတယ်။ယင်းနောက်ပိုင်းတွင်၎င်းကလာမယ့်နွေရာသီတွင်ပေါ့ဘာထွက်ခွာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ယခုအခါပေါ့ဘာရဲ့အစ်ကိုအသက်၃၀နှစ်ရှိမားသီးယပ်စ်ကလည်း “သူ့စာချုပ်တစ်နှစ်ကျန်သေးတယ်။အဲဒီအထိ နေမလားမသိပါဘူး။သေချာတာတစ်ခုကတော့မန်ယူအနေနဲ့ငွေလိုချင်တယ်ဆိုရင်သူ့ကိုရောင်းရပါမယ်။မရောင်း ဘူးဆိုရင်တော့အလွတ်ပြောင်းရွှေ့ကြေးနဲ့သူထွက်ခွာပါလိမ့်မယ်။သူ့စာချုပ်သစ်နဲ့ပတ်သက်ပြီးကျွန်တော်ဘာမှ မကြားသေးပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi




