ယခုရက်ပိုင်းအတွင်းတွင် ရိုင်ယန်ဂစ်ရဲ့ ဝေးလ်နည်းပြအနာဂတ်ကို သိရမည်

ဝေးလ်ဟာလက်ရွေးစင်အသင်းနည်းပြရိုင်ယန်ဂစ်ရဲ့အနာဂတ်ကိုယခုရက်ပိုင်းအတွင်းတွင်ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

FAW ကောင်စီကအယုံအကြည်မရှိမဲပေးမှုကြောင့်ဝေးလ်ဘောလုံးအဖွဲ့ချုပ်အမှုဆောင်ချုပ်ဂျိုနသန်ဖို့ဒ်ရာထူးမှ နုတ်ထွက်သွားရပြီးနောက်ဝေးလ်နည်းပြရိုင်ယန်ဂစ်ရဲ့အနာဂတ်မှာလည်းမရေမရာဖြစ်လာခဲ့တာပါ။

ရိုင်ယန်ဂစ်ဟာမတ်လ၂၄ရက်နေ့တွင်ကစားရမယ့်ဘယ်လ်ဂျီယံကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနှစ်ပတ်ခန့်အလိုတွင် အနာဂတ်မရေမရာအနေအထားမျိုးမှာကြုံနေရတာပါ။

ရိုင်ယန်ဂစ်ဟာချစ်သူကိုဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်မှုကြောင့်အမှုဖွင့်ခြင်းခံထားရပြီးမေလ၁ရက်နေ့အထိ အာမခံရရှိထားပါတယ်။

သူဟာယင်းဖြစ်ရပ်ကြောင့်နိုဝင်ဘာလတုန်းကဝေးလ်ရဲ့နိုင်ငံတကာပွဲသုံးပွဲကိုကိုင်တွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။အကယ်၍ရိုင်ယန်ဂစ်သာထုတ်ပယ်ခြင်းခံရမယ်ဆိုပါကလက်ထောက်နည်းပြရောဘတ်ပေါ့ချ်ကယာယီနည်းပြအဖြစ်ကိုင်တွယ်သွားဖို့ရှိနေပါတယ်။

ZawGyi

ယခုရက္ပိုင္းအတြင္းတြင္ ႐ိုင္ယန္ဂစ္ရဲ႕ ေဝးလ္နည္းျပအနာဂတ္ကို သိရမည္

ေဝးလ္ဟာလက္ေ႐ြးစင္အသင္းနည္းျပ႐ိုင္ယန္ဂစ္ရဲ႕အနာဂတ္ကိုယခုရက္ပိုင္းအတြင္းတြင္ဆုံးျဖတ္သြားမည္ ျဖစ္ေၾကာင္းသိရပါတယ္။

FAW ေကာင္စီကအယုံအၾကည္မရွိမဲေပးမႈေၾကာင့္ေဝးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္အမႈေဆာင္ခ်ဳပ္ဂ်ိဳနသန္ဖို႔ဒ္ရာထူးမွ ႏုတ္ထြက္သြားရၿပီးေနာက္ေဝးလ္နည္းျပ႐ိုင္ယန္ဂစ္ရဲ႕အနာဂတ္မွာလည္းမေရမရာျဖစ္လာခဲ့တာပါ။

႐ိုင္ယန္ဂစ္ဟာမတ္လ၂၄ရက္ေန႔တြင္ကစားရမယ့္ဘယ္လ္ဂ်ီယံကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီႏွစ္ပတ္ခန႔္အလိုတြင္ အနာဂတ္မေရမရာအေနအထားမ်ိဳးမွာႀကဳံေနရတာပါ။

႐ိုင္ယန္ဂစ္ဟာခ်စ္သူကိုဒဏ္ရာအနာတရျဖစ္ေအာင္႐ိုက္ႏွက္မႈေၾကာင့္အမႈဖြင့္ျခင္းခံထားရၿပီးေမလ၁ရက္ေန႔အထိ အာမခံရရွိထားပါတယ္။

သူဟာယင္းျဖစ္ရပ္ေၾကာင့္ႏိုဝင္ဘာလတုန္းကေဝးလ္ရဲ႕ႏိုင္ငံတကာပြဲသုံးပြဲကိုကိုင္တြယ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။အကယ္၍႐ိုင္ယန္ဂစ္သာထုတ္ပယ္ျခင္းခံရမယ္ဆိုပါကလက္ေထာက္နည္းျပေရာဘတ္ေပါ့ခ်္ကယာယီနည္းျပအျဖစ္ကိုင္တြယ္သြားဖို႔ရွိေနပါတယ္။