ယခုရက်ပိုင်းအတွင်း ယူနိုက်တက်ကို ဝယ်ယူရန် ကမ်းလှမ်းလာမဲ့ ကာတာအုပ်စု

ကာတာရင်းနှီးမြှပ်နှံသူများဟာယခုရက်ပိုင်းအတွင်းတွင်မန်ချက်စတာယူနိုက်တက်ကိုဝယ်ယူရေးအတွက်ကမ်းလှမ်းမှုပြုလုပ်လာမှာဖြစ်ကြောင်းသိရပါတယ်။

ဂလေဇာမိသားစုဟာနိုဝင်ဘာလတုန်းကမန်ချက်စတာယူနိုက်တက်ရဲ့ရှယ်ယာအချို့(သို့မဟုတ်)အားလုံးကိုရောင်းချရေးစဉ်းစားပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ကိုဝယ်ယူရန်ရင်းနှီးမြှပ်နှံသူအမြောက်အမြားစိတ်ဝင်စားနေပြီး ကမ္ဘာ့စံချိန်တင် အားကစားအသင်းရောင်းချမှုအဖြစ် ပေါင်၆ဘီလီယံနှင့်အထက်ရရှိလာဖို့ရှိပါတယ်။

အရှေ့အလယ်ပိုင်း၊အရှေ့ဖျားပိုင်းမှရင်းနှီးမြှပ်နှံသူများဟာယူနိုက်တက်ကိုဝယ်ယူရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ Raine Group ကိုဆက်သွယ်ထားကြပါတယ်။

ယူနိုက်တက်အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ဆာဂျမ်ရက်ကလစ်ဖ်ကလည်း ကလပ်ကိုဝယ်ယူရန်စိတ်အားထက်သန်နေပါတယ်။

ဒါပေမဲ့ Daily Mail သတင်းစာရဲ့ဖော်ပြမှုအရ ကာတာအခြေစိုက်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီတစ်ခုဟာ ယူနိူက်တက်ကိုဝယ်ယူရေးကမ်းလှမ်းလာတော့မှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါရင်းနှီးမြှပ်နှံရေးကုမ္ပဏီမှာကမ္ဘာ့ဖလားအိမ်ရှင်ကာတာတွင်ငွေကြေးအင်အားအတောင့်တင်းဆုံးအုပ်စုတစ်ခုဖြစ်ပြီး ယူနိုက်တက်ကိုဝယ်ယူရန်ပစ်မှတ်ထားနေပါတယ်။

၎င်းတို့ဟာယခုရက်ပိုင်းအတွင်းတွင်ကမ်းလှမ်းမှုပြုလုပ်လာပါမယ်။ဂလေဇာမိသားစုဟာကလပ်ဝယ်ယူရေးကမ်းလှမ်းမှုအားဖေဖော်ဝါရီလလယ်ပိုင်းတွင်နောက်ဆုံးထားကမ်းလှမ်းရန်ကန့်သတ်ထားပါတယ်။

ZawGyi

ယခုရက္ပိုင္းအတြင္း ယူႏိုက္တက္ကို ဝယ္ယူရန္ ကမ္းလွမ္းလာမဲ့ ကာတာအုပ္စု

ကာတာရင္းႏွီးျမႇပ္ႏွံသူမ်ားဟာယခုရက္ပိုင္းအတြင္းတြင္မန္ခ်က္စတာယူႏိုက္တက္ကိုဝယ္ယူေရးအတြက္ကမ္းလွမ္းမႈျပဳလုပ္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

ဂေလဇာမိသားစုဟာႏိုဝင္ဘာလတုန္းကမန္ခ်က္စတာယူႏိုက္တက္ရဲ႕ရွယ္ယာအခ်ိဳ႕(သို႔မဟုတ္)အားလုံးကိုေရာင္းခ်ေရးစဥ္းစားေပးသြားမယ္လို႔ေၾကညာခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ကိုဝယ္ယူရန္ရင္းႏွီးျမႇပ္ႏွံသူအေျမာက္အျမားစိတ္ဝင္စားေနၿပီး ကမာၻ႔စံခ်ိန္တင္ အားကစားအသင္းေရာင္းခ်မႈအျဖစ္ ေပါင္၆ဘီလီယံႏွင့္အထက္ရရွိလာဖို႔ရွိပါတယ္။

အေရွ႕အလယ္ပိုင္း၊အေရွ႕ဖ်ားပိုင္းမွရင္းႏွီးျမႇပ္ႏွံသူမ်ားဟာယူႏိုက္တက္ကိုဝယ္ယူေရးအတြက္ ၾကားဝင္ေဆာင္႐ြက္ေပးေနတဲ့ Raine Group ကိုဆက္သြယ္ထားၾကပါတယ္။

ယူႏိုက္တက္အမာခံပရိသတ္တစ္ဦးျဖစ္တဲ့ ဆာဂ်မ္ရက္ကလစ္ဖ္ကလည္း ကလပ္ကိုဝယ္ယူရန္စိတ္အားထက္သန္ေနပါတယ္။

ဒါေပမဲ့ Daily Mail သတင္းစာရဲ႕ေဖာ္ျပမႈအရ ကာတာအေျခစိုက္ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီတစ္ခုဟာ ယူႏိူက္တက္ကိုဝယ္ယူေရးကမ္းလွမ္းလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီမွာကမာၻ႔ဖလားအိမ္ရွင္ကာတာတြင္ေငြေၾကးအင္အားအေတာင့္တင္းဆုံးအုပ္စုတစ္ခုျဖစ္ၿပီး ယူႏိုက္တက္ကိုဝယ္ယူရန္ပစ္မွတ္ထားေနပါတယ္။

၎တို႔ဟာယခုရက္ပိုင္းအတြင္းတြင္ကမ္းလွမ္းမႈျပဳလုပ္လာပါမယ္။ဂေလဇာမိသားစုဟာကလပ္ဝယ္ယူေရးကမ္းလွမ္းမႈအားေဖေဖာ္ဝါရီလလယ္ပိုင္းတြင္ေနာက္ဆုံးထားကမ္းလွမ္းရန္ကန႔္သတ္ထားပါတယ္။