ယခုရာသီ ချဲလ်ဆီးနှင့်လီဗာပူးတို့ရဲ့ရလဒ်များ အံ့ဩစရာကောင်းလောက်အောင် တိုက်ဆိုင်စွာတူညီနေ

ယခုရာသီပရီးမီးယားလိဂ်မှာချဲလ်ဆီးနှင့်လီဗာပူးနှစ်သင်းတို့ရဲ့ရလဒ်များ အံ့ဩစရာကောင်းလေက်အောင်တိုက်ဆိုင်စွာ တူညီနေပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းတို့ဟာယခုရာသီမှာရမှတ်၁၃မှတ်၊သွင်းဂိုး၁၂ဂိုးစီရရှိထားပြီးပေးဂိုးတစ်ဂိုးတည်းသာရှိပါတယ်။

ချဲလ်ဆီးနှင့်လီဗာပူးတို့ရဲ့ပရီးမီးယားလိဂ်အဖွင့်ငါးပွဲရလဒ်လုံးကအံ့ဩစရာကောင်းလောက်အောင်တူညီနေကာလာမယ့်ပွဲစဉ်များတွင်လည်းဆက်လက်တူညီလာမလားဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာပရီးမီးယားလိဂ်အဖွင့်ပွဲမှာပဲလေ့စ်ကို၃-၀ဂိုးဖြင့်အနိုင်ယူခဲ့ပြီးလီဗာပူးကလည်းနော့ဝှစ်ချ်ကိုယင်းရလဒ်ဖြင့်ပင်အနိုင်ယူခဲ့ပါတယ်။ပွဲစဉ်၂ပွဲတွင်တူချယ်ရဲ့ချဲလ်ဆီးကအာဆင်နယ်ကို၂-၀ဖြင့်အနိုင်ရရှိပြီးလီဗာပူးကလည်းဘန်လေကို၂-၀ဂိုးဖြင့်အနိုင်ယူခဲ့ပြန်ပါတယ်။

ယင်းနောက်ပွဲစဉ်၃တွင်နှစ်သင်းထိပ်တိုက်တွေ့ခဲ့ရာမှာ၁ဂိုးစီသရေကျခဲ့ပါတယ်။ယင်းနောက်ပွဲစဉ်၄တွင်ချဲလ်ဆီးကဗီလာကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးလီဗာပူးကလည်းလိဒ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယခုနောက်ဆုံးပွဲစဉ်၅တွင်လီဗာပူးကပဲလေ့စ်က၃-၀ဂိုးဖြင့်အနိုင်ယူခဲ့ပြီးချဲလ်ဆီးကလည်းအဝေးကွင်းမှာလန်ဒန်မြို့ခံပြိုင်ဘက်စပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းသို့ရလဒ်ပိုင်းတိုက်ဆိုင်စွာတူညီမှုကတကယ်ဘဲတူညီမှုကလာမယ့်ပွဲစဉ်၆အထိ ရှိလာဦးမလားစောင့်ကြည့်ရပါမယ်။

ယခုအပတ်မှာလီဗာပူးကတန်းတက်ဘရန့်ဖို့ဒ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးချဲလ်ဆီးကမန်စီးတီးကိုအိမ်ကွင်းမှာဧည့်ခံကစားရပါမယ်။

ZawGyi

ယခုရာသီ ခ်ဲလ္ဆီးႏွင့္လီဗာပူးတို႔ရဲ႕ရလဒ္မ်ား အံ့ဩစရာေကာင္းေလာက္ေအာင္ တိုက္ဆိုင္စြာတူညီေန

ယခုရာသီပရီးမီးယားလိဂ္မွာခ်ဲလ္ဆီးႏွင့္လီဗာပူးႏွစ္သင္းတို႔ရဲ႕ရလဒ္မ်ား အံ့ဩစရာေကာင္းေလက္ေအာင္တိုက္ဆိုင္စြာ တူညီေနပါတယ္။

ပရီးမီးယားလိဂ္ထိပ္သီးႏွစ္သင္းတို႔ဟာယခုရာသီမွာရမွတ္၁၃မွတ္၊သြင္းဂိုး၁၂ဂိုးစီရရွိထားၿပီးေပးဂိုးတစ္ဂိုးတည္းသာရွိပါတယ္။

ခ်ဲလ္ဆီးႏွင့္လီဗာပူးတို႔ရဲ႕ပရီးမီးယားလိဂ္အဖြင့္ငါးပြဲရလဒ္လုံးကအံ့ဩစရာေကာင္းေလာက္ေအာင္တူညီေနကာလာမယ့္ပြဲစဥ္မ်ားတြင္လည္းဆက္လက္တူညီလာမလားဆိုတာေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာပရီးမီးယားလိဂ္အဖြင့္ပြဲမွာပဲေလ့စ္ကို၃-၀ဂိုးျဖင့္အႏိုင္ယူခဲ့ၿပီးလီဗာပူးကလည္းေနာ့ဝွစ္ခ်္ကိုယင္းရလဒ္ျဖင့္ပင္အႏိုင္ယူခဲ့ပါတယ္။ပြဲစဥ္၂ပြဲတြင္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးကအာဆင္နယ္ကို၂-၀ျဖင့္အႏိုင္ရရွိၿပီးလီဗာပူးကလည္းဘန္ေလကို၂-၀ဂိုးျဖင့္အႏိုင္ယူခဲ့ျပန္ပါတယ္။

ယင္းေနာက္ပြဲစဥ္၃တြင္ႏွစ္သင္းထိပ္တိုက္ေတြ႕ခဲ့ရာမွာ၁ဂိုးစီသေရက်ခဲ့ပါတယ္။ယင္းေနာက္ပြဲစဥ္၄တြင္ခ်ဲလ္ဆီးကဗီလာကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးလီဗာပူးကလည္းလိဒ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယခုေနာက္ဆုံးပြဲစဥ္၅တြင္လီဗာပူးကပဲေလ့စ္က၃-၀ဂိုးျဖင့္အႏိုင္ယူခဲ့ၿပီးခ်ဲလ္ဆီးကလည္းအေဝးကြင္းမွာလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္စပါးစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းသို႔ရလဒ္ပိုင္းတိုက္ဆိုင္စြာတူညီမႈကတကယ္ဘဲတူညီမႈကလာမယ့္ပြဲစဥ္၆အထိ ရွိလာဦးမလားေစာင့္ၾကည့္ရပါမယ္။

ယခုအပတ္မွာလီဗာပူးကတန္းတက္ဘရန႔္ဖို႔ဒ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးခ်ဲလ္ဆီးကမန္စီးတီးကိုအိမ္ကြင္းမွာဧည့္ခံကစားရပါမယ္။