ယခုရာသီတွင်တစ်ပွဲမျှမကစားရသေးတဲ့ဆိုကရေးတီးရဲ့စာချုပ်ကို အာဆင်နယ်ဖျက်သိမ်း

အာဆင်နယ်ကနောက်ခံလူကိုကရေးတီးပါပါစတာဒိုပူးလေ့စ်ရဲ့စာချုပ်အားဖျက်သိမ်းလိုက်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာလာပါတယ်။

ဆိုကရေးတီးရဲ့စာချုပ်ကယခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပါတယ်။ဒါပေမယ့်အသက်၃၂နှစ်ရှိဆိုကရေးတီးဟာအာဆင်နယ်နှင့်ခြောက်လကျန်စာချုပ်အားဖျက်သိမ်းလိုက်နိုင်မှုနဲ့အတူကလပ်သစ်တစ်ခုအားလွတ်လပ်စွာရွေး ချယ်နိုင်ပြီဖြစ်ပါတယ်။

ဂရိလက်ရွေးစင်နောက်ခံလူဟာအာဆင်နယ်တွင်နှစ်နှစ်ကျော်ကြာကစားလာခဲ့သူဖြစ်ပေမယ့်အာတီတာလက်အောက်တွင်နေရာပျောက်ဆုံးနေကာပရီးမီးယားလိဂ်နှင့်ယူရိုပါလိဂ်လူစာရင်းတို့တွင်ချန်လှပ်ထားခြင်းခံရကာယခုရာသီတွင်တစ်စက္ကန့်မျှပင်ကစားခွင့်မရထားသူလည်းဖြစ်ပါတယ်။

သူ့ရဲ့အာဆင်နယ်အတွက်နောက်ဆုံးကစားတဲ့ပွဲမှာဩဂုတ်လတုန်းကချဲလ်ဆီးကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားဗိုလ်လုပွဲတွင်ပွဲပြီးခါနီးတွင်အရန်အဖြစ်ဝင်ရောက်ကစားခြင်းဖြစ်ပါတယ်။

ဆိုကရေးတီးဟာ၂၀၁၈ခုနှစ်နွေရာသီတွင်ဒေါ့မွန်မှပေါင်၁၄သန်းဖြင့်ရောက်လာပြီးနောက်အာဆင်နယ်အတွက်၆၉ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့်သူ့ကိုဘက်တစ်ကခေါ်ယူနိုင်ရန်ကြိုးပမ်းနေပါတယ်။

ZawGyi

ယခုရာသီတြင္တစ္ပြဲမွ်မကစားရေသးတဲ့ဆိုကေရးတီးရဲ႕စာခ်ဳပ္ကို အာဆင္နယ္ဖ်က္သိမ္း

အာဆင္နယ္ကေနာက္ခံလူကိုကေရးတီးပါပါစတာဒိုပူးေလ့စ္ရဲ႕စာခ်ဳပ္အားဖ်က္သိမ္းလိုက္ေၾကာင္းတရားဝင္ထုတ္ျပန္ေၾကညာလာပါတယ္။

ဆိုကေရးတီးရဲ႕စာခ်ဳပ္ကယခုရာသီအကုန္မွာကုန္ဆုံးမွာျဖစ္ပါတယ္။ဒါေပမယ့္အသက္၃၂ႏွစ္ရွိဆိုကေရးတီးဟာအာဆင္နယ္ႏွင့္ေျခာက္လက်န္စာခ်ဳပ္အားဖ်က္သိမ္းလိုက္ႏိုင္မႈနဲ႔အတူကလပ္သစ္တစ္ခုအားလြတ္လပ္စြာေ႐ြး ခ်ယ္ႏိုင္ၿပီျဖစ္ပါတယ္။

ဂရိလက္ေ႐ြးစင္ေနာက္ခံလူဟာအာဆင္နယ္တြင္ႏွစ္ႏွစ္ေက်ာ္ၾကာကစားလာခဲ့သူျဖစ္ေပမယ့္အာတီတာလက္ေအာက္တြင္ေနရာေပ်ာက္ဆုံးေနကာပရီးမီးယားလိဂ္ႏွင့္ယူ႐ိုပါလိဂ္လူစာရင္းတို႔တြင္ခ်န္လွပ္ထားျခင္းခံရကာယခုရာသီတြင္တစ္စကၠန႔္မွ်ပင္ကစားခြင့္မရထားသူလည္းျဖစ္ပါတယ္။

သူ႔ရဲ႕အာဆင္နယ္အတြက္ေနာက္ဆုံးကစားတဲ့ပြဲမွာဩဂုတ္လတုန္းကခ်ဲလ္ဆီးကိုအႏိုင္ရရွိတဲ့အက္ဖ္ေအဖလားဗိုလ္လုပြဲတြင္ပြဲၿပီးခါနီးတြင္အရန္အျဖစ္ဝင္ေရာက္ကစားျခင္းျဖစ္ပါတယ္။

ဆိုကေရးတီးဟာ၂၀၁၈ခုႏွစ္ေႏြရာသီတြင္ေဒါ့မြန္မွေပါင္၁၄သန္းျဖင့္ေရာက္လာၿပီးေနာက္အာဆင္နယ္အတြက္၆၉ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မယ့္သူ႔ကိုဘက္တစ္ကေခၚယူႏိုင္ရန္ႀကိဳးပမ္းေနပါတယ္။