ယခုရာသီတွင် ကျောနံပါတ် ၂ ခုဖြင့် ခရစ္စတီယာနိုရော်နယ်ဒို ကစားလာမလား?

ဘောလုံးသမိုင်းမှာကျောနံပါတ်၇ကိုအစဉ်တစိုက်ဝတ်ဆင်ပြီးအောင်မြင်မှုမြောက်မြားစွာရယူနိုင်တဲ့ကစားသမားအရေအတွက်ကလက်တစ်ဆုပ်စာဘဲရှိပါလိမ့်မယ်။ယင်းအထဲမှာခရစ္စတီယာနိုရော်နယ်ဒိုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါပေမယ့်လည်းအိုးထရက်ဖို့ဒ်တစ်ကျော့ပြန်ခရစ္စတီယာနိုရော်နယ်ဒိုဟာယခင်တုန်းကသူဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၇ကိုပြန်လည်ဝတ်ဆင်နိုင်ချင်မှဝတ်ဆင်နိုင်မယ့်အခြေအနေမျိုးမှာရှိနေပါတယ်။လက်ရှိအချိန်မှာမန်ယူရဲ့ကျောနံပါတ်၇ ပိုင်ရှင်ကအက်ဒီဆင်ကာဗာနီဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာမနေ့ညတုန်းကဝုဗ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလူစားဝင်ရောက်ကစားမှုပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူတကျော့ပြန်ခရီးမှာကျောနံပါတ်၇ဝတ်ဆင်နိုင်တော့မှာမဟုတ်ပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်မန်ယူသို့ရောက်လာချိန်မှာအခြားကျောနံပါတ်တစ်ခုကိုရွေးချယ်ဝတ်ဆင်ပြီးပရီးမီးယားလိဂ်မှာကစားရတော့မှာဖြစ်ပါတယ်။

တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်မှာတော့ကျောနံပါတ်၇ကိုရွေးချယ်ဝတ်ဆင်နိုင်ခွင့်ရှိပါသေးတယ်။မန်ယူဟာချန်ပီယံလိဂ်အတွက်ကစားသမားနှင့်ကျောနံပါတ်ကိုတင်ပြရခြင်းမရှိသေးပါဘူး။

ယင်းသို့အနေအထားများကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်မှာကျောနံပါတ်၇ကိုဝတ်ဆင်ပြီးပြည်တွင်းပွဲတွေမှာအခြားကျောနံပါတ်တစ်ခုကိုဝတ်ဆင်ကစားလာဖို့ရှိနေပါတယ်။

တကယ်တော့ပြည်တွင်းပွဲနဲ့ဥရောပပွဲတွေမှာကျောနံပါတ်တစ်ခုစီနဲ့ကစားတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။မန်ယူကစားသမားဟောင်းဟင်းနရစ်ခီတာယန်ဟာအာဆင်နယ်မှာကစားတုန်းကကျောနံပါတ်၇ နှင့် ကျောနံပါတ် ၇၇ တို့ကိုဝတ်ဆင်ကစားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူကစားဖော်ဟောင်းဝက်စ်ဘရောင်းဟာလည်း၁၉၉၈-၉၉ရာသီတုန်းကကျောနံပါတ်၃၀နှင့်ကျောနံပါတ်၂၄တို့ကိုဝတ်ဆင်ကစားခဲ့ဖူးပါတယ်။

လက်ရှိအချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့ကာဗာနီမန်ယူမှထွက်ခွာမှသာလျှင်ကျောနံပါတ်၇ကိုပရီးမီးယားလိဂ်မှာဝတ်ဆင်နိုင်မယ့်အခြေအနေမျိုးမှာရှိပါတယ်။

ကာဗာနီရဲ့အေးဂျင့်ဖြစ်တဲ့အစ်ကိုဖြစ်သူကတော့မန်ယူမှထွက်ခွာမှာမဟုတ်ကြောင်းအတည်ပြုထားပါတယ်။

ယင်းကဲ့သို့အနေအထားကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကျောနံပါတ်၇ကိုဝတ်ဆင်ချင်တယ်ဆိုရင်တော့ချန်ပီယံလိဂ်မှာဝတ်ဆင်ပြီးပရီးမီးယားလိဂ်မှာအခြားကျောနံပါတ်တစ်ခုဖြင့်ကစားရမှာဖြစ်ပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့လာမယ့်ဇန်နဝါရီလမှာကာဗာနီထွက်ခွာရင်ကျောနံပါတ်၇ကိုဝတ်ဆင်နိုင်ပါမယ်။

ZawGyi