ယခုရာသီတွင် စီးရီးအေတွင် အင်တာအတွက် ကစားနိုင်တော့မှာမဟုတ်တော့တဲ့ အဲရစ်ဆင်

ခရစ္စတီယန်အဲရစ်ဆင်ဟာစီးရီးအေရဲ့လိုအပ်ချက်နှင့်ကိုက်ညီမှုမရှိမှုနဲ့အတူယခုရာသီတွင်အင်တာမီလန်အတွက်ကစားနိုင်တော့မှာမဟုတ်တော့ပါဘူး။ ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာဇွန်လတုန်းကဖင်လန်နှင့်ဒိန်းမတ်တို့ရဲ့ယူရို၂၀၂၀ပွဲစဉ်တွင်နှလုံးရပ်ကာကွင်းအတွင်းလဲကျခဲ့ပြီးနောက်နှလုံးခုန်စက်တပ်ဆင်ထားရသူဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အေဂျက်စ်နောက်ခံလူဒါလေးဘလိုင်းမှာလည်းနှလုံးခုန်စက်တပ်ကာကစားနေရရာခရစ္စတီယန်အဲရစ်ဆင်မှာဘောလုံးပြန်ကစားနိုင်မယ်လို့ယူဆခဲ့ကြရပါတယ်။

တစ်ဖက်တွင်ခရစ္စတီယန်အဲရစ်ဆင်ဟာအင်တာမီလန်နှင့်ဒိန်းမတ်ဆေးအဖွဲ့တို့ရဲ့လမ်းညွှန်ချက်ဖြင့်အညီလိုက်နာလုပ်ဆောင်နေရာကြံ့ခိုင်မှုပိုင်းနှင့်စိတ်ဓာတ်ပိုင်းတို့မှာအကောင်းဆုံးပုံစံသို့ရောက်နေပြီဖြစ်ပါတယ်။

ဒါပေမယ့်အီတလီဘောလုံးလောကရဲ့ပရော်ဖက်ရှင်နယ်အဆင့်တွင်နှလုံးခုန်စက်တပ်ဆင်ကစားတဲ့ကစားသမားများအားဘောလုံးကစားခွင့်မပေးရာ အဲရစ်ဆင်အနေဖြင့်ယခုရာသီတွင်အင်တာမီလန်အတွက်ကစားနိုင်တော့မှာမဟုတ်တော့ပါဘူး။

အဲရစ်ဆင်အနေဖြင့်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်နှလုံးခုန်စက်တပ်ဆင်ထားတဲ့သူကိုလည်းဘောလုံးကစားခွင့်ပေးတဲ့လိဂ်တစ်ခုသို့ပြောင်းကာဘောလုံးကစားသွားဖို့ရှိပါတယ်။

အဲရစ်ဆင်ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတွင်စပါးစ်မှရောက်လာပြီးနောက်အစောပိုင်းတွင်စီးရီးအေနှင့်အံဝင်ရန်ရုန်းကန်ရပေမယ့်ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့ပါတယ်။

သူဟာစပါးစ်တွင်ခုနှစ်နှစ်ကြာကစားခဲ့စဉ်အတွင်း၃၀၅ပွဲကစားကာ၆၉ဂိုးသွင်းယူပြီးဖန်တီးမှု၉၀ကြိမ်ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ယခုရာသီတြင္ စီးရီးေအတြင္ အင္တာအတြက္ ကစားႏိုင္ေတာ့မွာမဟုတ္ေတာ့တဲ့ အဲရစ္ဆင္

ခရစၥတီယန္အဲရစ္ဆင္ဟာစီးရီးေအရဲ႕လိုအပ္ခ်က္ႏွင့္ကိုက္ညီမႈမရွိမႈနဲ႔အတူယခုရာသီတြင္အင္တာမီလန္အတြက္ကစားႏိုင္ေတာ့မွာမဟုတ္ေတာ့ပါဘူး။ ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားဟာဇြန္လတုန္းကဖင္လန္ႏွင့္ဒိန္းမတ္တို႔ရဲ႕ယူ႐ို၂၀၂၀ပြဲစဥ္တြင္ႏွလုံးရပ္ကာကြင္းအတြင္းလဲက်ခဲ့ၿပီးေနာက္ႏွလုံးခုန္စက္တပ္ဆင္ထားရသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ေအဂ်က္စ္ေနာက္ခံလူဒါေလးဘလိုင္းမွာလည္းႏွလုံးခုန္စက္တပ္ကာကစားေနရရာခရစၥတီယန္အဲရစ္ဆင္မွာေဘာလုံးျပန္ကစားႏိုင္မယ္လို႔ယူဆခဲ့ၾကရပါတယ္။

တစ္ဖက္တြင္ခရစၥတီယန္အဲရစ္ဆင္ဟာအင္တာမီလန္ႏွင့္ဒိန္းမတ္ေဆးအဖြဲ႕တို႔ရဲ႕လမ္းၫႊန္ခ်က္ျဖင့္အညီလိုက္နာလုပ္ေဆာင္ေနရာႀကံ့ခိုင္မႈပိုင္းႏွင့္စိတ္ဓာတ္ပိုင္းတို႔မွာအေကာင္းဆုံးပုံစံသို႔ေရာက္ေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္အီတလီေဘာလုံးေလာကရဲ႕ပေရာ္ဖက္ရွင္နယ္အဆင့္တြင္ႏွလုံးခုန္စက္တပ္ဆင္ကစားတဲ့ကစားသမားမ်ားအားေဘာလုံးကစားခြင့္မေပးရာ အဲရစ္ဆင္အေနျဖင့္ယခုရာသီတြင္အင္တာမီလန္အတြက္ကစားႏိုင္ေတာ့မွာမဟုတ္ေတာ့ပါဘူး။

အဲရစ္ဆင္အေနျဖင့္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ႏွလုံးခုန္စက္တပ္ဆင္ထားတဲ့သူကိုလည္းေဘာလုံးကစားခြင့္ေပးတဲ့လိဂ္တစ္ခုသို႔ေျပာင္းကာေဘာလုံးကစားသြားဖို႔ရွိပါတယ္။

အဲရစ္ဆင္ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတြင္စပါးစ္မွေရာက္လာၿပီးေနာက္အေစာပိုင္းတြင္စီးရီးေအႏွင့္အံဝင္ရန္႐ုန္းကန္ရေပမယ့္ၿပီးခဲ့တဲ့ရာသီတုန္းက စီးရီးေအဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့ပါတယ္။

သူဟာစပါးစ္တြင္ခုႏွစ္ႏွစ္ၾကာကစားခဲ့စဥ္အတြင္း၃၀၅ပြဲကစားကာ၆၉ဂိုးသြင္းယူၿပီးဖန္တီးမႈ၉၀ႀကိမ္ျပဳလုပ္ခဲ့သူျဖစ္ပါတယ္။