ယခုရာသီတွင် ဆုဖလားတစ်လုံး မဆွတ်ခူးနိုင်ပါက ဆိုးလ်ရှားထုတ်ပယ်ခံရလိမ့်မယ်လို့ ရှရင်ဂမ်ပြောကြားလာ

တက်ဒီရှရင်ဂမ်ကအိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်ယခုရာသီတွင်ဆုဖလားတစ်လုံးမဆွတ်ခူးနိုင်ပါကမန်ယူနည်းပြရာထူးမှထုတ်ပယ်ခံရလိမ့်မှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကခရစ္စတီယာနိုရော်နယ်ဒို၊ဂျာဒွန်ဆန်ချို၊ရာဖေးလ်ဗာရိန်းတို့ကိုပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀ကျော်အသုံးပြုကာခေါ်ယူအားဖြည့်ခွင့်ရရှိခဲ့ပြီး ဆုဖလားရရှိရေးဖိအားများကျရောက်နေပါတယ်။

မန်ယူဟာဝက်စ်ဟမ်းကိုအိုးထရက်ဖို့ဒ်ကွင်းတွင်ရှုံးနိမ့်ကာခါရာဘောင်ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်ယခုရာသီဆုဖလားမျှော်လင့်ချက်အဖြစ်ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နှင့်အက်ဖ်အေဖလားတို့သာရှိပါတော့တယ်။

မန်ယူဟာစနေနေ့တုန်းကဗီလာကိုအိမ်ကွင်းတွင်၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နောက်ဆုံးလေးပွဲတွင်သုံးပွဲရှုံးနိမ့်ထားပါတယ်။

ဒါကြောင့်လည်းတက်ဒီရှရင်ဂမ်ဟာကစားဖော်ဟောင်းဆိုးလ်ရှားအနေဖြင့်၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားရရှိအောင်စွမ်းဆောင်နိုင်ခြင်းမရှိလျှင်ရာထူးမှထုတ်ပယ်ခံရမှာစိုးရိမ်နေပါတယ်။

ရှရင်ဂမ်က “ဒီရာသီမှာဆုဖလားတစ်ခုခုရယူဖို့ဖိအားတွေရှိတာသံသယဖြစ်စရာမရှိပါဘူး။တစ်ခုခုမရဘူးဆိုရင်တော့နံရံမှာစာရေးသလိုဖြစ်လာမယ်ဆိုတာသူသိထားပြီးသားပါ။ဗာရိန်း၊ဆန်ချိုတို့လိုထိပ်တန်းကစားသမားတွေကိုခေါ်ယူပေးထားတယ်။လုံလောက်နေတာတောင်ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ပေးထားသေးတယ်။အခုမန်ယူဟာရလဒ်တွေလိုနေပါတယ်။အိုလီကငယ်ရွယ်တဲ့နည်းပြတစ်ဦးအဖြစ်ရှိနေဆဲပါ။အလုပ်လုပ်နေရင်းအတွေ့အကြုံယူနေဆဲနည်းပြပါ။မန်ယူကဘယ်လိုအဆင့်လဲဆိုတာသူသိထားပြီးသားပါ။ဒီတော့ဒီအလုပ်ကစွန့်ပစ်ဖို့ခက်ခဲတဲ့အလုပ်ပါ။သူ့လုပ်ရည်ကိုင်ရည်တိုးတက်လာတာတယ်ဆိုပေမယ့်နောက်တစ်ဆင့်သို့တက်လှမ်းရပါတော့မယ်။သူကမန်ယူဂန္ထဝင်ဆိုတော့လူတိုင်းကသူ့ကိုကောင်းကောင်းဖြစ်စေချင်တယ်။တစ်ဖက်မှာဒါကဘဲသူ့ကိုလူတိုင်းရဲ့အာရုံစိုက်မှုဖြစ်စေတယ်။သေချာတာကတော့တစ်ခုခုအောင်မြင်မှုရဖို့လိုတယ်။ဒုံးပျံသိပ္ပံတော့မဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

တက်ဒီရှရင်ဂမ်ဟာမန်ယူတွင်ဆိုးလ်ရှားနှင့်အတူတွဲကစားခဲ့သူဖြစ်ပြီး၁၉၉၉ခုနှစ်တုန်းကချန်ပီယံလိဂ်ဖလားအပါအဝင်ဆုဖလားသုံးလုံးတစ်နှစ်တည်းရရှိအောင်ဆိုးလ်ရှားနှင့်အတူအဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

 

ZawGyi

ယခုရာသီတြင္ ဆုဖလားတစ္လုံး မဆြတ္ခူးႏိုင္ပါက ဆိုးလ္ရွားထုတ္ပယ္ခံရလိမ့္မယ္လို႔ ရွရင္ဂမ္ေျပာၾကားလာ

တက္ဒီရွရင္ဂမ္ကအိုလီဂန္းနားဆိုးလ္ရွားအေနျဖင့္ယခုရာသီတြင္ဆုဖလားတစ္လုံးမဆြတ္ခူးႏိုင္ပါကမန္ယူနည္းျပရာထူးမွထုတ္ပယ္ခံရလိမ့္မွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဆိုးလ္ရွားဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒို၊ဂ်ာဒြန္ဆန္ခ်ိဳ၊ရာေဖးလ္ဗာရိန္းတို႔ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၃၀ေက်ာ္အသုံးျပဳကာေခၚယူအားျဖည့္ခြင့္ရရွိခဲ့ၿပီး ဆုဖလားရရွိေရးဖိအားမ်ားက်ေရာက္ေနပါတယ္။

မန္ယူဟာဝက္စ္ဟမ္းကိုအိုးထရက္ဖို႔ဒ္ကြင္းတြင္ရႈံးနိမ့္ကာခါရာေဘာင္ဖလားၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္ယခုရာသီဆုဖလားေမွ်ာ္လင့္ခ်က္အျဖစ္ပရီးမီးယားလိဂ္၊ခ်န္ပီယံလိဂ္ႏွင့္အက္ဖ္ေအဖလားတို႔သာရွိပါေတာ့တယ္။

မန္ယူဟာစေနေန႔တုန္းကဗီလာကိုအိမ္ကြင္းတြင္၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ေနာက္ဆုံးေလးပြဲတြင္သုံးပြဲရႈံးနိမ့္ထားပါတယ္။

ဒါေၾကာင့္လည္းတက္ဒီရွရင္ဂမ္ဟာကစားေဖာ္ေဟာင္းဆိုးလ္ရွားအေနျဖင့္၂၀၁၇ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားရရွိေအာင္စြမ္းေဆာင္ႏိုင္ျခင္းမရွိလွ်င္ရာထူးမွထုတ္ပယ္ခံရမွာစိုးရိမ္ေနပါတယ္။

ရွရင္ဂမ္က “ဒီရာသီမွာဆုဖလားတစ္ခုခုရယူဖို႔ဖိအားေတြရွိတာသံသယျဖစ္စရာမရွိပါဘူး။တစ္ခုခုမရဘူးဆိုရင္ေတာ့နံရံမွာစာေရးသလိုျဖစ္လာမယ္ဆိုတာသူသိထားၿပီးသားပါ။ဗာရိန္း၊ဆန္ခ်ိဳတို႔လိုထိပ္တန္းကစားသမားေတြကိုေခၚယူေပးထားတယ္။လုံေလာက္ေနတာေတာင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚေပးထားေသးတယ္။အခုမန္ယူဟာရလဒ္ေတြလိုေနပါတယ္။အိုလီကငယ္႐ြယ္တဲ့နည္းျပတစ္ဦးအျဖစ္ရွိေနဆဲပါ။အလုပ္လုပ္ေနရင္းအေတြ႕အႀကဳံယူေနဆဲနည္းျပပါ။မန္ယူကဘယ္လိုအဆင့္လဲဆိုတာသူသိထားၿပီးသားပါ။ဒီေတာ့ဒီအလုပ္ကစြန႔္ပစ္ဖို႔ခက္ခဲတဲ့အလုပ္ပါ။သူ႔လုပ္ရည္ကိုင္ရည္တိုးတက္လာတာတယ္ဆိုေပမယ့္ေနာက္တစ္ဆင့္သို႔တက္လွမ္းရပါေတာ့မယ္။သူကမန္ယူဂႏၴဝင္ဆိုေတာ့လူတိုင္းကသူ႔ကိုေကာင္းေကာင္းျဖစ္ေစခ်င္တယ္။တစ္ဖက္မွာဒါကဘဲသူ႔ကိုလူတိုင္းရဲ႕အာ႐ုံစိုက္မႈျဖစ္ေစတယ္။ေသခ်ာတာကေတာ့တစ္ခုခုေအာင္ျမင္မႈရဖို႔လိုတယ္။ဒုံးပ်ံသိပၸံေတာ့မဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

တက္ဒီရွရင္ဂမ္ဟာမန္ယူတြင္ဆိုးလ္ရွားႏွင့္အတူတြဲကစားခဲ့သူျဖစ္ၿပီး၁၉၉၉ခုႏွစ္တုန္းကခ်န္ပီယံလိဂ္ဖလားအပါအဝင္ဆုဖလားသုံးလုံးတစ္ႏွစ္တည္းရရွိေအာင္ဆိုးလ္ရွားႏွ၍့္အတူအဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။