
ချဲလ်ဆီးဟာတစ်ပတ်ပေါင်၁၆၀၀၀၀ပေးနေရပြီးခြေစွမ်းမပြနိုင်တဲ့ပီယာရီအီမီရစ်ခ်အူဘာမီယန်ကိုLAFCသို့အငှားချရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ချဲလ်ဆီးအနေဖြင့်ကစားသမားဘက်ကLAFCသို့ပြောင်းရန်သဘောတူ/မတူစောင့်ဆိုင်းရပါဦးမယ်။တကယ်လို့များကစားသမားဘက်ကသဘောတူညီလာပါကအပြောင်းအရွှေ့မှာမကြာမီကာလအတွင်းဖြစ်လာတော့မှာဖြစ်ပါတယ်။
အသက်၃၃နှစ်ရှိအူဘာမီယန်ဟာဘာစီလိုနာတွင်ကာလတိုကစားပြီးနောက် နွေရာသီတုန်းကဆရာဟောင်းတူချယ်ရှိရာချဲလ်ဆီးသို့ရောက်လာသူဖြစ်ပါတယ်။
ဒါပေမဲ့အူဘာမီယန်ရောက်ပြီးတစ်ပွဲအကြာတွင်တူချယ်မှာထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အူဘာမီယန်ဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်၁၇ပွဲကစားထားရာတွင်၃ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။
သူဟာခြေစွမ်းပြနိုင်ခြင်းမရှိမှုနဲ့အတူချဲလ်ဆီးရဲ့ချန်ပီယံလိဂ်လူစာရင်းမှဖယ်ရှားခြင်းခံခဲ့ရပါတယ်။
သူဟာယခုရာသီတွင်ဘာစီလိုနာနှင့်ချဲလ်ဆီးတို့အတွက်ကစားထားမှုနဲ့အတူ အခြားဥရောပကလပ်အတွက်ကစားနိုင်ခြင်းမရှိတော့ပါဘူး။ဒါပေမဲ့မေဂျာလိဂ်ပြိုင်ပွဲမှာပြီးဆုံးကာရာသီသစ်စတင်တော့မည်ဖြစ်ရာအူဘာမီယန်အနေဖြင့်ကစားနိုင်ပါမယ်။
ZawGyi
ယခုရာသီတြင္ တတိယေျမာက္ကလပ္သို႔ ေျပာင္းကစားရန္ သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္တဲ့ အူဘာမီယန္
ခ်ဲလ္ဆီးဟာတစ္ပတ္ေပါင္၁၆၀၀၀၀ေပးေနရၿပီးေျခစြမ္းမျပႏိုင္တဲ့ပီယာရီအီမီရစ္ခ္အူဘာမီယန္ကိုLAFCသို႔အငွားခ်ရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။
ဒါေပမဲ့ခ်ဲလ္ဆီးအေနျဖင့္ကစားသမားဘက္ကLAFCသို႔ေျပာင္းရန္သေဘာတူ/မတူေစာင့္ဆိုင္းရပါဦးမယ္။တကယ္လို႔မ်ားကစားသမားဘက္ကသေဘာတူညီလာပါကအေျပာင္းအေ႐ႊ႕မွာမၾကာမီကာလအတြင္းျဖစ္လာေတာ့မွာျဖစ္ပါတယ္။
အသက္၃၃ႏွစ္ရွိအူဘာမီယန္ဟာဘာစီလိုနာတြင္ကာလတိုကစားၿပီးေနာက္ ေႏြရာသီတုန္းကဆရာေဟာင္းတူခ်ယ္ရွိရာခ်ဲလ္ဆီးသို႔ေရာက္လာသူျဖစ္ပါတယ္။
ဒါေပမဲ့အူဘာမီယန္ေရာက္ၿပီးတစ္ပြဲအၾကာတြင္တူခ်ယ္မွာထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
အူဘာမီယန္ဟာခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္၁၇ပြဲကစားထားရာတြင္၃ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။
သူဟာေျခစြမ္းျပႏိုင္ျခင္းမရွိမႈနဲ႔အတူခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္လူစာရင္းမွဖယ္ရွားျခင္းခံခဲ့ရပါတယ္။
သူဟာယခုရာသီတြင္ဘာစီလိုနာႏွင့္ခ်ဲလ္ဆီးတို႔အတြက္ကစားထားမႈနဲ႔အတူ အျခားဥေရာပကလပ္အတြက္ကစားႏိုင္ျခင္းမရွိေတာ့ပါဘူး။ဒါေပမဲ့ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာၿပီးဆုံးကာရာသီသစ္စတင္ေတာ့မည္ျဖစ္ရာအူဘာမီယန္အေနျဖင့္ကစားႏိုင္ပါမယ္။