ယခုရာသီတွင် တတိယမြောက် ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိပြီးနောက် စိတ်ဖတ်နိုင်စွမ်းရှိသူအဖြစ် ကီပါ ချီးကျူးခံနေရ

ကီပါအာရီဇာဘာလာဂါဟာပင်နယ်တီသူရဲကောင်းထပ်မံဖြစ်လာမှုနဲ့အတူ စိတ်ဖတ်နိုင်စွမ်းရှိသူတစ်ဦးအဖြစ်ချီးကျူးခြင်းခံနေရပါတယ်။

စပိန်ဂိုးသမားဟာမနေ့ညတုန်းကဆောက်သမ်တန်နှင့်ရင်ဆိုင်ကစားတဲ့ခါရာဘောင်ဖလားပဥ္စမအဆင့်ပွဲစဉ်ရဲ့ပင်နယ်တီအဆုံးအဖြတ်မှာသီယိုဝဲလ်ကော့ရဲ့ပင်နယ်တီကိုကာကွယ်ပြီးနောက်တစ်ဆင့်သို့တက်နိုင်အောင်ကူညီခဲ့ပါတယ်။

အသက်၂၇နှစ်ရှိကီပါဟာဥရောပစူပါဖလားပွဲမှာလည်းကောင်း၊ဗီလာနှင့်ခါရာဘောင်ဖလားစတုတ္ထအဆင့်မှာလည်းကောင်း ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိအောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဆောက်သမ်တန်နှင့်ပွဲတွင်လည်းပင်နယ်တီနှစ်ကြိမ်ကာကွယ်ခဲ့မှုနဲ့အတူယခုရာသီမှာပင်နယ်တီအဆုံးအဖြတ်သုံးကြိမ်အနိုင်ရရှိအောင်ကူညီထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံလူဘင်ချဲလ်ဝဲလ်ကကီပါမှာစိတ်ကိုမြင်နိုင်စွမ်းရှိသူလို့ထင်မြင်ကြောင်းချီးကျူးသွားပါတယ်။

ZawGyi

ယခုရာသီတြင္ တတိယေျမာက္ ပင္နယ္တီအဆုံးအျဖတ္တြင္ အႏိုင္ရရွိၿပီးေနာက္ စိတ္ဖတ္ႏိုင္စြမ္းရွိသူအျဖစ္ ကီပါ ခ်ီးက်ဴးခံေနရ

ကီပါအာရီဇာဘာလာဂါဟာပင္နယ္တီသူရဲေကာင္းထပ္မံျဖစ္လာမႈနဲ႔အတူ စိတ္ဖတ္ႏိုင္စြမ္းရွိသူတစ္ဦးအျဖစ္ခ်ီးက်ဴးျခင္းခံေနရပါတယ္။

စပိန္ဂိုးသမားဟာမေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ရင္ဆိုင္ကစားတဲ့ခါရာေဘာင္ဖလားပၪၥမအဆင့္ပြဲစဥ္ရဲ႕ပင္နယ္တီအဆုံးအျဖတ္မွာသီယိုဝဲလ္ေကာ့ရဲ႕ပင္နယ္တီကိုကာကြယ္ၿပီးေနာက္တစ္ဆင့္သို႔တက္ႏိုင္ေအာင္ကူညီခဲ့ပါတယ္။

အသက္၂၇ႏွစ္ရွိကီပါဟာဥေရာပစူပါဖလားပြဲမွာလည္းေကာင္း၊ဗီလာႏွင့္ခါရာေဘာင္ဖလားစတုတၳအဆင့္မွာလည္းေကာင္း ပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေဆာက္သမ္တန္ႏွင့္ပြဲတြင္လည္းပင္နယ္တီႏွစ္ႀကိမ္ကာကြယ္ခဲ့မႈနဲ႔အတူယခုရာသီမွာပင္နယ္တီအဆုံးအျဖတ္သုံးႀကိမ္အႏိုင္ရရွိေအာင္ကူညီထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္ကကီပါမွာစိတ္ကိုျမင္ႏိုင္စြမ္းရွိသူလို႔ထင္ျမင္ေၾကာင္းခ်ီးက်ဴးသြားပါတယ္။